(Zawgyi-One below)
ဒွန်
အိပ်မက်ထဲမှာ အနံ့တစ်ခုရတယ်
ဒွန်။
မြစ်တွေမှာ အနံ့ရှိသတဲ့
မြစ်တွေမှာ အနံ့ရှိတယ်လို့
မြန်မာကဗျာဆရာတစ်ယောက်က
ပြောတယ်။
မောင်သာချိုပေါ့ဒွန်ရယ်
သူက
သူ့ပထမဆုံး
လုံးချင်းဝတ္ထုထဲမှာ
ကိုယ့်အကြောင်းကို ရေးတယ်လေ။*
ကိုယ့်ရဲ့အနံ့ကို
သူ ရတယ်လေ။
တကယ်က
ကိုယ့်ရဲ့အနံ့ မဟုတ်ပါဘူး
ကိုယ့်အနံ့ မဟုတ်ရပါဘူး ဒွန်။
ဒီအနံ့ဟာ
ကိုယ့်ဦးခေါင်းပေါ် နားနေတဲ့
သက်တံမှာ
ပျံ့စွဲနေတဲ့
သေခြင်းရဲ့အနံ့ပါ။
ဒွန်ရယ်
မောင်ရင့်မှာ
ချာနိုဘိုင်း(၁၉၈၆)**
အနံ့ရှိသလိုပေါ့။
ကိုယ့်မှာ
နာဂစ်(၂၀၀၈)
အနံ့ရှိလေရဲ့ ဒွန်။
နာဂစ်အနံ့တွေ
ရင်နဲ့မဆံ့
ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့
ဘ၀ အပိုင်းပိုင်း အပြတ်ပြတ်ပါ ဒွန်ရယ်။
ကိုယ်ဟာ
မြန်မာပြည်
မြစ်ဝကျွန်းပေါ်က
ရွေးမြစ်ကလေးပါ။
ရွေး ဆိုပါတော့
ကိုယ်က
သစ်စိုးတို့၊ ကိုရွေးတို့၊ အောင်ဝေးတို့ရဲ့
မြစ်ကလေးပါ။
ဒွန်ရေ
မြစ်တွေမှာ အနံ့ရှိသတဲ့။
မြစ်တွေမှာ အနံ့ရှိရင်
ခေတ်တွေမှာလည်း အနဲ့ရှိမှာပဲလား။
မောင်ရင်တို့ဆီက
ကော့ဆက်မြင်းခွာသံတွေ
လွမ်းပါသေးတယ်။
"တသိမ့်သိမ့်ဒွန်" တဲ့
မောင်ရင့်အကြောင်းရေးတဲ့
မစ်ခေးလ်ရှိုလိုကော့ဗ်။ ***
အဲဒီ ရုရှားကြီးရဲ့
"တောရိုင်းမြေ"
လွမ်းတယ်လေ။
ဒွန်ရဲ့နှလုံးသား
ခေတ်ကမ်းပါးမှာ
ရုရှားရဲ့အလွမ်းဇာတ်တွေ
ဖြတ်သန်းခဲ့မယ်။
ဆိုဗီယက်ခေတ်ရဲ့အနံ့တွေ
စီးဆင်းခဲ့မယ်။
ဒွန်မြစ်ပြင် လှိုင်းခတ်
ခေါင်းဆောင်ကြီး
စတာလင်သတ်လို့ သေတဲ့
အနာဂတ်တွေ။
စတာလင်ဟာ
လီနင် မမြင်လိုက်ရတဲ့
တောမီးပဲ။
ခေါင်းမာတဲ့ကဗျာဆရာတစ်ယောက်ကိုတော့
ဒီ တောမီးက
မသတ်နိုင်ပါဘူး။
ခေါင်းဆောင်ကြီးကို ဝေဖန်မိလို့
လူငယ်ကဗျာဆရာ ယက်ဗ်တူရှင်ကို
ကွန်ဆိုမို ဆိုတဲ့
ကွန်မြူနစ်လူငယ်အဖွဲ့က
ထုတ်ပယ်ခံခဲ့ရဖူးတယ်။
ကော့ဆက်မြင်းခွာသံ
လှိုင်းထန်တဲ့ ဘဝ
ဒွန်ရဲ့ညတွေ။
ကိုယ်တို့ ပဲခူးရိုးမရဲ့
မအောင်မြင်တဲ့
၅၅-လမ်းစဉ်
အဲဒါ ခရူးရှက် လက်ဆောင်ပေါ့။
မော်စကိုနဲ့ ပီကင်း
ဂိုဏ်းချင်းကွဲတော့
ရဲဘော်ချေဂွေဗားရားက
ရုရှားတွေဟာ ဆိုရှယ်နယ်ချဲ့တွေပဲ တဲ့။
ပီကင်းက လက်ကမ်း
၆၄-လမ်းစဉ်
