Thursday, October 27, 2016
အ ရွ က် ေ ၾကြ ေ တ ာ့ ၊ အ ျမ စ် ရှိ ရာ ပြ န် လာ ရ စ မြဲ
တိုးနှောင်မိုးကဗျာစာအုပ်အတွက် အမှာစာ
၂၀ ရာစုနှောင်း မြန်မာကဗျာတွေကို တန်းစီချရေးကြည့်လိုက်လျှင်၊ ၂၀ ရာစုနှောင်း မြန်မာကဗျာလမ်းကြောင်းကို အကြမ်းဖျင်းပြောနိုင်လိမ့်မည်ဟု ယူဆပါသည်။
မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ကပဲ စကြည့်လိုက်ကြပါစို့။
သူငယ်ချင်းတို့၏အသည်းနှလုံးများ
မပြန်ရဲဘူး၊ ဆည်းဆာကြူးရင်
အမူးသမား၊ စုဝေးနားနေ
အရိပ်ပွေသည့်၊ စိတ်လေသူချင်း
ရင်းနှီးကြရာ၊ ဓာတ်တိုင်ပြာအောက်
ရောက်သွားမိပြန်။
တစ်ရံရောများ၊ ကြိမ်ဖန်များစွာ
ညည်းတွားလာကြ၊ ရင်နာရ၏
ညဟောင်းများကို၊ အလိုပြည့်နိုး
စိတ်နဲ့ကိုးကွယ်၊ ရယ်လည်းရယ်ချင်
အလည်လွန်ကျူး၊ အချစ်မူးတို့
ကူးစက်ရှည်လျား၊ ရှိုက်သံများက
တံခါးမရှိပါတကား။ ။
မောင်ယဉ်မွန်(၁၉၃၉- ၁၉၇၀)
မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ခေတ်က အကျယ်ကြီးဖြစ်သည်။ ထင်ရှားသည့်စာအုပ်တချို့ကို ပြပါဆိုလျှင် … မောင်ယဉ်မွန်၊ မောင်လေးအောင်- လကွယ်ည(၁၉၆၂)၊ မောင်သင်းခိုင်(ပါ) ကဗျာဆရာ(၁၀)ဦး - တော်လှန်ကဗျာ(၁၉၆၉)၊ အောင်ပြည့်- နေရစ်တော့မြသီလာ(၁၉၇၀) စသည်ဖြင့်။ တော်လှန်ကဗျာ (၁၉၆၉)ကို တုန့်ပြန်တိုက်ခိုက်သည့် ငြိမ်းကျော်၊အညာတမာ၊ ငသိုင်းချောင်းဝံသာတို့အုပ်စု၏ ကဗျာအနုပဋိလောမ ဆိုသည့်စာအုပ်လည်း ဂယက်ထခဲ့သည်။
မိုးဝေကဗျာလှုပ်ရှားမှုထွန်းကားခဲ့သည့်အချိန်ဖြစ်သည်။”မြန်မာကဗျာမှာ မော်ဒန်ဆိုလို့ မူးလို့မှ ရှူစရာ မရှိဘူး” လို့ မောင်သာနိုးက ထင်းရှူးပင်ရိပ်(၁၉၆၉) ကနေ တပ်လှန့်လိုက်သည့်အချိန်လည်းဖြစ်သည်။ ထို
ခေတ်မှာ ဖြစ်ဖဲတွေများသည်။ မောင်သင်းခိုင်၊ မောင်ခိုင်မာ၊ ဇော်(ပျဉ်းမနား)၊ သစ္စာနီ၊ မောင်သွေးသစ်၊ အောင်ဇင်မင်း၊ မောင်အောင်ပွင့်၊ မောင်စိမ်းနီ၊ မောင်လူမှိန်၊ မောင်သင်းပန်၊ နီမောင်၊ မစိမ်းပင် စသည် … ။
အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်။ သုခမိန်လှိုင်၏ ဂျွန်လ၏မိုးရေများ ထိုစဉ်ကရွာသွန်းခဲ့သည်။ ထိုနောက် မင်းသိုက်မွန်၊ အောင်သက်ထွေး၊ ညိုသစ်၊ ငခါး(ကွမ်းခြံကုန်း)၊ ကောက်နွယ်ကနောင်၊ မောင်နီမွန်၊ ကေတုဘုန်းမော်၊ သခွပ်နီ စသည် စသည် … ။
ထိုမှလွန်သော် … ၊ ကြယ်များလွန်သော် … ။
အနာဂတ်၏ ထိုနေရာ
(၁)
ထိုနေရာ
ဝေးကွာသည်လား
မြူငွေ့များလို၊ လေအိုဝဲနောက်
လွင့်ပျောက်တတ်မည့်
တိကျမဲ့ကင်း နေရာလား။
ထိုနေရာ
သွားရာလမ်းစ၊ ခဲခက်လှသလား
စကားတီးတိုး၊ ချောက်ချားစိုးရိမ်သံ
လွင့်ပျံလှုပ်ခတ် နေမည်လား။
(၂)
ရောက်လွယ်မဟုတ်
ခက်ခဲဟုတ်၏၊ သို့သော် …
သရုပ်သဏ္ဍာန်၊ မှန်ကန်ပီသ
မွှေးမြ ထိုနေရာ။
တိမ်အရုပ်လား
လားလားမဟုတ်၊ ကျောက်တိုင်ရုပ်လို
ငုတ်ငုတ်ခိုင်ခိုင် ထိုနေရာ။
(၃)
မညည်းမညူ၊ ခရီးတူများ
မသွား မရောက်၊ သွားမှ ရောက်လိမ့်
မကြောက်တရား၊ ဝေစည်ပွားသစ်
လာ … သွားကြစို့
ငါတို့အတူ
ဆူးငြှောင့်ယူနုတ်၊ ခလုတ်ကျော်နင်း
မီးပြင်းလျှံငွေ့၊ ချောက်ကမ်းတွေ့ ဖြတ်
တစ်နေ့ရောက်မည်၊ ရောက်ရမည်။
(၄)
သာသည့်မြေသို့၊ ကူးတို့မရှိ
တို့၏စုအား၊ ယာဉ်ရထားတည့်
သံမဏိခြေလှမ်း၊ ဖြတ်သန်းခိုင်ကျည်
“လာလေ … ချီကြစို့
ငါတို့ရှေ့မှာ … “
အနာဂတ်၏ ထိုနေရာ။ ။
မင်းညိုစင်
(ရှုမ၀၊ ၁၉၇၇)
ထို့နောက် ၁၉၈၀ ခုနှစ်များကိုရောက်တော့ ရှုမ၀တွင် မအိ တစ်ခေတ်ဖြစ်ခဲ့သည်။ မအိ ရဲ့ “အသံအက်သွားတဲ့ခေါင်းလောင်းလေး” က ခေတ်ကိုရော၊ ကဗျာလောကကိုပါ အသံအကျယ်ကြီး လှုပ်နှိုးနိုင်ခဲ့သည်။ ထို ၈၀ ခုနှစ်များအတွင်းမှာ ကျနော်တို့မျိုးဆက် အုပ်လိုက်ကြီး ကဗျာရေစီးကြောင်းထဲ ရောက်လာခဲ့ကြ တာဖြစ်သည်။
လှသန်း၊ ကွန်စစ်ကောင်း၊ မောင်ကြည်သာ၊ မောင်ခင်သာ၊ ခင်ဝင်းသစ်၊ မြင့်ဦးဦးမြင့်၊ မောင်သာချို၊ ယမုံ၊ နေစိမ့်၊ ခင်လွန်း၊ မြမြင့်မိုရ်၊ ဇောင်းထက်၊ စောဒေဝေါ၊ မြေနု၊ အောင်ဝေး၊ စိုးအိမ်၊ မင်းထက်မောင်၊ မြတ်လှိုင်း၊ စည်သူငြိမ်း၊ မောင်ကောက်၊ မွန်၊ မနီတာ၊ မောင်လွမ်းဏီ၊ဗဟိန်းအောင်၊ စောဝေ၊ မောင်စမ်းအေး(သဲကုန်း)၊ ထွန်းဝေမြင့်၊ စန်းဦး၊ သစ်ငြိမ်း စသူ စသူတို့ ။
သင်္ကြန်ည
ခူးလိုက်ကြဟေ့
လမ်းမကိုထွက်၊ ပိတောက်တစ်ခက်။
ပွင့်ချင်ဦးလေ
မိုးလုံးအ၀ါ၊ ဒဏ်ရာကြေမွ
လမ်းမကတ္တရာ၊ ရေထဲပါပြီ။
အေး
ဧပရယ်နွေလ၊ သင်္ကြန်ညမှာ
ကောင်မလေးတွေ
ပိတောက်တစ္ဆေ ခြောက်ပါစေ။ ။
သခွပ်နီ
(လုံမလေး၊ ၁၉၈၇ ဧပြီ)
မဂ္ဂဇင်းများသည် မြန်မာကဗျာလမ်းကြောင်းကို အများကြီးမောင်းနှင်ပေးနိုင်ခဲ့သည်။ ထိုစဉ်က မဂ္ဂဇင်းတွေ အမြောက်အမြားမထွက်ရှိသေးသော်လည်း၊ အားလုံးလိုလိုက ကဗျာကို နေရာပေးဖော်ပြခဲ့ကြပါသည်။ သွေးသောက်၊ ရှုမ၀၊ မိုးဝေတို့ပြီးလျှင်၊ ပေဖူးလွှာ၊ ချယ်ရီ၊ မဟေသီ၊ စံပယ်ဖြူ၊ လုံမလေး၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ စစ်ပြန်၊ ဂီတပဒေသာ၊ သပြေ စသဖြင့်။
ထိုစဉ်က ကဗျာက များစွာ မရှုပ်ထွေးလှသေးပါ။ အစဉ်အလာကာရန်စနစ်နဲ့ရေးသည့်ကဗျာနှင့် ခေတ်ပေါ်ကဗျာ (လွတ်လပ်ကာရန်) ဟူ၍ နှစ်မျိုးသာရှိသည်။ မဂ္ဂဇင်းတွေက သူ့အကြိုက်နှင့်သူ ရွေးချယ်ဖော်ပြကြသည်။ တချို့အယ်ဒီတာတွေက နှစ်မျိုးစလုံးကို ယှဉ်တွဲဖော်ပြပေးခဲ့ကြသည်။
မြန်မာကဗျာသမိုင်း(မဂ္ဂဇင်းကဗျာသမိုင်း)သည် ၁၉၇၀ တစ်ဝိုက်က နိုင်ငံတကာဝါဒ၊ တတိယကမ္ဘာစစ် တားဆီးရေး၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေး တိမ်းညွှတ်မှုနှင့် လှိုင်းရိုက်ကာ မြန်မာကဗျာအရွေ့တစ်ခုဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်၊ မြန်မာကဗျာသည် နောက်ထပ်တစ်ဖန် အရွေ့ကြီးကြီးတစ်ခု အရှိန်ပြင်းပြင်းနှင့်ရွေ့ခဲ့ပါသည်။ ထိုအရွေ့မှာ ခေတ်ပေါ်ကဗျာသည် မြန်မာကဗျာလမ်းသစ်၏ ပင်မရေစီးနေရာရောက်လာသည်အထိ ရွေ့ခဲ့ခြင်းဖြစ်သည်။
မြန်မာခေတ်ပေါ်ကဗျာသည် ၁၉၇၀ လောက်ကစ၍၊ မြေစမ်းဘိန်းစိုက် လုပ်ခဲ့သည်ဟုဆိုလျှင်၊ ၁၉၈၈ အလွန်၊ ၉၀ ခုနှစ်များတွင်မူ တံခွန်စိုက်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ တစ်ပါတီ စစ်အာဏာရှင်စနစ်တစ်ခုတည်း အောက်တွင် ခါးစီးခံဖြတ်သန်းလာခဲ့ရသော အနှီ မြန်မာကဗျာခေတ်နှစ်ခေတ်(၇၀ ခုနှစ်ကာလများ နှင့် ၉၀ ခုနှစ် ကာလများ)သည် တိမ်းညွှတ်ပုံ၊ ရင်ခုန်ပုံ၊ သွန်းခတ်ပုံ မတူကြပေ။ ၇၀ ခုနှစ်ကာလများတွင် ကဗျာအတတ် ပညာကို ကျွှဲကူးရေပါပဲ သဘောထားခဲ့သည်။ အဘိဓမ္မာပြဿနာက ဦးစားပေးဖြစ်ခဲ့သည်။ ၉၀ ခုနှစ်ကာလများ တွင်မူ ကဗျာအတတ်ပညာ နည်းနာပြဿနာကို၊ အဘိဓမ္မာရေးနှင့်တန်းတူထား၍ အလေးပေးမြှင့်တင်လာခဲ့ကြပါသည်။
၉၀ ခုနှစ်ကာလများမှာ ကဗျာတွေ ဘယ်လိုစီးဆင်းခဲ့ကြပါသလဲ။ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုမိုးကောင်းကင်၊ ဘယ်လိုရာသီဥတုမှာ ဒီကဗျာတွေ စီးဆင်းခဲ့ကြတာလဲဆိုတာကတော့ မေးဖို့ပင် မလိုအပ်တော့ပါ။ ခါးသီးတူးအန်လှသည့် တစ်ပါတီ စစ်အာဏာရှင်စနစ်၏ပြဋ္ဌာန်းမှုကြောင့်သာ၊ တစ်နည်း စာပေအနုပညာလွတ်လပ်ခွင့်ဆိတ်သုဉ်းမှုကြောင့်သာ၊ အဲဒီကဗျာများဟာ အနုပညာလည်းမြောက်၊ အဘိဓမ္မာလည်း ရောက်၊ ထိုးဖောက် ထွန်းတောက်ခဲ့တာဖြစ်သည်ဟု ဆိုချင်ပါသည်။ မတရားဖိနှိပ်မှုကြောင့်သာလျှင်၊ မြန်မာ ကဗျာတွေ လွတ်လပ်ပြီး လှပနေခြင်းဖြစ်သည်ပဲ မဟုတ်လား။
ဖိနှိပ်မှုရှိလျှင်၊ ခုခံမှု ရှိစမြဲ။ မြန်မာကဗျာ၏ခုခံမှုက ကဗျာကို ရန်သူမမြင်အောင်ဝှက်ခြင်းဖြစ်သည်။ ရန်သူမမြင်အောင်လုပ်ရသည့်အခါ ပရိယာယ်ကကြွယ်ဝထွန်းကားလာသည်။ တစ်နည်း အနုပညာအားကောင်းလာသည် မဟုတ်လား။
၉၀ ခုနှစ်ကာလများရဲ့ခေတ်ပေါ်ကဗျာတွေဟာ၊ ပါတီစုံ စစ်အာဏာရှင်စနစ်အောက်မှာ နာကျင်ကြေကွဲ ထိခိုက်ပြိုလဲနေရတဲ့ပြည်သူတွေ(ကဗျာဖတ်သူတွေ)ကို တစ်စုံတစ်ရာ အတိုင်းအတာတစ်ခုအထိတော့၊ ဒဏ်ရာ အနာတရတွေက သက်သာအောင် ဖြေသိမ့်ဖေးမပေးနိုင်ခဲ့တယ်လို့ ယူဆချင်ပါသည်။
ကျနော်ကတော့ လွမ်းတိုင်းပြန်ဖတ်၍။ ဖတ်တိုင်းလည်း ပြန်ပြန်လွမ်းနေမိပါသည်။
ရှုမျှော်ခင်း
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေနေရတယ်။ ။
မောင်သိန်းဇော်
(၁၉၉၁)
+++
မိုး
ဒီလိုပါပဲ
ပီပါလှိမ့်ရတာ မောလို့ဆိုပြီး
ယပ်ကလေးပြင်းပြင်းခတ်ကာ
ဆေးလိပ်ကို အားပါးတရဖွာရှိုက်လိုက်တယ်
ပြီးတော့
ဂဟေဆော်လိုက်ပါလား
မလုံတဲ့နေရာက ဖိတ်ကျကုန်တော့တာပဲ။ ။
အောင်ဘညို
(၁၉၉၃)
+++
သစ်စက်
သစ်လုံးတွေ
တဂျီးဂျီးအော်ငိုသံ
သူ မခံစားနိုင်။
များများခွဲ
များများရက်စက်မယ့်
ဝိုင်းဆရာရဲ့
သောကလွှဝိုင်းက
ရင်ထဲမှာလည်နေပြီ။
တို့အသွေးအသား
လွှစာသက်သေတွေက
တောင်ပုံရာပုံ။ ။
မိုးကျော်အောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၄ မတ်)
+++
နွားကျောင်းသား
တစ်မျှော်တခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့။ ။
အိုအောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၅ ဇန်န၀ါရီ)
+++
စံပယ်ပွင့်ချိန်
ငါ့ ဦးခေါင်းပေါ်က မြက်ခင်းစိမ်းလေးပေါ်
ကျောက်တုံးတွေပြိုလာသလို
မိုးတွေရွာလာတယ်။
ကောင်မလေးရေ-
တို့မြို့က
စံပယ်တွေပွင့်ရဲ့မဟုတ်လား
ပြောလိုက်ပါ
စံပယ်ရေ-
ကြယ်တွေကြွေအောင် မပြုစားပါနဲ့လို့။
ငါကတော့
ခေါင်းကပတ်တီးဖြေရင်း
လွမ်းလွမ်းဆွတ်ဆွတ်သတိရနေမိတယ်။ ။
ဝင်းမြင့်
(ပိတောက်ပွင့်သစ်၊ ၁၉၉၆)
+++
ဂြိုဟ်သား
သဘာဝတရားကိုသစ္စာဖောက်ဖို့
ပဉ္စမမြောက်ဒြပ်စင်တို့လာချေပြီ
ကောင်းကင်မှာမီးရောင်တ၀င်းဝင်းနဲ့
သူတို့ဆင်းလာခဲ့တာ
ကျနော့်ဂျုံခင်းထဲပေါ့ 
ဒီလိုနဲ့
ကျနော့်ဘ၀ဂျုံခင်းလည်း
မီးလောင်ပျက်စီးခဲ့။
သြော် … ဂျုံတွေဟာ မမှည့်ခင်ပဲ
စိမ်းကြတာ မဟုတ်လား။ ။
ပိုင်သ
(၁၉၉၇ ?)
+++
နံရံဂစ်တာ
ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ချိတ်တွယ်နေတဲ့မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမဲ့ မလာတော့ဘူး။
ကြည့်ရင်မြင်နိုင်ပေမဲ့
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေကျနေတာပါ နှင်း
ခံစားချက်ပြင်းထန်တဲ့ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။ ။
ဝိုင်ချို
(ရုပ်ရှင်တေးကဗျာ၊ ၂၀၀၀ သြဂုတ်)
+++
ရှင်ကွဲ
ညတွေထဲ
လွမ်းလိုက်တာ နှင်း
မြစ်က ခိုးနားထောင်မှာစိုးလို့
အိပ်မက်တွေ မော့မော့သောက်ရင်း
ရင်ခုန်ဖို့ထိတ်လန့်နေရသူပါ
မျက်လုံးတွေမှိတ်မရတဲ့အခါ
အမြဲတမ်း လွမ်းစိတ်နဲ့လောင်
ညစဉ်ညတိုင်း ကုတင်နဲ့ကျောနဲ့ကပ်
ဒီလိုနဲ့ဝေးရတော့မှာလား
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ချစ်ခြင်းတွေ
ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ
တကယ်ဆို
ချစ်ကံခေသူရဲ့နိဂုံးဟာ ဒီလိုပဲ
ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။ ။
တိုးနှောင်မိုး
(ရနံ့သစ်၊ ၂၀၀၀ မေ)
မြန်မာကဗျာတွေကိုလွမ်းသည်။ အမေရိကမဲဇာမှာတော့ နွေက နှောင်းလုပြီ။ မကြာမီ ဆောင်းဦး ၀င်
တော့မည်။ ကျနော်က ၂၀ ရာစုနှောင်း မြန်မာကဗျာတွေအကြောင်းကို ပြန်စဉ်းစားတွေးတောနေမိသည်။
လွမ်းမြိုင်ကျေးရဲ့အဝေးမှာတော့၊ ကျနော် ၈၈ အရေးတော်ပုံကြီးအလွန်၊ ၉၀ ခုနှစ်တွေမှာ အပြိုင်း အရိုင်း ဖူးပွင့်ဝေဆာလာခဲ့ကြသည့် ကဗျာဆရာမျိုးဆက်ကို ပြန်အမှတ်ရလာသည်။
မန္တလေးက၊ တောင်ငူက၊ ပျဉ်းမနားက၊ မုံရွာက၊ တောင်တွင်းက၊ မြစ်ဝကျွန်းပေါ်က၊ သာမိုင်းခမ်းက၊ မြန်မာပြည်မြောက်ပိုင်းက စသည်နဲ့။ လေပြေသုန်၊ နိုင်သစ်နီ၊ မောင်မော်ကွန်း၊ စံညီမ်းဦး၊ ဝေးခေါင်၊ မိုးဝေး၊ စိုင်းဝင်းမြင့်၊ ကိုရွေး၊ အေးမင်းစော၊ ခင်ဇော်မြင့်၊ K မြနွယ်၊မြတ် စသည်နဲ့။ သူတို့နှင့်မရှေးမနှောင်းသော်လည်းကောင်း၊ ရှေ့ဆင့်နောက်ဆင့်သော်လည်းကောင်း၊ ၀ိုင်ချို၊ မျိုးမင်းညိန်း၊ တိုးနှောင်မိုး၊ အောင်ရင်ငြိမ်း၊ ကြည်ဇော်အေး၊ အောင်လွန်းမြိုင်၊ အောင်ခိုင်မြတ်၊ ရာမျိုး၊ သားဦး၊ နေပန်ဦး၊ လွင်ထက်လှိုင်၊ အောင်နှင်းသစ်၊ ပိုင်၊ ငွေယံဦး စသည်နဲ့။ တောအုပ်ကြီးတစ်ခု ဆိုင်းဆိုင်းရိပ်ရိပ် ဖြစ်ထွန်းလာခဲ့ပုံ၊ ညို့ညို့သိပ်သိပ် စည်ဝေနေခဲ့ပုံ။
မကြာသေးခင်ရက်များက၊ ကဗျာဆရာမောင်သိန်းဇော် အမေရိက လာသွားသည်။ သူနှင့်တွေ့ပြီး အိမ်လွမ်းစိတ်ကို ဖြေရသည်။ သူနှင့်တွေ့တော့ မြန်မာကဗျာလွမ်းစိတ်လည်း ပြေရပါသည်။ သူရောက်တုန်း ရောက်ခိုက် အမှတ်တရ ကဗျာရွတ်ဆိုပွဲကလေးတစ်ပွဲလုပ်ကြသည်။ ကျနော်က ထိုကဗျာရွတ်ဆိုပွဲကို “နွေအစိမ်း” လို့နာမည်ပေးသည်။ အင်္ဂလိပ်လိုက “THE SUMMER GREEN” ပေါ့ ။ ကျနော်က  မောင်သိန်းဇော်ကို ရှင်းပြရသည်။
“ဒီ အမေရိကမဲဇာမှာတော့၊ သစ်ပင်တွေဟာ၊ နွေမှာပဲ စိမ်းခွင့်ရကြတာပါ” လို့။
ဟုတ်ပါသည်။ ဆောင်းရောက်လျှင် သစ်ပင်တွေအားလုံး အ၀တ်ချွတ်ကြရတော့မည်။သစ်တော အုပ်အုပ်တွေအားလုံး ၀စ်လစ်စလစ်ဖြစ်ကြရတော့မည်။ ရေခဲလေညှဉ်းဆဲသော၊ နှင်းခဲလွလွဖုံးလွှမ်းသော ရိုးတံပြိုင်းပြိုင်း ရွက်ကြွေတောကို ကျနော်ဖြတ်သန်းရပါဦးမည်။ သစ်ရွက်တွေကြွေလျှင် ကျနော်လွမ်းချင်နေဦးမည်။ ပြီးတော့ တိန်ရှောက်ပိန်ရဲ့စကားတစ်ခွန်းကိုလည်း သတိရချင်ရနေဦးမည်။ တိန်ရှောက်ပိန်က ပြောခဲ့ဖူးသည်။
“အပင် မြင့်ချင်သလောက်မြင့်၊ အရွက်ကြွေတဲ့အခါမှာတော့၊ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။
သြော် … ကျနော်လည်း လွင့်ချင်သလောက်လွင့်ပြီးရင်တော့၊ ကိုယ့်အမြစ်ရှိရာ၊ ချစ်သူတို့ရှိရာ၊ ကိုယ့်ကဗျာလောကကို ပြန်ရောက်ရမှာပဲ မဟုတ်လား။
တိုးနှောင်မိုးအတွက် ရေးတဲ့အမှာ၊ မြန်မာကဗျာလွမ်းစိတ်နဲ့ နိဂုံးချုပ်ပါတယ်။ ။
ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၃- ၂၀၁၆)
Tuesday, October 18, 2016
ေ ဘ ာ့ ( ဘ် ) ဒီ လ န် ကြီး စာေ ပ နို ဘ ယ် ဆု ရ တဲ့ေ န့  က
ဘော့(ဘ်)ဒီလန်ကြီး စာပေနိုဘယ်ဆုရတဲ့နေ့ က
ကျနော် ကိုခင်ဝမ်းကို အရမ်းသတိရနေခဲ့တယ်။
..............................................
.............................................
......................................
ဒီကဗျာ ကျနော် ဆုံးအောင်ဆက်မရေးခဲ့ရင်
ကိုခင်ဝမ်းကို မချစ်ရာရောက်တော့မယ်
ဘော့(ဘ်)ဒီလန်ကြီး စာပေနိုဘယ်ဆုရတဲ့နေ့ ကပေါ့ ။
ဟိုး ... ရှေးရှေးတုန်းက
ဒီလန် သောမတ်(စ်) ဆိုတဲ့
ဝေလ ကဗျာဆရာကြီးတစ်ဦး ရှိခဲ့ဖူးတယ်။
နောက်တော့ အမေရိကမှာ
ဒီကဗျာဆရာကြီးကို အလွန်လေးစားတဲ့ လူငယ်တစ်ယောက်ဟာ
ဘော့(ဘ်) ဒီလန်ဆိုတဲ့နာမည်နဲ့
ဂီတစင်မြင့်တွေပေါ် တက်လာခဲ့တယ်။
၁၉၆၀ ခုနှစ်တွေဆီကပေါ့ 
အမေရိကန်လူငယ်တွေဟာ
ဘော့(ဘ်) ဒီလန်နဲ့ကြီးပြင်းခဲ့တယ်လို့ဆိုပါတယ်။
ကျနော်တို့ဟာ ကျနော်တို့ ဆီမှာ
ဒဂုန်တာရာနဲ့ ကြီးပြင်းခဲ့သလိုပေါ့ ။
ကျနော်တို့ ဟာ ကျနော်တို့ဆီမှာ
ဗန်းမော်တင်အောင်နဲ့ ကြီးပြင်းခဲ့သလိုပေါ့ ။
ဘော့(ဘ်) ဒီလန်ကြီး စာပေနိုဘယ်ဆုရတဲ့နေ့ 
ကျနော်က သမိုင်းကိုပြန်စဉ်းစားမိတဲ့နေ့ ပေါ့ ။
ဒီလန်က ဗီယက်နမ်စစ်ကိုဆန့် ကျင်တဲ့
သီချင်းတွေ ရေးခဲ့ ဆိုခဲ့သူပါ။
ကျနော်တို့ဆီမှာ မောင်လေးအောင်တို့မျိုးဆက်က
ဗီယက်နမ်စစ်ဆန့် ကျင်ရေးကဗျာတွေရေးခဲ့တာပေါ့ ။
တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်
မောင်သင်းခိုင်၊ မောင်လေးအောင်
ဒီ မြန်မာကဗျာခေတ်ပြိုင်တွေက
ဒီလန်ကြီးနဲ့ နိုင်ငံတကာခေတ်ပြိုင်တွေပါပဲ။
ဒီလန်က လူ့ အခွင့်အရေးတိုက်ပွဲဝင်လို့
ဂီတစင်မြင့်ပေါ်မှာ တော်လှန်သောကြယ်ပွင့်။
ကျနော်တို့ဆီမှာ ကျနော်တို့ကဗျာဆရာတွေက
လူ့ အခွင့်အရေးတိုက်ပွဲဝင်လို့
သံတိုင်ကြားမှာ ကြွေလွင့်။
မတူတာတော့ မတူပါဘူး
ဒီလန်က ဒီလန်
ကျနော်တို့က ကျနော်တို့။
ဒီလန်က စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ရပါဘူး
ကျနော်တို့က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း
စစ်အာဏာရှင်တွေရဲ့ ဆန့်ကျင်တာခံရ။
 ဒီလန်က အနုပညာလွတ်လပ်ခွင့်အကြောင်းပြောစရာမလိုဘူး
ကျနော်တို့က အနုပညာလွတ်လပ်ခွင့်အကြောင်းပြောရင်း
တခြားလွတ်လပ်ခွင့်တွေပါဆုံးရှုံးခံရ။
 ဒီလန်က ကဗျာဆရာတော့ မဟုတ်ပါဘူး
ကဗျာဆရာတွေက သူ့ကိုချစ်ကြတယ်။
ကျနော်တို့ ဆီမှာ ကိုခင်ဝမ်းကို
ကျနော်တို့ ချစ်ကြသလိုပေါ့ ။
ဒီလန်က သီချင်းကို ကဗျာလိုရေး
ဒီလန်က သီချင်းတွေ ကဗျာရွတ်သလိုဆို။
ကိုခင်ဝမ်း စင်ပေါ်တက် သီချင်းဆိုတဲ့အခါ
ကဗျာရွတ်နေသလို မဟုတ်လား။
ကိုခင်ဝမ်းသီချင်းတွေဟာ
ကဗျာပါပဲ။
"ရေတွင်းလေးထဲကိုငုံ့ပြီး
နှင်းရေ ... လို့အော်ခဲ့တယ်"
ကိုခင်ဝမ်းဟာ
ကဗျာပါပဲ။
ဆရာတက္ကသိုလ်ဘုန်းနိုင် ပြောခဲ့တယ်
"ဂီတကို ကဗျာမှုပြုခြင်း" တဲ့
ဥပမာ- ကိုစောညိန်း
ဥပမာ- မြို့ မငြိမ်း
ဥပမာ- စိုင်းခမ်းလိတ်
ဥပမာ- ကိုနေ၀င်း
ဥပမာ- ကိုခင်ဝမ်း။
ကိုခင်ဝမ်းဟာ ကဗျာလားမြောက်တဲ့သီချင်းတွေနဲ့ 
ကျနော်တို့ ကိုလွှမ်းမိုးခဲ့တယ်။
ဘော့(ဘ်) ဒီလန်က
ကဗျာလားမြောက်တဲ့ ဂီတအမှုနဲ့ 
စာပေနိုဘယ်ဆုကြီး ရခဲ့ပြီ။
ကျနော် ကိုခင်ဝမ်းကို သတိရတယ်
ဒီလန်ကြီး ဆုရတဲ့နေ့ ကပေါ့ ။
"ဒီလန်" ဆိုတာ
ဝေလဘာသာစကားမှာ
"ပင်လယ်" လို့အဓိပ္ပာယ်ရတယ်။
 ဒီလန်ပေါ့ 
ဘော့(ဘ်) ဒီလန်ပေါ့ 
ခေတ်ကြီးတစ်ခုလုံး လှိုင်းထန်ခဲ့ပါတယ်။
ကျနော်လား
ကျနော်ကတော့ ဗီဇာမရသေးတဲ့မြစ်ကလေးမို့
ပင်လယ်ကိုတော့ မရောက်သေးပါဘူး။
"လမ်းရဲ့ သယ်ဆောင်ရာ" တဲ့
 ကိုခင်ဝမ်းရေးခဲ့သလို
ကျနော့်အတွက်တော့
လှိုင်းရဲ့ သယ်ဆောင်ရာ ဟိုအဝေးကိုပေါ့ ။
ကျနော် ကိုခင်ဝမ်းကိုလွမ်းတယ်
ဘော့(ဘ်) ဒီလန် စာပေနိုဘယ်ဆု ရတဲ့နေ့ ကပဲပေါ့ ။ ။
ေ အ ာ င္ ေ ၀ း
(၁၀- ၁၈- ၁၆)
Wednesday, September 21, 2016
ဗ ဟိ န်း လ မ်း
 သူ ခေါ်တဲ့နောက်
....................
ဒဂုန်တာရာက
တရုတ်ပြည်အထိ လိုက်တယ်။
သူ ခေါ်တဲ့နောက်
..........................