ပဲခူးရိုးမဟာ
ငါးရိုးနင်တယ်။
ယန်စီမြစ်ပြင်
လှိုင်း မဆင်။
မြစ်ဝါမြစ်ကမ်း
လှိုင်း မနမ်း။
အစိမ်း အစိမ်း
ထူပိန်းရိုးမ
သွေးမြေကျခဲ့။
ခံစစ်သေတော့
မြစ်ထဲမှာ
ငါးကလေးတွေ
ရေနစ် သေတယ်။
ပဲခူးရိုးမဟာ
ရ၅-မှာ သေတယ်။
အရှေ့မြောက်ပိုင်းဟာ
၈၉-မှာ သေတယ်။
မလွန်ဆန်နိုင်ခဲ့ပါဘူး
ဒွန်ရေ။
ဒါတွေဟာ ပုံပြင်တွေဆိုရင်လည်း
စစ်တစ်ခါရှုံး အနှစ်သုံးဆယ် ဆိုတဲ့
ပုံပြင်တွေပေါ့။
မြစ်က ရေနစ်သတဲ့
ရာဇဝင်ရိုင်းတဲ့ ပုံပြင်တွေပေါ့။
ရေနစ်ရတဲ့
ကိုယ်တို့ရဲ့
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမြစ်ပါ ဒွန်။
မောင်ရင်တို့ ဗော်လဂါမြစ်ကြီးကလည်း
လှည့်မကြည့်တော့။
မဲခေါင်မှာ ရေဆန်တော့
ဗီယက်နမ်တွေ
ဒီန်ဗင်ဖူးမှာ အောင်ပွဲခံတယ်။
ဆိုင်ဂုံနန်းတော်မှာ
ဗီယက်ကောင်းအလံလွှင့်တော့
ကိုယ် အသည်းနင့်တယ်။
ဗီယက်နမ်စစ်ပွဲမှာ
ဂျိန်းဖွန်ဒါတို့၊ ဘော့ဘ်ဒီလန်တို့နဲ့အတူ
ဝင်တိုက်တဲ့
ကိုယ်တို့ဆီက ကဗျာဆရာတွေ
ကိုယ့်မြေမှာကိုယ် ထောင်နန်းစံကြရ။
အဲဒါ
မ ဆ လ ခေတ်ပေါ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ပေါ့။
မြစ်မှာ အနံ့ရှိသလို
ခေတ်မှာလည်း အနံ့ရှိသပေါ့။
စစ်အာဏာရှင်စနစ်ရဲ့အနံ့
မြစ်ကို တန့်သွားအောင်
ဟန့်တားခဲ့တယ်။
မစ်ခေးလ်ရှိုလိုကော့ဗ် က
ဒွန်ကို ဖွဲ့တယ်။
အမေရိကန်ကြီး မတ်တွိန်း က
မစ္စစ္စပီကို ဖွဲ့တယ်။ ****
အဲသလိုပေါ့
မောင်ထင်က အစ
မောင်ဒေါင်း၊ မောင်သာချို အဆုံး
နွံဝါရောင်နှလုံးသားတွေ
ရွေးကို ဖွဲ့ကြသပေါ့။
ကိုယ်ဟာ
ရွေး ဆိုတဲ့မြစ်ကလေးပါ။
ခေတ်ကို လှိုင်းပေါ်တင်ပြီး
ပင်လယ်ဆီ ခေါင်းထိုးဝင်တဲ့
မြစ်ကလေးပေါ့။
မြန်မာပြည်တောင်ပိုင်း
မြစ်ဝကျွန်းပေါ်တိုင်းက
အရိုင်းခေါ်သံ။
အာဖရိကမှာ
ကွန်ဂိုမြစ်ကြီး
တောင်အမေရိကမှာ
အမေဇုံမြစ်ကြီး
နက်နက်ရှိုင်းရှ်ုင်း စီးသလိုပေါ့။
ကိုယ်လည်း
စီးခဲ့တယ် ဒွန်။
"ခေတ်တွေ ဘယ်လိုပြောင်းပြောင်း
နိုင်းမြစ်ကြီးကတော့ စီးမြဲပင်" တဲ့
ဦးသိန်းဖေမြင့် ပြောခဲ့သလို။
ကိုယ်လည်း
စီးခဲ့တယ် ဒွန်။
မြစ်မှာ အနံံ
ခေတ်မှာ အနံ့
စစ်မှာလည်း အနံ့။
မရပ်တန့်တဲ့
(တည်တံ့နေတဲ့)
ပြည်တွင်းစစ်အနံ့ကြား
အာဏာရှင်တွေ