ဗန်းမော်တင်အောင်က
ခပေါင်းချောင်းဖျားအထိ လိုက်တယ်။
သူ ခေါ်တဲ့နောက်
........................
ကျနော်တို့က
ကမ္ဘာအဆုံးအထိ လိုက်ခဲ့တယ်။ ။
ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ- ၂၁၊ ၂၀၁၆)
ပ င် လုံ
https://1.bp.blogspot.com/-ZNzEE4QK0H8/V6jNq3K-xuI/AAAAAAABsiM/tD4PUrIgr0Uyad2RDbcgMTzHaoNvQRQpACPcB/s1600/8888.jpg
အိုးကို လုံအောင် ဖုံးပါ
မလုံရင် ...
အိုးမလုံ အုံပွင့်တာက နောက်
ယင်အုံမှာက အရင်။
ခြံကို လုံအောင် ခတ်ပါ
မလုံရင် ...
ခြံခုန်မယ့် နွားတွေက နောက်
ခွေးဝင်မှာက အရင်။
ခေါင်ကို လုံအောင် မိုးပါ
မလုံရင် ...
မိုးယိုတာက နောက်
ကြယ်ယို လ,ယိုမှာက အရင်။
ပင်လုံ
အတိတ်ကို လုံအောင် ထားပါ
မလုံရင် ...
သမိုင်း သိုးမှာက နောက်
သမိုင်း အခိုးခံရမှာက အရင်။ ။
ေ အ ာ င္ ေ ၀ း
(ဇူလိုင် ၁၀၊ ၂၀၁၆)
သရုပ်ဖော် - နီဂျူလိုင် 
အေ မ ရိ က န်ေ နာ က် ခံ မြ န် မာ က ဗျာ တ စ် ပု ဒ်
“ခင်ဗျားလားဗျ။ ကျောင်းသားသပိတ်စစ်ကြောင်းကို ရှေ့ ဆက်သွားခွင့်မပြုဘူးဆိုတာ၊ ကဲဗျာ မပြုချင်ဦး”
“ဖြန်း“
“ဖြန်း“
“ခင်ဗျားလားဗျ၊ ကျောင်းသားတွေကိုရှေ့ဆက်သွားခွင့်ပြုလိုက်ရင်၊ အာဖဂန်နစ္စတန်လိုဖြစ်သွားနိုင်တယ်ဆိုတာ၊ ကဲဗျာ ဖြစ် ချင်ဦး”
“ဖြန်း“
“ဖြန်း“
ကျနော်က အဲဒီလူ၊ တောင်သာမြို့က မြို့မိမြို့ဖဆိုတဲ့သူကို မေးမေးပြီး၊ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်သည်။ ကျနော် သိတာပေါ့။ ဒီလူ၊ ဦးအောင်သောင်းလူ။ ကြံ့ဖွတ်ပါတီဝင်ပေါ့။ ကျနော်သိပ်သိတာပေါ့။
ကြံ့ဖွတနဲ့အပေါင်းပါ စွမ်းအားရှင်အုပ်စုက သူတို့ကိုယ်သူတို့ မြို့မိမြို့ဖဆိုပြီး၊ ကျောင်းသားသပိတ်စစ်ကြောင်းကို လာတား တာ။ ဘယ်ရမလဲ။ ကျနော်က အဲဒီသခင်အားရ ကျွန်ပါးဝဖြစ်နေတဲ့လူရဲ့ပါးကို ဖြန်းဖြန်းကွဲအောင်ရိုက်ပစ်လိုက်တယ်။ မ ကျေ နပ်သေးဘူး။ ထပ်မေးပြီး ထပ်ရိုက်ဖို့ လက်အရွယ် ...။ ဟိုးထား။
ကျနော့်ရှေ့မှာ တွေ့ဖူးသလိုရှိတဲ့ လူနှစ်ဦးလာရပ်ပြီး လက်ပြတားတယ်။ တို့လက်နဲ့မတန်ဘူးလို့လည်း ပြောလာတယ်။ အနားကပ် သေချာကြည့်လိုက်တော့မှ ခပ်ဖိုင့်ဖိုင့်နဲ့က ဆရာဦးတင်မိုးဖြစ်နေတယ်။
ပိန်ပိန်သွယ်သွယ်တစ်ယောက်က ပန်းရည်ဘဏ်တိုက်တို့၊ တောင်တော်ပုပ္ပားတို့သီချင်းတွေရေးခဲ့တဲ့ ကန်မြဲကိုအေးကျော်ဖြစ် နေတယ်။ ဆရာဂျမ်းတို့ ဘယ်လိုကနေဘယ်လို ဒီတောင်သာ နန်းမြင့်တောင်ကြား၊ အရပ်ကခေါ်တော့ နပျင်း (နွားပျင်း) တောင်ကြား၊ ဒီနေရာကို ဘယ်ကရောက်လာကြပါလိမ့်။ နောင်မှ သတိရ။ သြော် …ဒါ သူတို့နယ်ကိုး။
+++++++++
အဲဒီနေ့ က ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်။
မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ဗ က သ (ဗကသများအဖွဲ့ ချုပ်) ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်း နာ မည်ဆိုးနဲ့ ကျော်ကြားတဲ့ တောင်သာတပ်မတော်ရှိတဲ့နေရာကို ဖြတ်တဲ့နေ့။
ဒီ နန်းမြင့်တောင်ကြားမှာ၊ လုံထိန်းရဲနဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အင်အားအလုံးအရင်းနဲ့ အကြီးအကျယ် ပိတ်ဆို့ ဟန့် တား ခြိမ်းခြောက်နေတဲ့ကြား။ ကျောင်းသားထုနဲ့ မြင်းခြံနဲ့ တောင်သာမြို့တွေက ပြေးလာဝန်းရံတဲ့ပြည်သူတွေ ရဲရဲရင့်ရင့် အောင်မြင်စွာဖောက်ထွက်သွား။ သပိတ်မှောက်ကျောင်းသားတွေရဲ့ သမိုင်းဝင် နန်းမြင့်တောင်ကြားအောင်ပွဲ။
ကျောင်းသားတွေ ခွပ်းဒေါင်းအလံတလူလူ၊ ကြွေးကြော်သံတွေ တဆူဆူနဲ့ ရှေ့ဆက်ထွက်ခွာသွားကြတော့၊ အဲဒီနေရာမှာ ကျနော် ခဏရပ်ကျန်ခဲ့။ ဆရာဂျမ်းနဲ့ ကန်မြဲ ကိုအေးကျော်တို့က ကျောင်းသားတွေနောက်မလိုက်သေးဘဲ ရပ်ကြည့်နေ။ မရှု မလှ အရှုံးပေးလိုက်ရတဲ့ ရဲတွေ၊ အောင်သောင်းလူတွေလည်း ရှက်ရှက်နဲ့ပြန်ကုန်ကြပြီ။ အဲဒီအချိန်မှာ ကျနော်က အာဖဂန်နစ္စ တန်လိုဖြစ်သွားမယ်လို့ပြောခဲ့တဲ့ ကျုပ်တို့က မြို့မိမြို့ဖဗျဆိုတဲ့လူကို မေးမေးပြီး၊ ပါးကို ပယ်ပယ်နယ်နယ်ရိုက်ပစ်လိုက်တာပါ။
ကျနော် ဒီလူ့ မျက်နှာတည့်တည့် တံတွေးနဲ့ ပျစ်ခနဲထွေးထည့်လိုက်ပြီး၊ ကျောင်းသားတွေနောက်ကို ပြေးလိုက်လာခဲ့ တယ်။ နေကပူလိုက်တာ။ ဆောင်းတွင်းနေက ချစ်ချစ်တောက်ပဲ။ လမ်းကလည်း ကြမ်းမှကြမ်းပါပဲ။ ဆူးတွေ ချိုင့်ခွက်တွေ ခဲတွေနဲ့ ။ အို … မောလိုက်တာ။ ကျနော် ပြေးနေရင်းရေငတ်လာတယ်။
+++++++++
“ဟဲလို၊ ခင်ဗျား သတိရပြီလား”
ကျနော့်နားထဲကို အသံတစ်သံ မြွေတစ်ကောင်လို တွားဝင်လာတယ်။
“ဟိုင်း၊ ခင်ဗျား သတိရပြီနော်”
ကျနော် လေးလံနေတဲ့ မျက်ခွံတွေကို အား.ယူဖွင့်ကြည့်လိုက်တယ်။ အို … မူးလိုက်တာ။ မြင်ကွင်းကမှုန်မှုန်ဝါးဝါးဖြစ်နေရာကနေပြီး၊ တဖြည်းဖြည်းကြည်လာလင်းလာ ထင်ရှားလာသည်။ အလို- ဆရာဝန်၊ ဆရာမတွေပါလား။ များလိုက်တာ။ ဆယ် ယောက်မကဘူး။ ကျနော့်ဘေးမှာ ဝိုင်းအုံပြီး ရပ်ကြည့်နေကြပါလား။    ကျနော် ကုတင်တစ်လုံးပေါ်မှာ ပက်လက်ကလေး။ ဟင်- လက်တွေက လှုပ်လို့မရပါလား။ ကျနော့်လက်နှစ်ဖက်စလုံးမှာ ပိုက်တွေက တန်းလန်း။ ကုတင်ဘေးက ဆေးပုလင်း ချိတ်တဲ့တိုင်တွေမှာလည်း ပုလင်းအစီအရီ။ လက်တစ်ဖက်က ပိုက်ထဲက အရည်က နီကျင်ကျင်။ အခြားလက်တစ်ဖက်က ပိုက်ထဲမှာကျတော့အရည်က ဝင်းဖန့်ဖန့် အရောင် ထင်သည်။
ခေါင်းဆာင်ဖြစ်ပုံရတဲ့ မဇ္ဈိမနွယ်ဖွား ဆရာဝန်က ကျနော့်အနားကပ်ပြီး တိုးတိုးရှင်းပြတယ်။ ကျနော်သူပြောတာကို အား စိုက်နားထောင်ပြီး၊ ပြန်စဉ်းစားလို့ရသလို ရှိသွားသည်။ ကျနော် ဆေးရုံကြီးတစ်ရုံရဲ့အရေးပေါ်ဌာနက အသည်းအသန်လူနာကုတင်တစ်လုံးပေါ်ရောက်နေတာဖြစ်သည်။
မနေ့ညက (ဖေဖော်ဝါရီ-၁၊ ၂ဝ၁၅) ကျနော် နှင်းမုန်တိုင်းအရေးပေါ်တာဝန်နဲ့ညအိပ်ရတဲ့ ဟိုတယ်က အခန်းတစ်ခန်းထဲမှာ၊ ရင်ဘတ်အရမ်းအောင့် မူးမိုက်ပြီးထိုးလဲလို့၊ အရေးပေါ်နိုင်းဝမ်းဝမ်း (၉၁၁) လူနာတင်ကားနဲ့ ဒီနေရာကိုရောက်လာတာ။ ဟို တယ်အခန်းကနေသယ်လာပြီး၊ အရေးပေါ်လူနာတင်ကားပေါ်လည်းရောက်ရော ကျနော်သတိမေ့သွားခဲ့တာ။ ဟေမိုဂလိုဗင် က ၅ ဒသမ ၈  ရာခိုင်နှုန်းပဲရှိတော့တာ။ လူနာတင်ကားပေါ်မှာကတည်းက ဆရာဝနနဲ့သူနာပြုတွေက အားချင်းကုကြတာ။ ကျနော် ရင်ဘတ်အောင့်လာရင် သောက်နေကျ နိုက်ထရိုဆိုတဲ့ ဆေးလုံးသေးသေးကလေးတွေ တစ်လုံးပြီးတစ်လုံး ကျနော့်လျှာ အောက် ထည့်ပေးခဲ့ရတာ။
ဆေးရုံရောက်တော့ ချက်ချင်းသွေးသွင်းဖို့ လုပ်ကြ။ အားဆေးပုလင်းတွေချိတ်ကြ။ ရှုပ်ယှက်ခတ်နေမှာပေါ့။ ကျနော်ကတော့ ဘာမှမသိဘူးလေ။ အခုချိတ်ထားတဲ့ သွေးပုလင်းက ဒုတိယမြောက်။ ကျနော်ဘယ်သိမလဲ။ မသိစိတ်နဲ့အိပ်မက်ထဲမှာ ကျ နော်က တောင်သာ နန်းမြင့်တောင်ကြားက အောင်သောင်းလူရဲ့ ပါးကိုအားရပါးရရိုက်နေခဲ့တာပေါ့။
ဆရာဝန်တွေ၊ သူနာပြုတွေအုပ်လိုက်ကြီးပြန်သွားတော့၊ ကျနော် မောပြီးကျန်ခဲ့တယ်။ မူးလည်းမူးနေသေးတယ်။ သူ့ကိုယ် သူ တောင်ကိုရီးယားသူပါလို့ပြောပြီး၊ အညာဆီရောလို့နှုတ်ဆက်တဲ့ သူနာပြုဆရာမလေးက ကျနော့်ကိုစောင့်ကြည့်ဖို့ ကျန် ခဲ့တယ်။ ကျနော့်မျက်ခွံတွေ ပြန်လေးလံလာတယ်။ ကိုရီးယားသူကလေးက အဋ္ဌမမြောက် အားဆေးပုလင်းကို ပြောင်းချိတ် တယ်။ ကျနော်အိပ်ချင်လာတယ်။
+++++++++
အညာဆောင်းရဲ့နေရောင်ကလည်း ပူလွန်းလှချည်ရဲ့။ မီးတောက်လုမတတ်ပဲ။    ကျနော် ကျောင်းသားသပိတ်စစ်ကြောင်းကို မီလာတယ်။ ကျောင်းသားတွေနဲ့အတူ ဝဲလောင်ကိုဖြတ်တော့၊ နယ်ချဲ့ ဆန့်ကျင်ရေးသူရဲကောင်းကြီး ဝဲလောင်ဗိုလ်ရာညွှန့် ကိုယ်တိုင် မြို့ဦးက ထွက်လို့ကြိုသော်ကောရယ်။ ပုပ္ပားနဲ့ ကျောက်ပန်းတောင်း၊ ဘာပြောကောင်းမလဲ၊ ခွပ်ဒေါင်းအလံတွေနဲ့ ရဲပတောင်းခတ် ရွှင်လန်းတက်ကြွလို့။
ဟော- ရှေ့မှာ ရေနံချောင်း၊ ရေနံချောင်း။ ဒေါင်းနေချောင်းမှာ ဒေါင်းတွေပေါင်းဆုံကြတော့မယ်။ ကျနော်က စစ်ကြောင်းတွေ ဆုံပြီဆိုတာနဲ့ ခွပ်ဒေါင်းအလံကြီးကြီးတလက်ကို ကောက်ကိုင်ပြီး လေထဲ အင်နဲ့ အားနဲ့ ဝှေ့ယမ်းလိုက်တယ်။
အားပါး- ကျနော့်ဘေးမှာ ဆရာဦးကြည်အောင်။ ကျနော့်ရှေ့မှာ ကိုကိုးကျွန်းအာဇာနည် ကဗျာဆရာလေးမောင် (မြင်းခြံ)။ အလို- ဟိုးရှေ့မှာ ကိုသက် (ဗကသ) နဲ့ ၊ ကိုဗဆွေလေး (တကသ) တို့ ကျောင်းသားတွေနဲ့အတူ တပ်ဦးက ရင်ပေါင် တန်းချီတက်လို့ပါလား။
+++++++++
အို … ဆွေးဆွေးမှုန်မှုန်
မေ့ဆေးထုံပျံ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုကြဆဲ။
မူးရိပ်မူးဝေ အမူးမပြေသေးတဲ့ ကျနော့်ဦးခေါင်းထဲမှာ ကာရန်တွေ ပြွတ်ခဲ ထိုးသိပ် ထွက်အန်ကျလာနေတော့သည်။
ဆရာဝန်တွေက ကျနော့်ကို အရေးပေါ်ခန်းကနေ၊ နှလုံးရောဂါဆောင် (လေးထပ်) အခန်းတစ်ခန်းထဲက ကုတင်တစ်လုံးပေါ် ပြောင်းရွှေ့လိုက်ကြပြီ။ ကျနော် မောနေသည်။ အားနည်းနေတုန်း။ မူးလည်း မူးတယ်။ လူကဆေးရုံကုတင်ပေါ်မှာ။ ကျနော့် စိတ်က ဗမာပြည်က ကျောင်းသားသပိတ်စစ်ကြောင်းဆီမှာ ရောက်နေသည်။ သူတို့ ဗကသ (ဗကသများအဖွဲ့ချုပ်) သပိတ် စစ်ကြောင်း မန္တလေး အိမ်တော်ရာဘုရားဝင်းထဲကနေ  စချီလာကတည်းက ကျနော် အွန်လိုင်းကနေ အားပေးထောက်ခံခဲ့ သည်။ ကျနော်သူတို့ကို ကူညီချင်သည်။ ဘယ်လိုကူညီမလဲ။ ကျနော် သူတို့အတွက် "ရန်ကုန်ချီကျောင်းသားသပိတ်တပ် ကြီးဘွဲ့ - မော်ဒန်လေးချိုးကြီး” ကို ဇန်နဝါရီ ၁၈ (၂ဝ၁၅) နေ့က စရေးသည်။ တစ်ချိုးရေးပြီးတိုင်း တစ်ချိုး လိုင်းပေါ်တင်သည်။ နေ့ စဉ် သပိတ်စစ်ကြောင်းသတင်းတွေ ရေဒီယိုကနားထောင်ရသည်။ ဗမာ့နွေဦးဟာ ဖေ့စ်ဘုတ်မှာလည်း လွန့်လူးလာသည်။
မဆုံးသေးတဲ့ မော်ဒန်လေးချိုးကြီးရဲ့ အဆုံးသတ် စတုတ္ထအချိုးကို ဇန်နဝါရီ ၂၈ (၂ဝ၁၅) မှာ လိုင်းပေါ်တင်လိုက်သည်။ အဲဒီ အချိန်မှာ သပိတ်တပ်ဦးက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုနန္ဒာစစ်အောင်တို့နှစ်ဦး နေပြည်တော်တွေ့ ဆုံဆွေးနွေးပွဲသွားနေကြပြီ။
မစ်ရှီဂန်မဲဇာကနေ ကျနော်က သူတို့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အပြည့်အဝ ထောက်ခံအားပေးနေသည်။ အားပေးနေရင်းနဲ့ ကျနော် ဆေးရုံပေါ်ရောက်သွားရတော့သည်။
+++++++++
ဆေးရုံပေါ်မှာ
တော်လှန်ရေးလေ၊ သွေးတစ်ပေါက်ချင်း
လက်မောင်းတွင်းကျ၊ သွေးသွင်းလူနာ
စိတ်မှာနီမောင်း၊ ခွပ်ဒေါင်းလက်ပတ်
အနာဂတ်သို့၊ ဖြတ်သန်းနေချိန်
အိပ်မက်ထဲမှာ