ငါးရံ့ပြာလူးဖြစ်ခဲ့တဲ့
၈၈။
ဒွန်ရဲ့
ကမ္ဘာပေါ်မှာ
လူထုရဲ့ဒီမိုကရေစီတော်လှန်ရေးဆိုတာ
မြန်မာပြည်က စတာပါဆိုရင်။
၈၉ ကျမှ
ဒွန်ရဲ့နှလုံးသား
ဆိုဗီယက်ယူနီယံကမ်းပါးပြိုကျ။
၈၉-မှာမှ
ဘာလင်တံတိုင်း ဖြိုလှဲခံရ။
၈၉-ရောက်မှ
တိန်အန်မင်ရင်ပြင် တင့်ကားအနင်းခံရ။
ရဲဘော်ဒွန်
တကယ်တော့ ကိုယ်တို့ဟာ
ကိုယ်တို့ခေတ်မှာ
ကမ္ဘာကျော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို
ရလိုက်တာပါပဲ။
ခေါင်းဆောင်ရဲ့နောက်ကို
ယုံကြည်လျဉ်လျဉ်
တသွင်သွင် စီးဆင်း လိုက်ခဲ့ကြတာပါပဲ။
အမေရိကန်စာပေသမိုင်းမှာ
၁၉၂၀ပြည့် တစ်ဝိုက်
ဟာလမ်ရီနေဆန်း ဆိုပြီး
လူမည်းစာပေတစ်ခေတ်ရှိခဲ့တယ်။*****
"ငါ့ဝိညာဉ်
နက်နက်ရှ်ုင်းရှ်ုင်းကြီးပြင်းခဲ့
မြစ်တွေ နက်နက်ရှိုင်းရှိုင်း စီးဆင်းသလိုပေါ့" တဲ့။
လူမည်းကဗျာဆရာ
လင်စတန်ဟျူးချ် ကဗျာဖွဲသလို။ ******
ဧရာဝတီပေါ့
သံလွင်ပေါ့
ချင်းတွင်းပေါ့
စစ်တောင်းပေါ့။
ရွှေလီပေါ့
ဒုဋ္ဌဝတီပေါ့
ပေါင်းလောင်းပေါ့။
ငဝံပေါ့
သက်ကယ်သောင်ပေါ့
ရွေးပေါ့
ပြာမလော့ပေါ့။
ရာဇူဒိုင်ပေါ့
တိုးပေါ့
လှိုင်ပေါ့။
ခေတ်ပြိုင်ထဲမှာ
နက်နက်ရှိုင်းရှိုင်း။
ကိုယ်တို့ရဲ့
ဒီမိုကရေစီတော်လှန်ရေးသမိုင်းဟာ
နက်နက်ရှိုင်းရှိုင်း။
အကျဉ်းထောင်ထဲမှာ
ကတ္တရာလမ်းပေါ်မှာ
ရေကြည်အိုင်မှာ
ရေဝေးမှာ
နက်နက်ရှိုင်းရှိုင်း။
မြစ်ယံ လှိုင်းခွပ်
ခေတ်ကို ဒေါင်းခွပ်
နက်နက်ရှိုင်းရှိုင်း။
ကိုယ့်နောင်တော်တွေ လက်ထက်မှာ
သားလျှောခဲ့တဲ့ တော်လှန်ရေး။
ကိုယ့်ညီငယ်တွေလက်ထဲ
အောင်အောင်မြင်မြင်မွေးဖွား
နှင်းဆီပန်းများ ပွင့်ခဲ့တယ်။
ကျေးဇူးတင်တယ်
၈၈-ဗ
ရွှေဝါရောင်-ဗ
ကျေးဇူးတင်တယ်။
မြစ်ကို ရှေ့မဆက်နိုင်အောင်
ချိုးပစ်ရင်
မြစ်ကျိုးအင်းပေါ့။
စစ်အာဏာရှင်စနစ်အောက်
ခေတ်ဟာ ရှေ့မဆက်နိုင်ဘူး
အချိုူးခံရတယ်
ခေတ်ကျိုးအင်းပေါ့။
အခုတော့
အဲဒီ အိပ်မက်ဆိုး
ခေတ်ကျိုးအင်းက လွန်မြောက်။
အရုဏ်မိုးသောက်
အလင်းရောက်ပြီ
ပန်းကောက်ကြဟေ့ ဆိုတော့မှ။
ဒွန်ရေ
အနံ့တစ်ခုရတယ်လို့
ခေတ်က ပြောတယ်။
ကမ္ဘာကြီးတစ်ခုလုံး ပျံ့စွဲ
ဘာနံ့လဲ၊ ဘာနံ့လဲ။
ဒွန်ရယ်
စစ်အနံ့ထဲ