နှင်းသည်း လေထန်၊ မစ်ရှီဂန်ရဲ့
ဟေမန္တမုန်တိုင်းနီနီ။
အဲသည်ရက်တွေက မစ်ရှီဂန်မဲဇာမှာ နှင်းမုန်တိုင်းတွေ ထန်နေသည်။ ဖေဖော်ဝါရီ ၂ (၂ဝ၁၅) မနက်ကြီး လင်းအားသည်း အချိန်ကစလို့ အန္တရာယ်ရှိ နှင်းမုန်တိုင်းကျရောက်မည်ဟု မိုးလေဝသဌာနတွေက အရေးပေါ်သတင်းထုတ်ပြန်ထားသည်။ နှင်းက ၃ ပေအထက်ရောက်အောင် ကျမည်။ လေက မိုင် ၆ဝ - ၇ဝ အထိ တိုက်မည်။ အပူချိန်က ရေခဲမှတ်အောက်ကို အများကြီးရောက်သွားမည်။ သတိပေးထားသည်။
နှင်းသည်း လေထန် မစ်ရှီဂန်။ အမေရိကန်ပြည်သူတွေကတော့ နှင်းမုန်တိုင်းဒဏ်ကို အန်တုရင်ဆိုင်နေကျ။ ကျနော်အလုပ် လုပ် သည့်ဟိုတယ်က ကြိုတင်ပြင်ဆင်သည့်အနေနှင့်၊ ကျနော့်ကို ညအိပ်တာဝန်ပေးသည်။ ခါတိုင်းနှစ်တွေလည်း နှင်းမုန် တိုင်းရှိလျှင် ဒီလိုပဲ အိပ်နေကျပါ။
အဲဒီနေ့က တနင်္ဂနွေနေ့။ အဲဒီညမှာ အမေရိကန်တွေ အသည်းစွဲ FOOTBALL ၄၉ ကြိမ်မြောက် SUPER BOWL ဗိုလ်လုပွဲရှိ သည်။ ကျနော်က ကျနော်တို့ဘောလုံးပွဲ (SOCCER) လောက် စိတ်မဝင်စား။
အင်တာဗယ်ပေးတဲ့အချိန်၊ အမေရိကန်အဆိုတော် KATY PERRY ရဲ့ အားပါးတရဖျော်ဖြေမှုကို ကျနော် အားပါးတရကြည့်ရှု နေခဲ့ပါသေးသည်။ အပြင်မှာ နှင်းမုန်တိုင်းက စစ်ဦးဘီလူး ငြာသံပေးဝင်လာနေပြီ။ အခန်းမှန်ပြတင်းတွေကို နှင်းဖတ် နှင်းခဲ တွေက တဖြန်းဖြန်းရိုက်လာတယ်။ ပွဲကြမ်းပြီ။ မုန်တိုင်းအော်သံက ထိတ်လန့်တုန်လှုပ်စရာ။ ငလျင်တော်လည်းသလို နှင်း ရိုင်းလေက တဝေါဝေါ။ ဟိုတယ် နှစ်ယောက်ခန်း ကုတင်နှစ်လုံးမှာကျနော် တစ်ယောက်တည်း။ ရင်ဘတ်ထဲက အောင့်သ လိုလို။ ညစာလည်း မစားဖြစ်တော့။
နှင်းမုန်တိုင်း တကယ်ကျပြီဆိုရင် မလွယ်မှန်း ကျနော်သိသည်။ ကျနော် အမေရိကရောက်ပြီး၊ ငါးနှစ်အရောက်မှာ ဧရာမ ရေခဲမုန်တိုင်းနှင့်ကြုံသည်။ အမေရိကန်တွေပင် အဘား အဘား အော်ကုန်ကြသည်။ ရေပြတ်၊ မီးပြတ်၊ အင်တာနက်ပြတ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်ကုန်သည်။ ဗမာပြည်တစ်ဝန်းစာလောက်ရှိတဲ့လူတွေ ဒီမှာ ဒုက္ခလှလှ ရောက်ကုန်ကြ။ နောက်တော့လည်း နှင်းမုန်တိုင်းဘေးက ကုန်းရုန်းနိုးထ လွတ်မြောက်ကြ။ အစိုးရက လွှတ်ကူညီတာကိုး။
အဲဒီညက၊ ဟိုတယ်ညမှာ၊ နှင်းလန့် ပြီး ကျနော် ရင်ဘတ်အောင့် မူးဝေလဲကျသွားတော့၊ ကျနော်နောက်ဆုံးမြင်လိုက်ရတာက၊ ကျနော့်နဖူးပေါ်ကစီးကျလာတဲ့ သွေးတွေ ...။ သွေးတွေ ...။
+++++++++
အိပ်မက်ဆဲလေ
ဒေါင်းနေချောင်းမှာ၊ ဒေါင်းတွေပေါင်းဆုံ
ဆေးရုံကုတင်၊ အပြင်ဘက်မှာ
ဝက်ဝံလကနဲ့၊ မျက်နှာဖြတ်ရိုက်
နှင်းဖတ်နှင်းခဲ၊ သွေးချင်းချင်းရဲ
မြင်းခွာတစ်ချက်ပေါက်၊ မီးဟုန်းဟုန်းတောက်
နောက်ဆုံးအိပ်မက်၊ မနက်ဖြန်မှာ
မစ်ရှီဂန်မဲဇာ၊ ငါ၏ဒဏ်ရာ။
ဆေးရုံပေါ်ရောက်ပြီး၊ ဒုတိယမြောက်ညကျမှပဲ၊ ကျနော် ဗမာပြည်က ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနောက်ဆုံးအခြေအနေကိုသတင်းသိရသည်။ မစ်ရှီဂန်က နှင်းမုန်တိုင်းအပျက်အစီးတွေကိုသိရသည်။
မုန်တိုင်းစဲသွားခဲ့ပေမဲ့၊ နှင်းခဲ နှင်းဖတ်တွေက လမ်းမတွေပေါ်မှာ၊ မြက်ခင်းပြင်တွေပေါ်မှာ တောင်လိုပုံပြီး ကျန်ရစ်ခဲ့။ တစ် လောကလုံး နှင်းခင်းဖုံးကွယ်။ နှင်းဖွေးဖွေးထဲမှာ သွေးခဲပြီး သေသွားနိုင်တယ်။ ဆွတ်ဆွတ်ဖြူတဲ့ နှင်းတွေ တရစပ် ထန်ထန် သည်းသည်းကျနေရင် ဘာကိုမှ မမြင်နိုင်တော့ဘူး။ ညအမှောင်ထဲမှာလိုပဲ။ နှင်းအမှောင်ထဲမှာ ပေါ့။
ကျနော် အမေရိကကိုရောက်လို့၊ နှင်းမုန်တိုင်းနဲ့ ညားတော့မှပဲ၊ ဆရာမကြီးဒေါ်ကြည်အေးရဲ့ "ပထမအမြင်” ကဗျာ(ရှုမဝ၊ ဇန် နဝါရီ၊ ၁၉၇၃)ထဲက နှင်းမှောင်ကန္တာရဆိုတဲ့ စကားလုံးကို ကိုယ်တွေ့ ခံစားနားလည်ရတော့သည်။ ပြီးတော့၊ ဆရာမဖြူမွန်၏ ဆွတ်ဆွတ်မှောင်ဆိုသော ဝေါဟာရကိုလည်း ထိုနည်းအတိုင်း သဘောပေါက်ရတော့သည်။
+++++++
နှလုံးသားထဲ
မြားရိုးကျိုးကျန်၊ အို … စိုးရိမ်ရန်ကော
အိုးဝေသံကြား၊ ပြန်လာခဲ့မည်
နှင်းဆီဓားနဲ့ ၊ တအားလွှဲခုတ်
ဖြုတ်ချအစိုးရ၊ ဆေးရုံညမှာ
ချွန်မြနီမောင်း၊ ကျောင်းသားသပိတ်
ငါ မအိပ်ခင်
ပိန်းပိတ်ဖြူအောင်၊ ဆွတ်ဆွတ်မှောင်ဆဲ
အို … နှင်းမှောင်ကန္တာရ။
++++++++
သူရို့ ဆီက ကြီးကျယ်ခမ်းနား ခံ့ညားထည်ဝါလှတဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ ကျနော်က လူနာ။ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ ပျားပန်းခပ်နေသည့်မြင်ကွင်းကို၊ ဓာတ်မှန်ခန်းအသွား၊ လူနာကုတင်တွန်းလှည်းပေါ်ကနေ ဖျတ်ခနဲ ဖျိုးခနဲ ပက်လက်မြင်ရသည်။နှစ်ယောက်တစ်ခန်း အခန်းထဲမှာတော့၊ တစ်ဖက်ကုတင်က လူနာညည်းသံ သဲ့သဲ့။
အမေရိကန်က ဆေးရုံပေါ်ကနေ၊ ကျနော်က ဗမာပြည်က ဆေးရုံစောင့်ကိုလည်း သတိရရင် ရနေမိပါရဲ့ ။ ကြည်အေး- ဆေးရုံ စောင့်၏မှတ်တမ်း၊ ရှုမဝ၊ ဖေဖော်ဝါရီ၊ ၁၉၇၂။ မောင်ဒေါင်းဝတ္ထုတွေထဲက ရွေးမြစ်ကမ်းဘေးက တောဆေးရုံမွဲမွဲကလေး ကို လည်း သတိရ။ ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ
ဆရာမြသန်းတင့်ရဲ့ကျန်းမာရေးသတင်းကို ရင်တထိတ်ထိတနဲ့စောင့်ခဲ့ရပုံတွေ။ လပွတ္တာက သူငယ်ချင်းကိုမြင့်ဇော်ကို ည ဘက်လူနာစောင့်ပေးရင်း၊ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ဆောင်အပေါ်ထပ်မှာ ဆေးရုံ ဆိုတဲ့ကဗျာရေးဖြစ်ခဲ့တာတွေ။
ဆေးရုံပေါ်မှာ အတွေးတွေက ဗမာပြည်ပြန်ရောက်ပြီး၊ စိတ်က ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ အတူ ရန်ကုန်ကြောင်းချီနေဆဲ။ဆေးရုံတွေရဲ့ ထုံးစံ၊ ညဘက် လူခြေတိတ် လူနာအိပ်ချိန်၊ ကျနော်က မအိပ်နိုင်သေးဘူးပဲနဲ့ ၊ လူကကဗျာထဲရောက်သွား။ ကဗျာကလူထဲဝင်လာ။အပြန်အလှန်ထိုးဖောက်နေကြသည်။ တစ်ခါတစ်ခါ အားငယ်။
ငါ ဆုံးရှုံးမှာလား။ ရေခြားမြေခြားမှာ ငါသေဆုံးသွားမှာလား။ ဟင့်အင်း။ မစ်ရှီဂန်မဲဇာမှာတော့ ငါ့ ဝိညာဉ်ကိုမထားရစ်ခဲ့နိုင်ဘူး။ ငါ ငမိုးရိပ်ကိုရောက်အောင်ပြန်ရမယ်။ ဒါပဲ။ ငါ့ကို အမေရိကန်သင်္ချိုင်းတွေက မမြူဆွယ်နိုင်ပါဘူး။ မသိစိတ်နဲ့ ဒီမိုကရေစီနံ့ သင်းတဲ့သေမင်းကို ငြင်းဆန်နေဆဲ။ နှင်းမုန်တိုင်းထဲ ငန်းရိုင်းတစ်ကောင်ပျံသန်းနေသလို၊ တောတောင်ယံထဲ မြင်းရိုင်းတစ် ကောင် ဒုန်းစိုင်းနေသလို၊ ငမိုးရိပ်ကို ငါပျံသန်းနေတယ်။ ငမိုးရိပ်ကို ငါဒုန်းစိုင်းနေတယ်။
ငါ့ကို တိုင်းပြည်က နှင်တဲ့ လူဆိုးဗိုလ်ကြီး ရွှေရွှေ ရေ။ နင်သတ်လို့ငါမသေ။ ငါ့မြေကို ငါအရောက်ပြန်လာပြီး နင့်ကိုငါသတ်မယ်။
+++++++
အချစ်ဦးရေ …
သွေးလူးပေကျံ၊ ငါ့သံသာရ
ည မစ်ရှီဂန်၊ ထန်ထန်သည်းသည်း
နှင်းမုန်တိုင်းထဲ၊ ဘိုင်းဘိုင်းပြိုကွဲ
လဲကျသေဆုံး၊ ငါရှုံးမလား
ညများဆက်ဆက်၊ ချီတက်ခရီးရှည်
ကျောင်းသားတွေနဲ့ အတူ
ပြည်သူရှိရာ၊ ငါ၏ကဗျာ
ပြန်လာချက်ချင်း၊ မင်းသွေးသစ်တို့
မျိုးဆက်သစ်တို့ထံ၊ ငါ အပ်နှံမည်
ရှင်ပြန်ထမြောက်၊ နောက်တစ်နေ့မှာ။
ရင်ဘတ်ထဲက အောင့်နေဆဲ။ ဆေးရုံပေါ်က ညတွေလည်း အိပ်မက်ထဲမှာ အိပ်မက် မက်နေဆဲ။ ဗမာပြည်က ကျောင်းသား တွေလည်း ရန်ကုန်ရောက်အောင် အသော့နှင်ချီနေဆဲ။
အဲဒီ ကျောင်းသားသူရဲကောင်း ခွပ်ဒေါင်းတွေအတွက် အမေရိကကနေ ကျနော်လုပ်ပေးနိုင်တာကကဗျာပဲရှိတာ မဟုတ် လား။ ကဗျာက သူတို့အတွက် ကျနော်ပေးတဲ့ လက်နက် မဟုတ်လား။ ကဗျာက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်ပွဲက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်၊ သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့။
ဆေးရုံပေါ်က လူနာကုတင်ထက်မှာ လူကသာ ပက်လက်။ စိတ်ကတော့ မတ်မတ်ခိုင်ခိုင်နဲ့၊ မယိုင်မလဲ။ အိပ်မက်ထဲမှာ ဗမာ ပြည်က တော်လှန်သော၊ တိုးတက်သော ကျောင်းသားတွေနဲ့ အတူ ချီတက်ဆဲ။
သေချာတာတစ်ခုက ကျနော့်ဝိညာဉ်ဟာ ကျနော့်ခန္ဓာကိုယ်နဲ့ ကင်းကွာ မသွားသေးဘူးပဲ။ နောက်ထပ်သေချာသေးတာ တစ်ခုက၊ ကျနော့်နှလုံးသားထဲမှာ၊ ပူနွေးအစီးသန်တဲ့ ကဗျာသွေးတွေ မခြောက်မခန်းဘဲစီးဆင်းနေတုန်းပဲ။ ဒီတစ်ခါမသေရင်၊ ကျနော် ဘယ်တော့မှ မသေတော့ဘူး။ သြော် … စိုစိုနွေးနွေး
အိုးဝေသွေးနဲ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုသကြဆဲပါတကား။     ။
ဖေဖော်ဝါရီ ၁- ၃၊ ၂ဝ၁၅
(တစ်ခုသောဆေးရုံ၊ နှလုံးရောဂါဆောင်)
+++++++++
ပြည်တွင်းက ရဲဘော်ကဗျာဆရာ ညီနောင်အပေါင်းတို့ရေ ...။ ဒီစာဟာ တခြားဘာမှတော့ မဟုတ်ပါဘူး။ ဆေးရုံညတွင် ချီ တက်ခြင်းဆိုတဲ့၊ အမေရိကန်နောက်ခံ မြန်မာကဗျာတစ်ပုဒ်ရဲ့အကြောင်းသာပါပဲကွာ။
ရဲဘော်တို့အားလုံး ကျန်းကျန်းမာမာနဲ့ ကဗျာတွေ ဆက်ရေးနိုင်ကြပါစေ။    ။
ေ အ ာ င္ ေ ဝ း
(ေမ ၁၂- ၂ဝ၁၆)
Wednesday, August 24, 2016
ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က
ခေတ်ကလည်း မကောင်းဟန်၊ စနစ်ကလည်း ညောင်းပြန်၊ အဖြစ်ကလည်း ဟောင်းတန်သလောက် တော့ ဟောင်းနေပါပြီ။ ဒါပေမဲ့၊ မမေ့နိုင်သေးပါ။
၂၀၀၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်။
မန္တလေးမြို့၊ အိုရီယင်တယ်ဟောက်စ်ခန်းမ။
အဲဒီမှာ ကျနော်တို့တွေ နှဲမှုတ်ခဲ့ကြတဲ့ အကြောင်းလေးပါ။
အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေးရန်ပုံငွေ၊ အဖြူရောင် သက်တံကဗျာရွတ်ဆိုပွဲ။
ရန်ကုန်မှာ ကျနော်တို့ ပထမဆုံးပွဲကို ၂၀၀၆၊ မေလ(၆)ရက်၊ ဆရာစံလမ်း၊ မစ္စတာဂစ်တာ ကဖေးမှာ ကျင်းပခဲ့။ ဒီ ပထမဆုံးပွဲမှာ ရန်ပုံငွေ (၆၇)သိန်းကျော် အလှူခံရရှိခဲ့။
ဒီတုန်းက ဒေါက်တာခင်မေစုတို့၊ ဆရာမစုထားတို့၊ ဆရာမသန်းမြင့်အောင်တို့ “သုခရိပ်မြုံ” မှာ လက်ခံပြုစုစောင့်ရှောက်ထားတဲ့ အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေက စုစုပေါင်း (၁၃)ယောက်ပဲရှိသေး။ (ယခု ၁၃၀ မျှမကကျော်ပြီ။ မန္တလေးသုခရိပ်မြုံဆိုတာလည်းတိုးလာသည်)
ဒီတော့၊ မန္တလေးပွဲမှာရွတ်ဖို့ ကျနော်က ကဗျာတစ်ပုဒ် အသေအချာပြင်ဆင်ရေးဖွဲ့ထားလိုက်သည်။ အောက်ပါအတိုင်း။
ကေ လး တ စ် ဒါ ဇ င် နဲ့  တ စ်ေ ယာ က်
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက ဂလိုဘယ်တော့ဆန်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှောက်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး။
“Rainbows are multi-colored.
Our performance is not divided by colors,
But all white and pure.
That’s why we called it ‘white rainbow’.” [ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
မိဘမေတ္တာ ငတ်နေတဲ့ကလေးတွေပေါ့ ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
အကြင်နာ ကရုဏာလိုအပ်နေတဲ့ကလေးတွေပေါ့ ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
အဲဒီကလေးတွေဟာ
အပြစ်မဲ့တဲ့ ဓားစာခံကလေးတွေပေါ့ ။
[ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်းသွားဖို့ပြောနေတယ်
ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
ကမ္ဘာကြီးက အေ၊ အိုင်၊ ဒီ၊ အက်စ် တိုက်ဖျက်ရေးဆွေးနွေးနေတယ်
ကလေးတွေခမျာ အိတ်ခ်ျ၊ အိုင်၊ ဗွီ ပိုး ကူးစက်ခံနေရပြီ။
[ * ]
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့
ကျနော်တို့ရဲ့ပျော်ရွှင်ခြင်းကို မျှဝေရမယ်။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။
သူတို့လေးတွေ အိပ်ရေးမပျက်စေဖို့
ကျနော်တို့ရဲ့ညတွေကို လုံခြုံပေးရမယ်။
အို- မန္တလေး
ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်လေ။ ။
(၂၀၀၆)
သို့သော် … ။ မန္တလေးမှာ စစ်ပဒေသရာဇ်ကြီးရဲ့တစ်ချက်လွှတ်အမိန့်နဲ့၊ ပွဲမှာ သီချင်းပဲ ဆိုခွင့်ရ။ ကဗျာရွတ်ဆိုခွင့်မရ၊ လုံးဝ မရခဲ့။
သို့သော် … ။ ကျနော်တို့ ဒီမန္တလေးပွဲမှာ ရန်ပုံငွေ (၁၀၂)သိန်း အလှူခံရအောင်၊ ပွဲကို စီစဉ် တင်ဆက်နိုင်ခဲ့။
မန္တလေးတိုင်း ထွေ/အုပ် က တာဝန်ကြီးကြီးရှိသူကိုယ်တိုင် ခန်းမထဲက ရှေ့ဆုံးခုံတန်းမှာ အကျအနထိုင်ပြီး ပွဲကို လာစောင့်ကြည့်နေသည်။ လာထောက်လှမ်းနေသည်။
ဘယ်ရမလဲ။ သူ့မျက်စိရှေ့မှောက်မှာ ကျနော်တို့ကဗျာတွေ တွင်တွင်ရွတ်ခဲ့ကြသည်။ ကဗျာမြစ်ရေ သွင်သွင်စီးခဲ့လှပြီ။ ကျနော်တို့ကဗျာရွတ်နေတာကို အနှီပုဂ္ဂိုလ်မသိ။
ပွဲအဖွင့်မှာ၊ ဖယောင်းတိုင်မီးထွန်းပါဖောမန့်နှင့်အတူ ဆန်းထွဋ်နှင့်ချောအိသိမ်းတို့၊ ဇော်သက်ထွေး ရေးပေးထားတဲ့ကဗျာကိုရွတ်ပြီး စင်ပေါ်တက်လာသည်။ သီချင်းပဲ ဆိုခွင့်ပြုထားတဲ့စင်ပေါ်မှာ၊ လူတိုင်းက ကဗျာတွေ တက်တက်ရွတ်နေကြသည်။
အခမ်းအနားမှူး (မ)တင်မိုးလွင်ကအစ၊ မန္တလေးကပွဲစီစဉ်သူတွေအလယ်၊ ရန်ကုန်ကလိုက်လာကြတဲ့ သျှီ၊ သင်ဇာဝင့်ကျော်၊ ငွေစင်သွန်း စတဲ့ကလေးတွေအဆုံး၊ အားလုံးဟာ ကဗျာဖြစ်နေကြတော့သည်။
တင်မိုးလွင်ဖိတ်ခေါ်လိုက်တော့ ကိုစောဝေ စင်ပေါ်တက်လာသည်။ သူက ဘာကဗျာမှ မရွတ်ပါ။ သူ့ကိုယ်လုံး၀၀ကြီးကိုယ်နှိုက်က ကဗျာတုံးကဗျာခဲကြီးဖြစ်လို့နေသည်။
ပွဲပြီးခါနီးလာတော့၊ ကဗျာဆရာတွေ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ကျနော်က ကျနော်၏ ကလေးတစ်ဒါဇင်နဲ့တစ်ယောက်ကဗျာထဲက-
“Rainbows are multi-colored.
Our performance is not divided by colors,
But all white and pure.
That’s why we called it ‘white rainbow’.”
အင်္ဂလိပ်စာပိုဒ်ကို အကျယ်လောင်ဆုံး အော်ဟစ်ရွတ်ဆိုပစ်လိုက်သည်။
ပွဲပြီးတော့၊ ကျနော်တို့အားလုံး စုပေါင်းဓာတ်ပုံရိုက် အောင်ပွဲခံကြသည်။ ပွဲပြီးပြီးချင်း၊ မန္တလေးတိုင်း စစ်ပဒေသရာဇ်ကြီးရဲ့အထူးစောင့်ကြည့် ထွေ/အုပ်ပုဂ္ဂိုလ်ခမျာ မျက်စိမျက်နှာပျက်ပျက် နှင့် ထိုင်ရာက ထပြန်သွားတာတွေ့လိုက်ရသည်။
ကျနော်တို့ ပွဲတစ်လျှောက်လုံး နှဲမြိုင်မြိုင်မှုတ်နေတာကို ဘာမှန်းမသိထိုင်ကြည့်ရင်း၊ ပွဲပြီးတော့မှ ထိုပုဂ္ဂိုလ် သတိထားမိသွားပုံရပါသည်။
ဟုတ်တယ်လေ။ သူတို့က ဒီအခန်းထဲမှာ တယောမထိုးရလို့ တားမြစ်အမိန့်ထုတ်ထားတယ်။
ကျနော်တို့ကလည်း သူတို့တားမြစ်ထားသလို တယောမထိုးပါဘူး။ ဒါပေမဲ့၊ ကျနော်တို့အားလုံး နှဲတွေ
ပြိုင်တူ မှုတ်ခဲ့ကြတယ်။ အားရစရာပါပဲ။ ကြည်နူးစရာပါပဲ။ လွမ်းလွမ်းနဲ့မှုတ်လိုက်ကြတဲ့ နှဲသံတွေကလည်း ချောလိုက်ပါဘိသနဲ့။
“နှဲချောတော့ တယော” လို့ ဆိုကြတယ် မဟုတ်လား။
ဟုတ်ကဲ့ပါ။ တယော မထိုးရ ဆိုတဲ့ မန္တလေးမှာ ကိုရွှေအောင်ဝေးတို့လူသိုက် နှဲမှုတ်ခဲ့ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်လေးပါ။
အားလုံးကို လွမ်းပါတယ်။ ။
ေ အ ာ င္ ေ ၀ း
သြဂုတ် ၂၃- ၂၀၁၆။
Monday, August 22, 2016
ပန်း နု ရောင် အို ဋီ ကာ ၊ ဒဂုန်တာရာ (၁၉၁၉ - ၂၀၁၃)
“အိုနု ပျိုရင့်
သူနှင့်ချယ်ရီ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ...”
(ဒဂုန်တာရာ)
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားတယ်။
သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ
ကြီးလေးကြီးအစဉ်အလာ
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားခဲ့တယ်။
ပါဘလိုနီရူဒါရေ...
ဂုဏ်ပြုအပ်တဲ့
မိတ်ဆွေတစ်ယောက်ကို
ဆီးကြိုပါတော့။
ဝင်းမော်ဦးရေ...
သမီးရေ...
နွေဦးအမတ
မသေညမှာ
သည်းတို့ အဘကို
ထကြိုပါဦး။
သမီးတို့ အတန်းက
ရှေ့ ဆုံးခုံတန်းလေး
ထိုင်သူဝေးခဲ့တာ။
သက်ဝင်းအောင်ရေ...
နေရောင်တစောင်း
မင်းတို့ ကျောင်းက
ခွပ်ဒေါင်းအလံကလေး
သွေးစွန်းခဲ့တာ။
ငှက်ရေ...
ရာဇ၀င်ဖြတ်သန်း
အိပ်မက်တင်းကျမ်း
ခေတ်ရဲ့ လမ်းမှာ
ပန်းတွေ ကြယ်တွေ
ကြွေနေခဲ့တာ။
ဟောဒီ
ကြယ်အကြွေကြမ်းတဲ့
သြဂုတ်လသရမ်း
ဇာတ်ဝင်ခန်းမှာ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
အဝေးကလွမ်း
ဟိုး... အောင်ပန်း
မဲနယ်တောင်တန်း
အမှောင်သန်းချိန်
ငြီမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
မိုးဝေးရေ...
ငါတို့ ဆရာ ကွယ်လွန်ခဲ့ပြီ။
အေးမင်းစောရေ...
အစ်ကိုတို့ ဖခင် ကွယ်လွန်ခဲ့ပြီ။
မမခင်ဦးစံပယ်ရေ...
ကျနော်တို့ ခေါင်းဆောင် ကွယ်လွန်ခဲ့ပြီ။
မြရာတောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်
လမ်းပျောက်တဲ့ မြိုင် ရေ...
“ဌေးမြိုင်”လာပြီလေ။
“ကိုဌေးမြိုင်
ကျနော်တို့ ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်”
(သန်းထွန်း)
တောထဲကလာတဲ့စာလေးတစ်စောင်ရယ်
တော့ ကာ သာ ဘဲ ရယ်နဲ့ 
ဆရာဗန်းမော်တင်အောင်ရယ်
ဆရာမြသန်းတင့်ရယ်
သခင်မြသန်းရယ်
အဘလေထီးဦးအုန်းမောင်ရယ်
ကျဆုံးလေပြီးသောပန်းပွင့်များရယ်
၃၉ လရောင်
ကိုလိုနီနှောင်ကြိုးအောက်က
လားရှိုးလမ်းမကြီးရယ်
မတ်လတော်လှန်ရေးရယ်
စာပေသစ်ရယ်
လွမ်းရစ်တော့သက်လှယ်ရယ်။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
အောင်ဆန်းကလည်း ချစ်တာပဲ
အောင်ဆန်းသမီးကလည်း
ချစ်တာပဲ။
ဆရာ့ ကိုဆိုရင်
(ကိုဌေးမြိုင်ဆိုရင်)
ဗဟိန်းကလည်း ချစ်တာပဲ
ဗဟိန်းဇနီး
မခင်ကြီးကလည်း ချစ်တာပဲ။
အမေလူထုဒေါ်အမာရယ်
ဆရာ့ ကိုဆိုရင်
တောကြိုအုံကြား
ဘုံကျွန်တွေအလား
အခြေခံလူတန်းစား
အလုပ်သမား လယ်သမား
ငသြတွေ ငဘတွေ
ပြည်သူတွေကလည်း ချစ်တာပါပဲ။
ပြည်သူတွေလက်နဲ့ 
အထက်သန်ဆုံး
နှလုံးသားမြှုပ်ကူ
(ဆရာ့ ရဲ့ )
ငြိမ်းချမ်းရေးအုတ်ဂူမှာ
ရန်သူတွေ ဒူးထောက်ရစေသား။
ဒဂုန်တာရာ
ဘုံကဗျာကို
လင်းယုန်စောင့်ရှောက်ပါစေသား။
သစ်ခွပြာရိုင်း
မိုးလုံးမှိုင်းတွေ
ဒုန်းစိုင်း ဒုန်းစိုင်း
အို...မြင်းရိုင်းတွေ
တောရိုင်းတောင်ရိုင်း
မြစ်တံတိုင်းတွေ
ရေရိုင်းမြေရိုင်း
ပင်လယ်လှိုင်းတွေ
သမိုင်း သမိုင်း
တို့ သမိုင်းမှာ
“မှိုင်း” နဲ့ ”ဆန်း” ရဲ့ 
အတိုင်းမဲ့အလွမ်းတွေ
“ဆန်း” နဲ့ ”ဟိန်း” ရဲ့ 
လွမ်းဖွဲ့ ယိမ်းနွဲ့ 
ငြိမ်းချမ်းရေးက
လေနုအေးက
တနွဲ့ နွဲ့ နော့နေဆဲလား။
မေရေ...