ကိုရိုနာဗိုင်းရပ်စ်တဲ့
ကပ်ဘေး တဲ့
ကိုဗစ်အနံ့က ထပ်စွဲတော့။
ခေတ်က မသန့်ပြီ
မြစ်က တန့်ပြီ။
ဒွန်မြစ်ဝှမ်းမှာလည်း
ကိုဗစ်နံ့က လွှမ်းပြီ။
ပူတင်လည်း
ပူပင်မှာပဲ
ကိုဗစ်က ကြမ်းပြီ။
နာဂစ်နံ့စွဲနေတဲ့
ကိုယ့်ရဲ့နှုတ်ခမ်းသားမှာ
ကိုဗစ်အနမ်းများက ကြမ်းရှလှချည်ရဲ့။
ကိုယ့်အနံ့ကလေးနဲ့ကိုယ်
ကိုယ့်ဒုက္ခကိုယ်ထမ်း
လွမ်းချင်ပါရဲ့။
ကိုယ့်ပင်လယ်ကိုယ်မှန်း
လှမ်းချင်ပါရဲ့။
ကိုဗစ်ကနမ်း
စစ်ကကြမ်းတော့
ငြိမ်းချမ်းရေးအနံ့တွေ ပျောက်ခဲ့။
ဒဂုန်တာရာနွေဦး
အနံ့တွေပျောက်ခဲ့။
အပြာရောင်မိုးသားအောက်မှာ
ပျိုးထားတဲ့ပန်းတောကလေး
အနံ့တွေပျောက်ခဲ့။
အချစ်မြစ်ရဲ့
စစ်ဗုံသံတွေ ဒုန်းစိုင်း
လှိုင်းနှစ်ထပ်ပင်လယ်
လရောင်ငတ်ခဲ့တယ်။
စစ်အာဏာရှင်စနစ်ရဲ့သင်္ချ ိုင်း
ဒွန်ရေ
အစိမ်းရောင်တစ္ဆေတွေ
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲခိုင်းသတဲ့။
နာဂစ်ခြေဥပေါ့
မြင်းကို စိုင်းသီတော့
ခေတ်က မှိုင်းရီ။
ဒွန်ရယ်
တိုင်းပြည်က ရိုင်းတော့
ပိတောက်ပန်းတွေတောင်
မုန်တိုင်းနဲ့မှ ပွင့်တော့တယ်လေ။
နွေဦးပေါက်ရင်တော့
နောက်ထပ် ပန်းတွေ ဝေလာဦးမှာပါ။
နွေဦးသန့်စေ
မြစ်သန့်စေ။
ကိုဗစ်အနံ့တွေ
ရပ်တန့်။
ကိုဗစ်အနံ့တွေ
ထပ်မပျံ့။
ဒွန်လည်း ညင်သာ စီးပါလေ
ရွေးလည်း ညင်သာ စီးရစေ။
ကိုဗစ်စစ်ကြီးပြီးလို့
ပူတင်လည်း
မပူပင်ရတော့ဘူူးဆိုရင်။
ဒွန်ရေ
ပုသျှကင်ကြီးအဖော်ခေါ်ပြီး လာခဲ့ပါ။
နွံဝါရောင်အလွမ်းတွေနဲ့
ရွေးမြစ်ကမ်းက
ဝမ်းပန်းတသာ ကြိုပါရဲ့။
ကျန်းမာအောင်သာနေပါ
ကော့ဆက်မြင်းခွာသံတွေ
လှေထိုးသံ
ဒွန်မြစ်ပိုးက
ရိုးဟေးငြာသံတွေ
ပြန်နားထောင်ချင်ပါသေးတယ်။
မြစ်တွေမှာ
အနံ့ရှိတယ်။
ဒွန်ရေ
ဂျိုးဘိုင်ဒင်ကြီး
ကျမ်းသစ္စာဆိုတဲ့နေ့က
ဒီမိုကရေစီအနံ့ရတယ်။ ။
အောင်၀ေး
(၁- ၂၁- ၂၁)
* မောင်သာချို- တစ္ဆေလှိုင်းများ(၂၀၂၀)
** Chernobyl disaster
*** And Quiet Flows the Don(1928-1940)
Mikhail Alexandrovich Sholokhov(1905-1984)
**** Life on the Mississippi (1883)
Mark Twain (1835-1910)
***** Harlem Renaissance
****** The Negro Speaks of Rivers (1921)
Langston Hughes (1902-1967)