မေရေ...
နွေဦးသေပြီ။
ကြည်အေးရဲ့ မီ
တီဘီ ရေ...
နွေဦးသေပြီ။
နှင်းဆီ နှင်းဆီ
အနီထဲက
နွေဦးသေပြီ။
အချစ်ရေ...
မျက်ရည်တစ်စ
ကြွေမကျနဲ့ 
ညဆိုတာ
မှောင်မှာပဲလေ။
မှောင်တာကိုက
အလင်းရောင်ပဲလေ။
အမှောင်ထဲမှာမှ
ကြယ်တွေရဲ့ အလှကို
မြင်ခွင့်ရ
ဘ၀ဟာ ညပဲ။
မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြပြီ။
ဆိတ်ဖလူးရနံ့ တောမှာ
ကြယ်တွေ ကြွေလျှောခဲ့ကြပြီ။
အဓိပတိလမ်းပေါ်မှာ
ကြယ်တွေကြွေရော်ခဲ့ကြပြီ။
ဧရာဝတီရေ...
ကြယ်ကြွေရေဆန်
မုန်တိုင်းထန်ပါလော့ ။
ပုန်ကန်နွယ်တို့ အဖေရေ...
မေရဲ့ ကဗျာဆရာကို
အပြာတို့ အ၀ါတို့ နဲ့ ကြိုပါတော့။
အစ်ကိုသခွပ်ရေ...
“ဒဂုန်တာရာကစ
မောင်လေးအောင်အဆုံး
ပန်းတစ်ကုံးပဲ”
ရေးပါဦးလား
နောက်ဆုံးတိုက်ပွဲ
ကဗျာပဲလေ။
ဟေမာနေ၀င်းရေ...
ဒိုရာသန်းအေး
လှေကလေးနဲ့ 
ဆွေးပါဦးလား။
နှလုံးသားထဲ
မြားဝင်ထုတ်ချင်း
မြစ်တစ်စင်းဟာ
ရင်တွင်းလှိုင်းရိုက်
ဦးညွှတ်လိုက်ပါရဲ့ ။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
မောင်ယဉ်မွန်ကလည်းကြိုမယ်
ဖော်ဝေးကလည်းကြိုမယ်
ဒေါင်းနွယ်ဆွေကလည်းကြိုမယ်
အောင်လင်းကလည်းကြိုမယ်
နိုင်ဝင်းဆွေကလည်းကြိုမယ်
ခင်ဝမ်းကလည်းကြိုမယ်
မောင်ချောနွယ်ကလည်းကြိုမယ်
တင်မိုးကလည်းကြိုမယ်
ကြည်အောင်ကလည်းကြိုမယ်
မောင်ရန်ပိုင်ကလည်းကြိုမယ်
မင်းလူကလည်းကြိုမယ်
မောင်ဝံသကလည်းကြိုမယ်။
ဆရာရေ..
ဆရာနဲ့ ကျနော်တို့ တွေ
ရုပ်မြင်သံကြားတယ်လီဖုန်းကနေ
တွေ့ ကြမယ်လေ။
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထူထားခဲ့ပါတယ်။
ဟံသာဝတီဦးဝင်းတင်အစ
ဒေါ်အောင်ဆန်းစုကြည်အလယ်
မင်းကိုနိုင်အဆုံး
အားလုံးကို အကြောင်းကြားပါရဲ့ ။
အခုအချိန်ကစပြီး
ငြိမ်းချမ်းရေးဟာ
ထွက်ခွာသွားပါပြီ။
“အကောင်းကိုရှာ၏
အကောင်းကားမရှိတော့”
အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ။
(ဒီကဗျာဟာ ဆရာဒဂုန်တာရာ၏ခြေအစုံက မြေမှုန်ငယ်တမျှသာပါ)
အောင်ဝေး
သြဂုတ် ၂၀- ၂၀၁၃
ခေတ္တ- မစ်ရှီဂန်။
(သရုပ်ဖော် - ဂရပ်ဖစ် ကိုမျိုး+)
Saturday, August 13, 2016
သြ ဂု တ် လ ( ၁ ၄ ) ရ က်ေ န့  မ န က် ခ င်း သြ ၀ါ ဒ
"ငှက်သို့လျှင်
ပေါ့ ပါးသော အသက်မွေးမှုကို
ပြုရာ၏"
(ေ မ တ္တ သု တ် )
---------------
ငှက်သို့လျှင်
ချစ်ခြင်းမေတ္တာနှင့်ဥာဏ်ပညာကို
တန်ဖိုးထားရာ၏။
--------------
ချစ်ခြင်းအားဖြင့်ပင်-
ေ အ ာ င္ ေ ၀ း ။
တို င်း ပြု ပြ ည် ပြု အ ရ က် သ မား (နှမငယ်ထွေး၊ ဖြူနှင်းဖွေးသို့)
မောင်သင်းခိုင်ရေးခဲ့ဖူးတဲ့ ၁၉၈၀ ကျော်လောက်က မိုးဝေကဗျာတစ်ပုဒ်ကို ပြန်အမှတ်ရတယ်။ “အရက်မြစ်ထဲ၊ လက်ပစ်ပဲ ကူးနေချင်” အစချီတဲ့ “အရက်ဖြစ်သွားတဲ့နာရီ” ကဗျာ။ အကုန်အစင် မမှတ်မိတော့ပါဘူး။ နောက်ဆုံးစာကြောင်းကိုတော့ မှတ်မိနေတယ်။ “ပုဇွန်တောင်မှာ မော့ဖို့လေ” တဲ့။ ဟုတ်တယ်လေ။ ပုဇွန်တောင်မှာ မောင်လေးအောင် စောင့်နေရော့မယ်လေ။
အောက်ပါမေးခွန်းများကိုဖြေပါ
————————————
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ။ ညည်း ဖြေကြည့်ပါ။
(၁) မောင်လေးအောင် ကို သိလား။
(၂) ငြိမ်းသစ် ကို သိလား။
(၃) မောင်တင်သစ် ကို သိလား။
သူတို့ အားလုံးဟာ ကဗျာဆရာတွေပါပဲကွယ်။ သူတို့အားလုံးဟာ (ညည်းစွပ်စွဲတိုက်ခိုက်သလို) အရက်သမားတွေပဲပေါ့ ။
မြန်မာကဗျာဆရာ(အများစု)ဟာ အရက်အိုးထဲ ခေါင်းစိုက်နေတဲ့သဘော ညည်း အဝေဖန်စော ခဲ့တယ်။ “ဒါကတော့ ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့” လို့ ဗိုလ်အောင်ဒင်ပြောသလို ပြောရတော့မယ်။
တို့ အနုပညာမှော်ရုံတောမှာတော့၊ တို့  ကဗျာဆရာတွေကြားမှာတော့၊ စန္ဒရားသံ တလဲ့လဲ့ ကြားမှာ ဖန်ခွက်ချင်းတိုက်သံလည်းကြားရမယ်။ ဖန်ခွက်ခွဲသံ၊ ဖန်ခွက်ကွဲသံ၊ ရန်ဘက်ဆဲသံလည်းကြား ရမယ်။ ကဗျာဆရာမှန်ရင် ဒီအသံတွေ ကြားရစမြဲ။ သူတို့ ဟာ အရက်ကြိုက်တတ်တဲ့ ပုရိသအနွယ်ဝင် သူတော်စင်တွေပါဗျာ။
သူတို့ ဟာ အရက်ကိုးမောင်းသောက်ပြီး၊ ဖိနှိပ်တဲ့ စစ်အစိုးရကို ဖော်လံဖား ဘောမ နေတဲ့ ဖောက်ပြန်ရေးသမားတွေလည်း မဟုတ်ကြပါဘူး။ သူတို့ဟာ အရက်ဇိမ်ခံသောက်ပြီး၊ အဖိနှိပ်ခံပြည်သူ တွေအပေါ် စော်ကားမော်ကားပြုနေကြသူတွေလည်း မဟုတ်ရပါ။ သူတို့ ဟာ တိုင်းပြည်နဲ့လူမျိုး စစ်အာဏာရှင်စနစ်သံဖနောင့်အောက်မှာ ပြားပြားဝပ် ဒုက္ခပင်လယ်ဝေနေတာကို မသိကျိုးကျွန်ပြုနေကြတဲ့ တစ်ကိုယ်ကောင်းအတ္တသမားတွေလည်း လုံးဝ မဟုတ်ကြကြောင်းပါ။
သူတို့ ဟာသူတို့၊ လူပီပီ၊ ပုထုဇဉ်ညီညီ အရက်သေစာကြိုက်ကောင်း ကြိုက်ကြပါလိမ့်မယ်။ အရက်သေရည်သောက်ကောင်း သောက်ကြပါလိမ့်မယ်။ ဒါပေမဲ့၊ သူတို့ဟာ တိုင်းပြည်ဖျက်သူတွေ၊ အမျိုးဖျက်သူတွေတော့ မဟုတ်ရေးချ မဟုတ်ရပါဗျာ။
အရက်ဟာ သူတို့ ဘ၀ရဲ့အပြစ်အနာအဆာလို့ဆိုရင်တောင်၊ သူတို့အပြစ်ကြောင့် ဘယ် အဖိနှိပ်ခံပြည်သူတစ်ဦးတစ်ယောက်မှ မထိခိုက် မနစ်နာခဲ့ကြပါဘူး။ သူတို့ကို အဲဒီအပြစ်အနာအဆာကြောင့်၊ ကမ္ဘာကြီးအပြင်ဘက်ကို မောင်းထုတ်လိုက်ကြမယ်ဆိုရင်၊ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိဖုံးပြီး ကျန် ရစ်ခဲ့တော့မှာ။
ဒါကြောင့် ပြောတာပါ။ ကဗျာဆရာတွေကို ချစ်တဲ့စိတ်နဲ့သာကြည့်ပါ။ သူတို့ ဟာ ဘယ်သူ့ကိုမှ အနာတရဖြစ်အောင် မလုပ်တတ်ကြပါဘူးရယ်။
ဟောဒီကဗျာ ဖတ်ကြည့်
—————————–
အချစ်ဖြင့်စီးဆင်းနေသောနှလုံးအိမ်
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ တေးအလင်္ကာ
ကဗျာတစ်စ၊ သည်အလှလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ ဟိုအဝေးမှ
နှမရွယ်လူး၊ ငါ့ ချစ်ဦးလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
သေရည်မူးမူး၊ လူမူးမူးလေ
မူးယစ်ခြင်းကို ချစ်တတ်သူ။
မည်သို့ပင်ဖြစ်စေ
အချစ်အားလုံး၊ ငါ့ နှလုံးမှာ
ဖွဲ့ရုံးစုစည်း၊ အားမာန်ကြီးသည်
မပြီးဆုံးတဲ့အချစ်လေ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်၊ သွေးသံလှိုင်းကြွ
ငါ့ ရင်ဝမှ၊ အလှရုပ်လွှာ
ငါ ငါ တသနေဆဲပါလား။ ။
မောင်လေးအောင်
(၁၉၇၇ ဇွန်၊ မိုးဝေမဂ္ဂဇင်း)
` ဒါ မောင်လေးအောင် မကွယ်လွန်ခင် နောက်ဆုံးရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။ မောင်လေးအောင် ၁၉၇၇ ခုနှစ်၊ မေလ(၁၉)ရက်နေ့ ကွယ်လွန်ပါတယ်။ သူ ၀န်ခံခဲ့ပါတယ်။ “သေရည်မူးမူး၊ လူမူးမူးလေ
မူးယစ်ခြင်းကို ချစ်တတ်သူ” တဲ့။
မောင်လေးအောင်ကို အရက်သမားပဲဆိုပြီး ဘယ်သူပစ်ပယ်ရဲသလဲ။ ခေတ်သစ်မြန်မာကဗျာ
သမိုင်းမှာ မောင်လေးအောင်နာမည် မပါရင် ပြည့်စုံနိုင်မှာတဲ့လား။
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ၊ ညည်းကိုတော့ အိမ်စာပေးရတော့မယ်။ မောင်လေးအောင်ရဲ့ “ဒီဇင်ဘာ ၂၀” ကိုရှာဖတ်။ မောင်လေးအောင်ရဲ့ “နစ်ကဆင်နဲ့စစ်တုရင်ကစားခြင်း” ကိုရှာဖတ်။ မောင်လေးအောင်ရဲ့ “ချစ်သူတို့ရဲ့အလှဆုံးခေတ်ဦးသို့” ကိုရှာဖတ်။
ခေတ်ကို ကဗျာထဲထည့်ခြင်း
——————————–
သမိုင်းခေတ်အဆက်ဆက်၊ ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှုအဆက်ဆက်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အရေးတော်ပုံအဆက်ဆက်၊ မြန်မာကဗျာဆရာတွေဟာ ခေတ်ကို ကဗျာထဲ သေသေသပ်သပ် ထည့်ခဲ့ကြပါတယ်။
ကဗျာဆရာတွေဟာ ခေတ်ကိုလုပ်နိုင်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ ကဗျာဆရာတွေက
သူတို့ကဗျာတွေမှာ ခေတ်ကို ရာဇ၀င်မြောက် ထင်ဟပ်နိုင်၊ ထည့်ပြနိုင်သူတွေပါ။
ကဲ … ၊ နှမငယ်ထွေး၊ ဖြူနှင်းဖွေးကို၊ လူဆိုးဗိုလ်ကြီးရွှေရွှေတို့ခေတ်က လူမဆန်တဲ့အဖြစ် အပျက်တစ်ခုပြောပြမယ်။ ညည်းတို့ကြားဖူးကြပါ့ မလား။ မော်လမြိုင်အကျဉ်းထောင်ထဲမှာ ဖြစ်ပျက်ခဲ့
တာလေ။ ဗိုလ်ကြီးဝင်းဗိုလ် တဲ့။ ထောင်ကျနေတဲ့ပြည်သူ့ဘက်သား တစ်ယောက်ပေါ့ ။ ထောင်အာဏာပိုင်တွေနဲ့ ခင်ညွန့်စစ်ထောက်လှမ်းရေးတွေ ၀ိုင်းရိုက်လို့ ထောင်ထဲမှာ အသက်ဆုံးခဲ့ရတယ်။ ဒီအကြောင်း ဘယ်သတင်းစာထဲပါခဲ့လို့လဲ။ ဘယ်ဂျာနယ်ထဲထည့်ခဲ့လို့လဲ။ ဒါပေမဲ့၊ ဒီအကြောင်း အဖိနှိပ်ခံပြည်သူတွေသိသွားကြတယ်။ ကမ္ဘာကြီးတစ်ခုလုံး သိသွားကြတယ်။ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက်၊ မော်လမြိုင်အကျဉ်းထောင်ထဲက အဖြစ်အပျက်ပေါ့ ။
ဖြူနှင်းဖွေးရေ၊ ညည်းက အရက်သမားတွေပါလို့သတ်မှတ်ထားတဲ့ ကဗျာဆရာတစ်ယောက်က အဲဒီအဖြစ်အပျက်ကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် ပြောပြနိုင်ခဲ့တယ်လေ။ သူကိုယ်တိုင် အဲဒီ မော်လမြိုင်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အဖြစ်နဲ့ဖြတ်သန်းနေခဲ့တဲ့ အချိန်ကပေါ့ ။
တစ္ဆေကြီး
———–
အမှောင်တွေ ခပ်သည်းသည်းထိမှန်နေတဲ့ည
တစိမ့်စိမ့်ယိုကျလာတာကလည်းအမှောင်
အဲဒီအိစိုဝင်းပနေတဲ့အမှောင်ထဲ
မည်းခနဲပျို့တက်လာတဲ့ကြေကွဲမှုဝိသေသ
ဖွဖွညင်ညင်ခိုးဝင်လာခဲ့
ခင်ဗျားလာပါ
ကျနော်မအိပ်ဘဲထိုင်စောင့်နေတာ
ခင်ဗျားအပြုံးကိုပါပဲ။
မီးမောင်းတွေထိုးထားတဲ့ကြားက
ကမ္မဇိတ္ထိတန်ခိုးနဲ့အမိုးစွန်းကိုတွဲခို
ရုတ်ဆို ခင်ဗျားပျောက်သွားပြန်ရော
ကြိုးတိုက်ဘက်ကနေ
အုတ်တံတိုင်းကိုလွှားခနဲကျော်ချ
ဝါဒါတွေလန့်အော်ပြီး ထွက်ပြေးကြရဲ့။
မနေ့ညကလည်း
ဝါဒါတစ်ယောက် လက်ဖက်ရည်အိတ်ဆွဲလာတာကို
ခင်ဗျားလိုက်လုတယ်၊ ပြီးတော့
“လက်ဖက်ရည်သောက်ချင်လို့” တဲ့
ရဲဘော်တွေကိုခင်ဗျားလိုက်ပြောတယ်
တစ္ဆေကြီးရေ
ကျနော်တို့လည်း ခင်ဗျားလိုငတ်နေကြတာပါပဲ။
ခင်ဗျား တရားမှတ်ဖြစ်ရဲ့လား
ကလေးတွေနဲ့တွေ့ပြီးပြီလား
ခင်ဗျားအမေ့ထဘီကော လျှော်ပေးခဲ့သေးလား
ခင်ဗျားကိုအကျဉ်းချထားဆဲလား
ခင်ဗျားကိုယ်တိုင်က ရဲဘော်တွေကိုကာကွယ်စောင့်ရှောက်ဖို့
ရဲဘော်တွေနဲ့လာနေတာလား။
နားပါတော့ဗျာ
ခင်ဗျားပင်ပန်းလှပါပြီ
အကျဉ်းသားအားလုံးလွတ်မြောက်ဖို့လှုံ့ဆော်ရင်း
ခင်ဗျားကိုယ်တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်လာခဲ့ရ
ထောင်ထဲရောက်တော့လည်း
အဓမ္မလိင်တူဆက်ဆံခံရတဲ့
အကျဉ်းကျ ကလေးစစ်သားတွေကိုကာကွယ်စောင့်ရှောက်ရင်း
ထောင်အာဏာပိုင်တွေရဲ့နောက်ပြန်လက်ထိတ်ခတ်
လည်ပင်းနင်းပြီးရိုက်သတ်တာခံရပြန်ရော။
ဒါဟာ မင်းမဲ့စရိုက်
ဒါဟာ ဥပဒေမဲ့ပြုကျင့်မှု
အဘူဂါရိပ်အကျဉ်းထောင်က
ရက်စက်ညှဉ်းပန်းသူ(၇)ယောက်ကိုရုံးတင်ခဲ့တယ်
ခင်ဗျားကိုရိုက်သတ်တဲ့(၂၃)ယောက်
တစ်ယောက်မှရုံးမတင်ခဲ့ဘူး
ကျနော်တို့အားလုံးညံ့ခဲ့ကြတယ်
စာကလေးကို ကျီးထိုးသုတ်တာမြင်ပါလျက်
လှန့်မထုတ်နိုင်တဲ့ဘ၀မျိုးနဲ့
ကျနော်တို့ညံ့ခဲ့ကြတယ်။
တစ္ဆေကြီးရေ
ခင်ဗျားဟာ “ရှင်” မထူးခဲ့ဘူး
ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး
ခင်ဗျားဟာ ရန်သူဘက်ကနေ
မိမိဘက်ကို ကူးပြောင်းလာသူ
ဟောဒီနံရံတံတိုင်းတွေပေါ်မှာ
ခင်ဗျားရဲ့ကြီးမြတ်ခမ်းနားမှုကို
ခင်ဗျားကိုယ်တိုင်ကမ္ပည်းထိုးနိုင်ခဲ့
ကောင်းကင်ပေါ်ကကြယ်ပွင့်တွေဟာ
မြေပြင်မှာကျခဲ့ရတဲ့
ခင်ဗျားရဲ့ရွှန်းလက်တဲ့သွေးစက်တွေပေါ့ ။
အဲဒါကို
ပထမဆုံးတွေ့မြင်သူဟာ
ခင်ဗျားကိုယ်တိုင် မဟုတ်နိုင်တော့ဘူး။
တစ္ဆေကြီးရေ
မကြာခင် ကျနော်တို့ပြန်ကြတော့မယ်
ခင်ဗျားက နေကျန်ခဲ့မှာလား။ ။
ငြိမ်းသစ်
(၂၀၀၀)
ဒီကဗျာကို၊ ဒီကဗျာဆရာကသာ ကဗျာလောကထဲ မထည့်ဝင်ခဲ့ရင်၊ ပြည်သူတွေကြားထဲ မစိုက်ထည့်ခဲ့ရင်၊ ဗိုလ်ကြီးဝင်းဗိုလ်လို ပြည်သူ့ဘက်ကရပ်တည်ပြီး၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဘယ်သူတွေက သိနိုင်ကြမှာတဲ့လဲ။
သူတို့ဟာ ထောင်ထွက်တွေ
——————————–
ခေတ်မကောင်းတော့၊ ကဗျာဆရာအတော်များများလည်း ထောင်ထွက်တွေဖြစ်ခဲ့ကြရတယ်။
ပြည်သူ့ဘက်ကရပ်တည်တဲ့၊ တိုးတက်တော်လှန်တဲ့ ကဗျာဆရာအများစုဟာ ထောင်အုတ်ရိုး သေးပန်း နေကြတာပါ။ သူတို့အများစုဟာ သူတို့ရဲ့စာတွေ၊ ကဗျာတွေကြောင့်ရော၊ သူတို့ရဲ့နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုတွေကြောင့်ပါ မင်းမျက်သင့်ကြ၊ မင်းပြစ်မင်းဒဏ်ခံကြရပါတယ်။ ထောင်ထဲရောက်တော့ လည်း သူတို့ဟာ “ထောင်ကျတော့၊ စောင်ရတာပေါ့ ” လို့ ဒုက္ခကို ဟားတိုက်ရယ်မောပစ်နိုင်တဲ့ သူတွေပါ။
အဲဒီအထဲက တစ်ယောက်။ မောင်တင်သစ်။ သူ မြောင်းမြထောင်က ပြန်ခဲ့တယ်။ သူ ၂၀၀၇ မှာ ကဗျာတစ်ပုဒ်ရေးလိုက်တယ်။
ဒီနေ့ဟာ အစဖြစ်တယ်
————————-
ဒီနေ့ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ဝင်ရောက်ကြပါစို့။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့ အိမ်အမိုးစွန်းကိုဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့၊ သူတို့အမွေးအတောင်တွေကိုဖြန့်ပြီး
က နေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်တည်းတီးလိုက်ကြပေါ့ ။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ဟာ
လေညင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓာတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့
အားလုံးဟာ
တည်ကြည်ခံ့ညားကြလို့ပေါ့ ။
မြို့အနှံ့ကခေါင်းလောင်းတွေဟာ
အနှစ်နှစ်အလလ ဆွံ့အနေခဲ့တဲ့သူတို့အသံ
သူတို့ပြန်ရပြီမို့
ဝမ်းသာမဆုံးဖြစ်လို့
(အပြုံးမျက်နှာတွေဟာ
ပြန်ပြီး တည်လို့မရတော့သလိုမျိုး)
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကိုစောင့်နေကြပြီ။
ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုး မရှိဘူး။
ချောင်းတွေ့ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့မယ်။
ဒီနေ့ဟာ အစဖြစ်တယ်
အရာအားလုံး
အစက ပြန်စမယ့် အစဖြစ်တယ်။
ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့တွေထဲက တစ်နေ့ဖြစ်တယ်။
ဒီနေ့ဟာ
စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး
စစ်ပွဲပြီးဆုံးတဲ့နေ့မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့မှာ
စစ်နိုင်သူမရှိဘူး
စစ်ရှုံးသူမရှိဘူး။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှ မရေးခဲ့တဲ့ လူတစ်ယောက်နဲ့
ဘာထူးဦးတော့မလဲ။ ။
မောင်တင်သစ်
(၂၀၀၇ ဧပြီ၊ စံပယ်ဖြူမဂ္ဂဇင်း)
၂၀၀၇ စက်တင်ဘာမှာ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တာဆိုတော့၊ ဒီကဗျာဟာ ရွှေဝါရောင်တော်လှန်ရေးကိုများ ကြိုတင် နိမိတ်ဖတ်ခဲ့လေသလား။
လူဆိုးဗိုလ်ကြီးရွှေရွှေတို့လက်အောက်မှာ ဒီကဗျာဟာ သိုသိုသိပ်သိပ်နေခဲ့ရတယ်။ ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်အုပ်စုရဲ့အပြောင်းအလဲတွေမြန်ဆန် လာရတော့တယ်။ လူဆိုးဗိုလ်ကြီးရွှေရွှေနဲ့ အပေါင်းပါတွေ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို မြန်မြန်တက်သုတ်ရိုက် အတည်ပြု၊ ၂၀၁၀ ဂီရိ ရွေးကောက်ပွဲ အမြန်လုပ်ပြီး၊ မြွေအရေခွံလဲခဲ့ကြတယ်။
၂၀၁၀ နိုဝင်ဘာ(၁၃)မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်။ နောက် မကြာခင် ကိုမင်းကိုနိုင်တို့ လွတ်မြောက်လာတယ်။မောင်တင်သစ်ရဲ့ကဗျာ(ဒီနေ့ဟာအစဖြစ်တယ်)ဟာအဲဒီအချိန်မှာ အသက်ဝင် ရုန်းကြွလာခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ၊ ပြည်သူတွေလွတ်မြောက်ဖို့အတွက် လမ်းစဖြစ်တယ်မဟုတ်လား။
မောင်တင်သစ်ရဲ့ဒီကဗျာဟာ ခေတ်သမိုင်းကို ကောင်းကောင်း မော်ကွန်းတင်လိုက်တဲ့ကဗျာပါပဲ။ ဒီကဗျာ ဘယ်သူရေးသလဲ။ ဖြူနှင်းဖွေးရယ်၊ အရက်သမားတွေပါလို့ ညည်းအထင်မြင်သေးနေတဲ့ ကဗျာဆရာထဲက တစ်ယောက် ရေးတာပါလေ။ ထောင်ထွက်တစ်ယောက်က ရေးတာပါလေ။
ယဉ်ကျေးမှုမြှင့် ဂုဏ်ပြုကြစို့
—————————————–
နှမငယ်ထွေး၊ ဖြူနှင်းဖွေးရေ။
ညည်းက ကဗျာဆရာတွေကို အရက်သမားတွေပါလို့ပဲ စွပ်စွဲပုတ်ခတ်တာပါ။ သူတို့တွေဟာနိုင်ငံရေးအကျဉ်းသား၊ စစ်အာရှင်စနစ်ကိုဆန့်ကျင်တဲ့ထောင်ထွက်တွေပါလားလို့တော့၊ ညည်း ဂုဏ်တင်ဖို့ မေ့နေတယ်ထင်ပါရဲ့ကွယ်။
နိုင်ငံရေးအကျဉ်းသား၊ ထောင်ထွက်တွေရဲ့ဘ၀က မလှပ မခံ့ညားပေမဲ့လည်း၊ ယဉ်ကျေးမှုမြှင့်
ပြီး သူတို့ကို ပြည်သူ့သူရဲကောင်းတွေလို့ အသိအမှတ်ပြု၊ ဂုဏ်ပြုထိုက်တယ် မထင်ဘူးလား။
အခုဆိုရင်၊ အဲဒီအရက်သမား၊ အဲဒီထောင်ထွက်၊ အဲဒီကဗျာဆရာတွေဟာ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေလည်း ဖြစ်နေကြပြီလေ။ လွှတ်တော်ထဲမှာ သူတို့ဟာ ဥပဒေပြုနေကြပြီလေ။
ကဗျာဆရာငြိမ်းသစ်(ဦးသောင်းထွန်း)က မန္တလေး မဲဆန္ဒနယ်တစ်ခုက။
ကဗျာဆရာမောင်တင်သစ်(ဦးရည်မွန်)က နေပြည်တော် မဲဆန္ဒနယ်တစ်ခုက။
ဖြူနှင်းဖွေးရေ။
ညည်းပြောတဲ့ အရက်သမားတွေ၊ ဥပဒေပြုတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးထဲမှာ။ သူတို့ဟာ ကဗျာဆရာတွေအဖြစ်နဲ့ ခေတ်ကိုဖြတ်သန်းနေကြဆဲပါ။
ဂုဏ်ပြုပါတယ် ရဲဘော်တို့။ ။
ေ အ ာ င္ ေ ၀ း
(သြဂုတ် ၁၁- ၂၀၁၆) 
Sunday, August 7, 2016
ဖု န်း ဆိုးေ တး
ရှစ်လေးလုံး ဆိုတာ
အဖြစ် အနှေးဆုံး သစ်တစ်ပင်လား။
....................