##
အိ ပ္ မ က္ အ နံ့
ဒြန္
အိပ္မက္ထဲမွာ အနံ့တစ္ခုရတယ္
ဒြန္။
ျမစ္ေတြမွာ အနံ့ရွိသတဲ့
ျမစ္ေတြမွာ အနံ့ရွိတယ္လို့
ျမန္မာကဗ်ာဆရာတစ္ေယာက္က
ေျပာတယ္။
ေမာင္သာခ်ိဳေပါ ့ဒြန္ရယ္
သူက
သူ့ပထမဆုံး
လုံးခ်င္း၀တၳုထဲမွာ
ကိုယ့္အေၾကာင္းကို ေရးတယ္ေလ။*
ကိုယ့္ရဲ့အနံ့ကို
သူ ရတယ္ေလ။
တကယ္က
ကိုယ့္ရဲ့အနံ့ မဟုတ္ပါဘူး
ကိုယ့္အနံ့ မဟုတ္ရပါဘူး ဒြန္။
ဒီအနံ့ဟာ
ကိုယ့္ဦးေခါင္းေပၚ နားေနတဲ့
သက္တံမွာ
ပ်ံ့စြဲေနတဲ့
ေသျခင္းရဲ့အနံ့ပါ။
ဒြန္ရယ္
ေမာင္ရင့္မွာ
ခ်ာႏိုဘိုင္း(၁၉၈၆)**
အနံ့ရွိသလိုေပါ ့။
ကိုယ့္မွာ
နာဂစ္(၂၀၀၈)
အနံ့ရွိေလရဲ့ ဒြန္။
နာဂစ္အနံ့ေတြ
ရင္နဲ့မဆံ့
ထိတ္လန့္တုန္လွဳပ္ခဲ့ရတဲ့
ဘ၀ အပိုင္းပိုင္း အျပတ္ျပတ္ပါ ဒြန္ရယ္။
ကိုယ္ဟာ
ျမန္မာျပည္
ျမစ္၀ကၽြန္းေပၚက
ေရြးျမစ္ကေလးပါ။
ေရြး ဆိုပါေတာ့
ကိုယ္က
သစ္စိုးတို့၊ ကိုေရြးတို့၊ ေအာင္ေ၀းတို့ရဲ့
ျမစ္ကေလးပါ။
ဒြန္ေရ
ျမစ္ေတြမွာ အနံ့ရွိသတဲ့။
ျမစ္ေတြမွာ အနံ့ရွိရင္
ေခတ္ေတြမွာလည္း အနဲ့ရွိမွာပဲလား။
ေမာင္ရင္တို့ဆီက
ေကာ့ဆက္ျမင္းခြာသံေတြ
လြမ္းပါေသးတယ္။
"တသိမ့္သိမ့္ဒြန္" တဲ့
ေမာင္ရင့္အေၾကာင္းေရးတဲ့
မစ္ေခးလ္ရွဳိလိုေကာ့ဗ္။ ***
အဲဒီ ရုရွားႀကီးရဲ့
"ေတာရိုင္းေျမ"
လြမ္းတယ္ေလ။
ဒြန္ရဲ့ႏွလုံးသား
ေခတ္ကမ္းပါးမွာ
ရုရွားရဲ့အလြမ္းဇာတ္ေတြ
ျဖတ္သန္းခဲ့မယ္။
ဆိုဗီယက္ေခတ္ရဲ့အနံ့ေတြ
စီးဆင္းခဲ့မယ္။
ဒြန္ျမစ္ျပင္ လိွဳင္းခတ္
ေခါင္းေဆာင္ႀကီး
စတာလင္သတ္လို့ ေသတဲ့
အနာဂတ္ေတြ။
စတာလင္ဟာ
လီနင္ မျမင္လိုက္ရတဲ့
ေတာမီးပဲ။
ေခါင္းမာတဲ့ကဗ်ာဆရာတစ္ေယာက္ကိုေတာ့
ဒီ ေတာမီးက
မသတ္ႏိုင္ပါဘူး။
ေခါင္းေဆာင္ႀကီးကို ေ၀ဖန္မိလို့
လူငယ္ကဗ်ာဆရာ ယက္ဗ္တူရွင္ကို
ကြန္ဆိုမို ဆိုတဲ့
ကြန္ျမဴနစ္လူငယ္အဖြဲ့က
ထုတ္ပယ္ခံခဲ့ရဖူးတယ္။
ေကာ့ဆက္ျမင္းခြာသံ
လိွဳင္းထန္တဲ့ ဘ၀
ဒြန္ရဲ့ညေတြ။
ကိုယ္တို့ ပဲခူးရိုးမရဲ့
မေအာင္ျမင္တဲ့
၅၅-လမ္းစဥ္
အဲဒါ ခရူးရွက္ လက္ေဆာင္ေပါ ့။
ေမာ္စကိုနဲ့ ပီကင္း
ဂိုဏ္းခ်င္းကြဲေတာ့
ရဲေဘာ္ေခ်ေဂြဗားရားက
ရုရွားေတြဟာ ဆိုရွယ္နယ္ခ်ဲ့ေတြပဲ တဲ့။
ပီကင္းက လက္ကမ္း
၆၄-လမ္းစဥ္
ပဲခူးရိုးမဟာ
ငါးရိုးနင္တယ္။
ယန္စီျမစ္ျပင္
လိွဳင္း မဆင္။
ျမစ္၀ါျမစ္ကမ္း
လိွဳင္း မနမ္း။
အစိမ္း အစိမ္း
ထူပိန္းရိုးမ
ေသြးေျမက်ခဲ့။
ခံစစ္ေသေတာ့
ျမစ္ထဲမွာ
ငါးကေလးေတြ
ေရနစ္ ေသတယ္။
ပဲခူးရိုးမဟာ
ရ၅-မွာ ေသတယ္။
အေရွ့ေျမာက္ပိုင္းဟာ
၈၉-မွာ ေသတယ္။
မလြန္ဆန္ႏိုင္ခဲ့ပါဘူး
ဒြန္ေရ။
ဒါေတြဟာ ပုံျပင္ေတြဆိုရင္လည္း
စစ္တစ္ခါရွံဳး အႏွစ္သုံးဆယ္ ဆိုတဲ့
ပုံျပင္ေတြေပါ ့။
ျမစ္က ေရနစ္သတဲ့
ရာဇ၀င္ရိုင္းတဲ့ ပုံျပင္ေတြေပါ ့။
ေရနစ္ရတဲ့
ကိုယ္တို့ရဲ့
ျပည္သူ့ဒီမိုကေရစီေတာ္လွန္ေရးျမစ္ပါ ဒြန္။
ေမာင္ရင္တို့ ေဗာ္လဂါျမစ္ႀကီးကလည္း
လွည့္မၾကည့္ေတာ့။
မဲေခါင္မွာ ေရဆန္ေတာ့
ဗီယက္နမ္ေတြ
ဒီန္ဗင္ဖူးမွာ ေအာင္ပြဲခံတယ္။
ဆိုင္ဂံုနန္းေတာ္မွာ
ဗီယက္ေကာင္းအလံလႊင့္ေတာ့
ကိုယ္ အသည္းနင့္တယ္။
ဗီယက္နမ္စစ္ပြဲမွာ
ဂ်ိန္းဖြန္ဒါတို့၊ ေဘာ့ဘ္ဒီလန္တို့နဲ့အတူ
၀င္တိုက္တဲ့
ကိုယ္တို့ဆီက ကဗ်ာဆရာေတြ
ကိုယ့္ေျမမွာကိုယ္ ေထာင္နန္းစံၾကရ။
အဲဒါ
မ ဆ လ ေခတ္ေပါ ့
ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္ေပါ ့။
ျမစ္မွာ အနံ့ရွိသလို
ေခတ္မွာလည္း အနံ့ရွိသေပါ ့။
စစ္အာဏာရွင္စနစ္ရဲ့အနံ့
ျမစ္ကို တန့္သြားေအာင္
ဟန့္တားခဲ့တယ္။
မစ္ေခးလ္ရွိဳလိုေကာ့ဗ္ က
ဒြန္ကို ဖြဲ့တယ္။
အေမရိကန္ႀကီး မတ္တြိန္း က
မစၥစၥပီကို ဖြဲ့တယ္။ ****
အဲသလိုေပါ ့
ေမာင္ထင္က အစ
ေမာင္ေဒါင္း၊ ေမာင္သာခ်ိဳ အဆုံး
ႏြံ၀ါေရာင္ႏွလုံးသားေတြ
ေရြးကို ဖြဲ့ၾကသေပါ ့။
ကိုယ္ဟာ
ေရြး ဆိုတဲ့ျမစ္ကေလးပါ။
ေခတ္ကို လိွဳင္းေပၚတင္ၿပီး
ပင္လယ္ဆီ ေခါင္းထိုး၀င္တဲ့
ျမစ္ကေလးေပါ ့။
ျမန္မာျပည္ေတာင္ပိုင္း
ျမစ္၀ကၽြန္းေပၚတိုင္းက
အရိုင္းေခၚသံ။
အာဖရိကမွာ
ကြန္ဂိုျမစ္ႀကီး
ေတာင္အေမရိကမွာ
အေမဇံုျမစ္ႀကီး
နက္နက္ရွိဳင္းရွ္ဳင္း စီးသလိုေပါ ့။
ကိုယ္လည္း
စီးခဲ့တယ္ ဒြန္။
"ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း
ႏိုင္းျမစ္ႀကီးကေတာ့ စီးၿမဲပင္" တဲ့
ဦးသိန္းေဖျမင့္ ေျပာခဲ့သလို။
ကိုယ္လည္း
စီးခဲ့တယ္ ဒြန္။
ျမစ္မွာ အနံံ
ေခတ္မွာ အနံ့
စစ္မွာလည္း အနံ့။
မရပ္တန့္တဲ့
(တည္တံ့ေနတဲ့)
ျပည္တြင္းစစ္အနံ့ၾကား
အာဏာရွင္ေတြ
ငါးရံ့ျပာလူးျဖစ္ခဲ့တဲ့
၈၈။
ဒြန္ရဲ့
ကမၻာေပၚမွာ
လူထုရဲ့ဒီမိုကေရစီေတာ္လွန္ေရးဆိုတာ
ျမန္မာျပည္က စတာပါဆိုရင္။
၈၉ က်မွ
ဒြန္ရဲ့ႏွလုံးသား
ဆိုဗီယက္ယူနီယံကမ္းပါးၿပိဳက်။
၈၉-မွာမွ
ဘာလင္တံတိုင္း ၿဖိဳလွဲခံရ။
၈၉-ေရာက္မွ
တိန္အန္မင္ရင္ျပင္ တင့္ကားအနင္းခံရ။
ရဲေဘာ္ဒြန္
တကယ္ေတာ့ ကိုယ္တို့ဟာ
ကိုယ္တို့ေခတ္မွာ
ကမၻာေက်ာ္တဲ့ ေခါင္းေဆာင္တစ္ေယာက္ကို
ရလိုက္တာပါပဲ။
ေခါင္းေဆာင္ရဲ့ေနာက္ကို
ယုံၾကည္လ်ဥ္လ်ဥ္
တသြင္သြင္ စီးဆင္း လိုက္ခဲ့ၾကတာပါပဲ။
အေမရိကန္စာေပသမိုင္းမွာ
၁၉၂၀ျပည့္ တစ္၀ိုက္
ဟာလမ္ရီေနဆန္း ဆိုၿပီး
လူမည္းစာေပတစ္ေခတ္ရွိခဲ့တယ္။*****
"ငါ ့၀ိညာဥ္
နက္နက္ရွ္ဳင္းရွ္ဳင္းႀကီးျပင္းခဲ့
ျမစ္ေတြ နက္နက္ရွိဳင္းရွဳိင္း စီးဆင္းသလိုေပါ ့" တဲ့။
လူမည္းကဗ်ာဆရာ
လင္စတန္ဟ်ဴးခ်္ ကဗ်ာဖြဲသလို။ ******
ဧရာ၀တီေပါ ့
သံလြင္ေပါ ့
ခ်င္းတြင္းေပါ ့
စစ္ေတာင္းေပါ ့။
ေရႊလီေပါ ့
ဒု႒၀တီေပါ ့
ေပါင္းေလာင္းေပါ ့။
င၀ံေပါ ့
သက္ကယ္ေသာင္ေပါ ့
ေရြးေပါ ့
ျပာမေလာ့ေပါ ့။
ရာဇူဒိုင္ေပါ ့
တိုးေပါ ့
လိွဳင္ေပါ ့။
ေခတ္ၿပိဳင္ထဲမွာ
နက္နက္ရွဳိင္းရွဳိင္း။
ကိုယ္တို့ရဲ့
ဒီမိုကေရစီေတာ္လွန္ေရးသမိုင္းဟာ
နက္နက္ရွဳိင္းရွဳိင္း။
အက်ဥ္းေထာင္ထဲမွာ
ကတၱရာလမ္းေပၚမွာ
ေရၾကည္အိုင္မွာ
ေရေ၀းမွာ
နက္နက္ရွဳိင္းရွဳိင္း။
ျမစ္ယံ လွဳိင္းခြပ္
ေခတ္ကို ေဒါင္းခြပ္
နက္နက္ရွဳိင္းရွဳိင္း။
ကိုယ့္ေနာင္ေတာ္ေတြ လက္ထက္မွာ
သားေလွ်ာခဲ့တဲ့ ေတာ္လွန္ေရး။
ကိုယ့္ညီငယ္ေတြလက္ထဲ
ေအာင္ေအာင္ျမင္ျမင္ေမြးဖြား
ႏွင္းဆီပန္းမ်ား ပြင့္ခဲ့တယ္။
ေက်းဇူးတင္တယ္
၈၈-ဗ
ေရႊ၀ါေရာင္-ဗ
ေက်းဇူးတင္တယ္။
ျမစ္ကို ေရွ့မဆက္ႏိုင္ေအာင္
ခ်ိဳးပစ္ရင္
ျမစ္က်ိဳးအင္းေပါ ့။
စစ္အာဏာရွင္စနစ္ေအာက္
ေခတ္ဟာ ေရွ့မဆက္ႏိုင္ဘူး
အခ်ိဳူးခံရတယ္
ေခတ္က်ိဳးအင္းေပါ ့။
အခုေတာ့
အဲဒီ အိပ္မက္ဆိုး
ေခတ္က်ဳိးအင္းက လြန္ေျမာက္။
အရုဏ္မိုးေသာက္
အလင္းေရာက္ၿပီ
ပန္းေကာက္ၾကေဟ့ ဆိုေတာ့မွ။
ဒြန္ေရ
အနံ့တစ္ခုရတယ္လို့
ေခတ္က ေျပာတယ္။
ကမၻာႀကီးတစ္ခုလုံး ပ်ံ့စြဲ
ဘာနံ့လဲ၊ ဘာနံ့လဲ။
ဒြန္ရယ္
စစ္အနံ့ထဲ
ကိုရိုနာဗိုင္းရပ္စ္တဲ့
ကပ္ေဘး တဲ့
ကိုဗစ္အနံ့က ထပ္စြဲေတာ့။
ေခတ္က မသန့္ၿပီ
ျမစ္က တန့္ၿပီ။
ဒြန္ျမစ္၀ွမ္းမွာလည္း
ကိုဗစ္နံ့က လႊမ္းၿပီ။
ပူတင္လည္း
ပူပင္မွာပဲ
ကိုဗစ္က ၾကမ္းၿပီ။
နာဂစ္နံ့စြဲေနတဲ့
ကိုယ့္ရဲ့ႏွဳတ္ခမ္းသားမွာ
ကိုဗစ္အနမ္းမ်ားက ၾကမ္းရွလွခ်ည္ရဲ့။
ကိုယ့္အနံ့ကေလးနဲ့ကိုယ္
ကိုယ့္ဒုကၡကိုယ္ထမ္း
လြမ္းခ်င္ပါရဲ့။
ကိုယ့္ပင္လယ္ကိုယ္မွန္း
လွမ္းခ်င္ပါရဲ့။
ကိုဗစ္ကနမ္း
စစ္ကၾကမ္းေတာ့
ၿငိမ္းခ်မ္းေရးအနံ့ေတြ ေပ်ာက္ခဲ့။
ဒဂုန္တာရာေႏြဦး
အနံ့ေတြေပ်ာက္ခဲ့။
အျပာေရာင္မိုးသားေအာက္မွာ
ပ်ိဳးထားတဲ့ပန္းေတာကေလး
အနံ့ေတြေပ်ာက္ခဲ့။
အခ်စ္ျမစ္ရဲ့
စစ္ဗုံသံေတြ ဒုန္းစိုင္း
လိွဳင္းႏွစ္ထပ္ပင္လယ္
လေရာင္ငတ္ခဲ့တယ္။
စစ္အာဏာရွင္စနစ္ရဲ့သခ်ၤ ိဳင္း
ဒြန္ေရ
အစိမ္းေရာင္တေစၦေတြ
ဖြဲ့စည္းပုံအေျခခံဥပေဒ ဆြဲခိုင္းသတဲ့။
နာဂစ္ေျခဥေပါ ့
ျမင္းကို စိုင္းသီေတာ့
ေခတ္က မိွဳင္းရီ။
ဒြန္ရယ္
တိုင္းျပည္က ရိုင္းေတာ့
ပိေတာက္ပန္းေတြေတာင္
မုန္တိုင္းနဲ့မွ ပြင့္ေတာ့တယ္ေလ။
ေႏြဦးေပါက္ရင္ေတာ့
ေနာက္ထပ္ ပန္းေတြ ေ၀လာဦးမွာပါ။
ေႏြဦးသန့္ေစ
ျမစ္သန့္ေစ။
ကိုဗစ္အနံ့ေတြ
ရပ္တန့္။
ကိုဗစ္အနံ့ေတြ
ထပ္မပ်ံ့။
ဒြန္လည္း ညင္သာ စီးပါေလ
ေရြးလည္း ညင္သာ စီးရေစ။
ကိုဗစ္စစ္ႀကီးၿပီးလို့
ပူတင္လည္း
မပူပင္ရေတာ့ဘူူးဆိုရင္။
ဒြန္ေရ
ပုသွ်ကင္ႀကီးအေဖာ္ေခၚၿပီး လာခဲ့ပါ။
ႏြံ၀ါေရာင္အလြမ္းေတြနဲ့
ေရြးျမစ္ကမ္းက
၀မ္းပန္းတသာ ႀကိဳပါရဲ့။
က်န္းမာေအာင္သာေနပါ
ေကာ့ဆက္ျမင္းခြာသံေတြ
ေလွထိုးသံ
ဒြန္ျမစ္ပိုးက
ရိုးေဟးျငာသံေတြ
ျပန္နားေထာင္ခ်င္ပါေသးတယ္။
ျမစ္ေတြမွာ
အနံ့ရွိတယ္။
ဒြန္ေရ
ဂ်ိဳးဘိုင္ဒင္ႀကီး
က်မ္းသစၥာဆိုတဲ့ေန့က
ဒီမိုကေရစီအနံ့ရတယ္။ ။
ေ အ ာ င္ ေ ၀ း
(၁- ၂၁- ၂၁)
* ေမာင္သာခ်ိဳ- တေစၦလိွဳင္းမ်ား(၂၀၂၀)
** Chernobyl disaster
*** And Quiet Flows the Don(1928-1940)
Mikhail Alexandrovich Sholokhov(1905-1984)
**** Life on the Mississippi (1883)
Mark Twain (1835-1910)
***** Harlem Renaissance
****** The Negro Speaks of Rivers (1921)
Langston Hughes (1902-1967)
0 comments:
Post a Comment