အခုထိ
အသီး မဆွတ်နိုင်သေး။ ။
ေ အ ာ င္ ေ ၀ း
(၈- ၈- ၁၆)
Photo - Law Eh Soe
Wednesday, July 27, 2016
အ တိ တ် ၀ို င် (နှမငယ်ထွေး ဖြူနှင်းဖွေး သို့)
————————————-
ကျနော့်ကို၊ ကျနော်တစ်ဦးချင်းကို စော်ကားချင်သလို စော်ကားလို့ ရပါသည်။ စော်ကားခွင့်ရှိသည်ဟု ယူဆလျှင် လွတ်လပ်စွာ စော်ကားပါ။ သို့သော် … ။ ကျနော်ယုံကြည်ရာ ကဗျာလောကကြီးတစ်ခုလုံး ကိုတော့၊ ဓားနှောင့်ချေးသုတ်ကြိမ်းတာမျိုးကိုတော့ ကျနော်လက်မခံပါ။ ကျနော် လက်ပိုက်ကြည့်မနေနိုင်ပါ။
ဖြူနှင်းဖွေး ဘာလဲ၊ ဘယ်လဲ
———————————–
ဖြူနှင်းဖွေး ဘယ်သူလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘာလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘယ်တုန်းက စာစရေးတယ်ဆိုတာကိုလည်း ကျနော်မသိပါ။ ဖြူနှင်းဖွေး၏ စာပေလက်ရာ တချို့တလေကိုတော့ ကျနော် ဟိုနားဒီနားမှာ ဖတ်ဖူးသည်ဟုထင်ပါသည်။ ဖြူနှင်းဖွေးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအလွန်တွင် အုံနှင့်ကျင်းနှင့် ဖြစ်ထွန်းပေါ်ထွက်လာသည့် ONLINE စာပေ အင်အားစုတွေထဲက ဖြစ်မည်လား။
ဒါက အရေးမကြီးပါ။ အရေးကြီးသည်မှာ များမကြာသေးမီက FACEBOOK စာမျက်နှာပေါ်တွင် ဖြူနှင်းဖွေးရေးတင်လိုက်သော POST တစ်ခုသာဖြစ်သည်။ အကျဉ်းရုံး ပြန်ပြောရလျှင်၊ ထို POST တွင် ဖြူနှင်းဖွေးက မြန်မာကဗျာလောကကြီးတစ်ခုလုံးနှင့်ချီပြီး၊ ကဗျာဆရာအများစုမှာ အရက်နံ့ မွှန်နေသောကဗျာများထဲ ကျဆုံးနေကြကြောင်း ဝေဖန်ရေးသားထားပါသည်။ (အတိအကျ မူရင်း POST ကိုဖတ်ချင်သူများ၊ ဖြူနှင်းဖွေး FACEBOOK တွင်ဝင်ကြည့်နိုင်ပါမည်)
မောင်သင်းခိုင်စကား ငှားပြောရရင်
—————————————-
ကဗျာဆရာလည်း လူပဲ။ အရက်ဆိုတာလည်း လူသောက်ဖို့ စီမံထားတဲ့ အရာတစ်ခုပဲ။ ကဗျာဆရာ သောက်ချင်သောက်မှာပေါ့ ။ မသောက်တဲ့လူလည်း ရှိတာပေါ့ ။ ဘာဖြစ်သလဲ။ ဆရာမောင်သင်းခိုင်ကတော့ ဟောဒီလို ပြောခဲ့ ဆိုခဲ့ဖူးလေရဲ့ နှမငယ်။
“သောက်တာလည်း အပြစ်မဟုတ်
မသောက်တာလည်း အပြစ်မဟုတ်” ပါတဲ့လေ။
လူအများထင်နေတာက၊ စာရေးဆရာ၊ ကဗျာဆရာမှန်ရင် အရက်တော့သောက်ကြတာပဲ တဲ့။
တကယ်တော့ ဒါ မမှန်ပါ။ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်းတော့ သောက်နေကြတာ မဟုတ်ပါ။ သောက်တဲ့လူ၊ မသောက်တဲ့လူဆိုတာရှိပါတယ်။ သောက်တဲ့သူကလည်း ကြိုက်လို့ သောက်တယ်။ မသောက်တဲ့သူကလည်း မကြိုက်လို့  မသောက်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ဘူး မဟုတ်လား။
ဟိုးအရင် မ ဆ လ စစ်အာဏာရှင်ခေတ်တုန်းက အကြိုက်တရားအကြောင်းပြောတဲ့အခါ
“ဆိုရှယ်လစ်ကြိုက်နှစ်သက်မှု” ဆိုတဲ့ ဝေါဟာရတစ်လုံး ဖြစ်ထွန်း တွင်ကျယ်ခဲ့ဖူးတယ်။ အခုခေတ်လိုဆိုရင် “ဒီမိုကရေစီကြိုက်နှစ်သက်မှု” ပေါ့ ။ ကဗျာဆရာတွေအတွက် “ကဗျာဆရာကြိုက်နှစ်သက်မှု”
ဆိုပါတော့။
ခင်မောင်ရင် +++ ပြောကြားမယ် +++
———————————————–
ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ (ဦး)ခင်မောင်ရင် ပြောဖူးတဲ့စကားတစ်ခွန်းကလည်း၊ နှမ ငယ်ထွေး ဖြူနှင်းဖွေး ကြားဖူးသင့်တယ်။
အရက်ဖြူ(ဘီအီး)ကို ပလာတာနဲ့မြည်းနေတုန်း၊ တပည့်ကျော်တစ်ယောက်က “ဟာ – မကောင်းပါဘူးဆရာရယ်” လို့ ၀င်ပြောတော့၊ ဆရာဦးခင်မောင်ရင်က “မကောင်းဘူးလို့ မပြောနဲ့။ မင်းအတွက် မကောင်းပေမဲ့၊ ငါ့ အတွက်တော့ ကောင်းချင်ကောင်းနေမယ်။  မကောင်းဘူးလို့ မင်းပြောလို့မရဘူး။ မင်း မကြိုက်ဘူးလို့ ပဲ ပြောခွင့်ရှိတယ်” တဲ့။
ကဗျာဆရာအများစုကို သိမ်းကြုံးပြီး၊ ကဗျာဆရာတွေ မကောင်းဘူး၊ ကဗျာတွေ မကောင်းဘူးလို့ လက်လွတ်စပယ် မပြောပါနှင့်။ အဲဒီကဗျာ(တွေ)ကို မကြိုက်ဘူ၊ အဲဒီ ကဗျာဆရာ(တွေ)ကို မကြိုက်ဘူး၊ ဒီလိုပဲ ပြောသင့်ဆိုသင့်တာပေါ့ ။
မြန်မာကဗျာလောကကြီးတစ်ခုလုံးကို ရစရာမရှိအောင် ပုတ်ခတ်ရဲတဲ့သူ၊ အခု မေးခွန်းတွေကို ဖြေကြည့်ပါ။
သင် သစ်ပင်တစ်ပင်ချင်းကို သိပါသလား။
သင် သစ်တောကြီးတစ်ခုလုံးကို မြင်ပါသလား။
တစ်တောလုံးကိုလည်း သင်မမြင်ဘူး၊ တစ်ပင်ချင်းကိုလည်း သင်မသိဘူးဆိုရင်၊သင်ဟာ တက္ကဗေဒအကန်း။
ရေတွင်းထဲကဖား
———————-
ဖားတစ်ကောင် မနေတတ်မထိုင်တတ် ဟိုခုန်သည်ခုန်လုပ်ရင်း၊ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွား တယ်။ ရေထဲမှာ ငြိမ်ငြိမ်မနေဘူး။ ရေတွင်းဝကို မော့ကြည့်တယ်။ ပြီးတော့ အာချောင်လိုက်တယ်။
“ဟား- ငှက်တွေ ပြောပြောနေတဲ့ ကျယ်ဝန်းလှချည်ရဲ့ ဆိုတဲ့ မိုးကောင်းကင်ကြီးကလည်း၊ လက်စသတ်တော့ ငါ့ ရေတွင်းဝလောက်ပဲရှိတာပါလား” တဲ့။
အဲဒီအချိန်။ လေထဲဖြတ်ပျံသန်းသွားတဲ့ ငှက်တစ်ကောင်က အာချောင်လိုက်တဲ့ ဖားရဲ့ စကားကို ကြားတော့-
“ဟဲ့- သုံးစားမရတဲ့ ငတုံးဖားရဲ့ ၊စာလေးဘာလေးလည်းဖတ်ဦး။ နင့်အမြင်မှားနေတယ်။ ကောင်းကင်၏ အစိတ်အပိုင်းကလေးတစ်ရပ်သည် ရေတွင်းဝလောက်ရှိသည်။ အဲဒီလိုပြော။ နင်ဟာ ငတုံးဖားပီပီ အနုပဋိလောမအမြင်လည်း မသိ၊ အနုပဋိလောအတွေးအခေါ်လည်းမရှိ၊ မိုက်မဲပါဘိ တက္ကဗေဒ အကန်းရယ်” တဲ့။ အဲဒီလို ပြန်ပြောလိုက်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ ဖြူနှင်းဖွေးရယ်။
အတိတ်၊ အစဉ်အလာနှင့် သြဇာ
—————————————
ခေတ်သစ်မြန်မာကဗျာလမ်းကြောင်း (၂၀ ရာစု)မှာ ကြီး လေးကြီး ရှိတယ်။
(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း
(၂) ဇော်ဂျီ
(၃) မင်းသုဝဏ်
(၄) ဒဂုန်တာရာ။
ဒါ ကျနော်တို့ ရိုသေမြတ်နိုး တန်ဖိုးထား လေးစားရတဲ့ အစဉ်အလာကြီးသူ၊ သြဇာကြီးသူတွေပါ။
ဒီလို ဆရာသမားကြီးတွေက ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက် ကျနော်တို့ ကဗျာဆရာတွေ အပေါ် ဝေဖန်ခဲ့တာမျိုး၊ ချီးမွမ်းခြေကျောက်လုပ်ခဲ့တာမျိုး မရှိမဟုတ်၊ ရှိခဲ့ပါသည်။ ကျနော်တို့ က သူတို့  ချစ်လို့ ပြောတာပဲလို့ယူဆခဲ့ကြပါသည်။
ဆရာမင်းသုဝဏ်က “ကာရန်မပါရင် ကဗျာမဟုတ်” ဆိုတဲ့အယူအဆကို သေတဲ့အထိဆုပ်ကိုင် သွားခဲ့ပါသည်။ ဆရာဒဂုန်တာရာက “ကာရန်မရှိရင် ကဗျာကိုဘာနဲ့ရေးမလဲ။ ကဗျာမှာ ကာရန်ပါရမယ်” အဲဒီလို မေးခွန်းထုတ်ခဲ့ဖူးတယ်။
ကျနော်တို့ က ကာရန်ကို လက်လွှတ်ခဲ့ကြပြီ။ ကာရန်ကိုစွန့်ခဲ့ကြတယ်ပေါ့ ။ လိုအပ်လို့စွန့်တာပါ။ ကြာပါပြီ။ ဆရာမင်းသုဝဏ်ရဲ့ ကာရန်အယူအဆကို ကျနော်တို့ ပြန်လည်မချေပခဲ့ကြပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ကာရန်အယူအဆကိုလည်းကျနော်တို့ တုန့်ပြန်မဖြေရှင်းခဲ့ကြပါဘူး။ ကျနော်တို့ က ကဗျာကို ကာရန်(စနစ်)မသုံးတော့ဘဲ၊ စကားပြောနရီ (SPEECH RHYTHM) နဲ့တစ်လျှောက်လုံး ရေးလာခဲ့ကြတာပါ။
ဆရာမင်းသုဝဏ်က ကျနော်တို့ထက် အများကြီး တတ်ကျွမ်းနားလည်တဲ့၊ ထိုးထွင်းသိမြင်တဲ့ ကဗျာက၀ိကြီးတစ်ဦးပါ။ ဆရာမင်းသုဝဏ်က “ရွာလိုရွာလော့ မိုးနတ်သား” ဆိုတဲ့ကဗျာတစ်ပုဒ် ရေးပြသွားတယ်။ (အင်းလျားကန်သို့ အို ကူးတို့ ကဗျာစာအုပ်တွင်ရှုပါ)
ကဗျာမှာ ကာရန်ကိုအားမပြုဘူးဆိုရင်၊ ဘယ်ဟာကိုအားပြုရမလဲ။ ဆရာမင်းသုဝဏ်က ကဗျာ့နရီသဘော(စကားပြောနရီ)ကို “လုပ်” ပြသွားတာပါပဲ။ ရွာလိုရွာလော့ မိုးနတ်သား ကဗျာ မှာ အစဉ်အလာကာရန်စနစ် မပါပါဘူး။
ပြီးတော့ ဆရာဒဂုန်တာရာ။ ဆရာကတော့ အစဉ်အလာ မြန်မာကဗျာစပ်ထုံးစပ်နည်းအရ ကာရန်(ကာရန်စနစ်)ကို သူပြောလိုရင်းဖြစ်သည်။ သူ့ အမြင်က ကာရန်လောက်နှင့် ရပ်တန့်သွားသည် မဟုတ်ပေ။ ဆရာဒဂုန်တာရာက “ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့စေနဲ့” လို့ သင်ကြားခဲ့တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ ဟာ ဆရာမင်းသုဝဏ်ဆီက နရီ(စကားပြောနရီ)နည်းပညာကို ရခဲ့တယ်။ ဆရာဒဂုန်တာရာဆီက အဘိဓမ္မာ(လောကအမြင်)ကိုရခဲ့တယ်။ ဒါပဲ မဟုတ်လား။
ဒီ ဆရာသမားကြီး၊ မဟာက၀ိကြီးနှစ်ဦးစလုံးဟာ၊ ကျနော်တို့ ကဗျာဆရာတွေကိုရော ကျနော်တို့ ကဗျာလောကကြီးတစ်ခုလုံးကိုပါ အဆိုးမြင်နဲ့ တစ်ခါဘူးမျှ မဝေဖန်ခဲ့ကြဖူးပါ။
ဒေါင်းနွယ်ဆွေ၊ အောင်သင်း
——————————-
တစ်ခါတုန်းက(၁၉၈၅) ဆရာဒေါင်းနွယ်ဆွေက ကာရန်မဲ့ကဗျာ ဆိုတာနဲ့ပတ်သက်လို့ ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှာ ကာရန်မဲ့ကဗျာ(စစ်စစ်)ဆိုတာ ဟောဒီလိုရေးရတယ်ဆိုပြီး ရေးပြသွားပါသည်။
တချို့ လူငယ်တွေရေးနေကြတာက ကာရန်မဲ့ မဟုတ်ဘဲ၊ ကာရန်ပျက်တွေပဲလို့ ပြောဆိုထုနှက် လိုက်တုန်းက ကျနော်(တို့)ပြန်တုန့်ပြန်ခဲ့ကြဖူးပါသည်။
ဒါက ကဗျာအတတ်ပညာပြဿနာတစ်ခုပဲ ဖြစ်ပါသည်။ ကျနော်တို့ ပြန်တုန့်ပြန်ရာမှာ ဆရာဒေါင်းနွယ်ဆွေ၏ အစဉ်အလာနှင့်သြဇာကို ကျနော်တို့ မထိပါး၊ မစော်ကားခဲ့ကြပါ။ ဆရာဒေါင်းကလည်း မင်းရို့ကဗျာဆရာတွေ အသုံးကိုမကျဘူး၊ မင်းတို့ ကဗျာတွေလည်း အလကားပဲရယ်လို့ တစ်ခါဘူးမျှ မပြောခဲ့ဖူးပါ။
နောက်တစ်ခါ၊ ဆရာဦးအောင်သင်း။ ၁၉၈၆ မှာ ပေဖူးလွှာအင်တာဗျူးမှာပါပဲ။ ဆရာဦးအောင်သင်းက “လူထုကိုစည်းရုံးလှုံ့ဆော်နိုင်စွမ်း နိမ့်မြင့် တန်းစီကြည့်လိုက်မယ်ဆိုရင်၊ ကဗျာက ဟိုး နောက်ဆုံးတန်းလောက်မှာ ရောက်နေပါလိမ့်မယ်” ဆိုပြီး ထိုးနှက်လိုက်တုန်းကလည်း၊ ကျနော်(တို့) အသည်းအသန် ပြန်ချေပခဲ့ကြဖူးပါသည်။
ဒါက ပျံ့နှံ့မှုပြဿနာပဲဖြစ်သည်။ ဥပမာ- ကဗျာထက်စာလျှင်၊ ကာတွန်းက လူထုကြား (စာဖတ်ပရိသတ်ကြား) ပိုမိုပျံ့နှံ့ရောက်ရှိတယ်လို့ ယူဆသလိုမျိုးပါ။ ကျနော်တို့က ကဗျာဆရာမာန်၊ ကဗျာဆရာမာနနဲ့ နောက်ဆုံးတန်းရောက်နေတယ်အပြောခံရတာကို နာကျင်ခံခက်ဖြစ်ပြီး ပြန်လည် ချေပခဲ့ကြတာပါ။ ဆရာဦးအောင်သင်းလက်က သင်းတို့ကဗျာတွေ ဘယ်လောက်များအသုံးကျလို့ လဲ ဆိုပြီး တစ်ခါဘူးမျှ မရေးခဲ့ဖူးပါ။
မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်
—————————————
ဆရာမြသန်းတင့်ဆိုတာ အင်မတန်ကြီးကျယ်ထင်ရှားတဲ့စာရေးဆရာကြီးပါ။ ကဗျာလောကကို ထဲထဲဝင်ဝင် စောင့်ရှောက်ပါတယ်။ ကိုယ်တိုင်လည်း “စက္ကူမြင်း၊ တောင်တွင်းရထား” လိုပင်ကိုရေး ကဗျာတွေ ရေးခဲ့သလို၊ မောင်သစ်တည်နာမည်နဲ့ “ဇီမာလမ်းဆုံ” လိုနိုင်ငံရပ်ခြားကဗျာတွေကိုလည်း မြန်မာပြန်ခဲ့သူ။ နှမငယ်ဖြူနှင်းဖွေးလည်းသိပါတယ်။
ဒီလိုဆရာသမားကြီးတစ်ဦးကတောင်၊ ကျနော်တို့ ကဗျာဆရာ၊ ကဗျာလောကကို အရက်နံ့ မွှန်ထွန်နေတာပဲဆိုပြီး၊ သိမ်းကြုံးပြီး ဗုံးမခွဲခဲ့ပါဘူးဗျာ။
နှမငယ်ရယ်၊ ဒီဘက်ခေတ်မှာ လူကြီးတွေနဲ့ လူငယ်တွေ ကဗျာနဲ့ပတ်သက်လို့ အချေအတင်ရှိ ကြ၊ အငြင်းအခုံဖြစ်ကြဆိုရင်လည်း၊ အလွန်ဆုံးက “မင်းတို့ခေတ်ပေါ်ကဗျာတွေကို စာဖတ်ပရိသတ်က နားလည်ပါ့ မလား” ဆိုတာမျိုး အမေးခံရရုံလောက်ပါ။
ဆရာဒဂုန်တာရာက ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုမေးတယ်။ “ဒီနေ့လူငယ်တွေရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို နားလည်သလား”
ဆရာတက္ကသိုလ်ဘုန်းနိုင် ပြန်ဖြေတယ်။ “ခံစားမှုနဲ့နားလည်ယူပါတယ်” တဲ့။
ဆရာဒဂုန်တရာက “ခံစားမှုနဲ့နားလည်တယ်ဆိုရင် လက်ခံပါတယ်” လို့မှတ်ချက်ချခဲ့ဖူးပါတယ်။ (အကျယ်ကို- အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ စာအုပ်၊ မန်းချောင်းလရောင် စာအုပ်တိုက်က ထုတ်ခဲ့တာ၊ အဲဒီမှာကြည့်ပါ)
နှမငယ်ထွေး ဖြူနှင်းဖွေးရေ။
လူကြီးတွေက ကျနော်တို့ ငယ်သူတွေကို ဝေဖန်ခဲ့၊ ထောက်ပြခဲ့၊ သုံးသပ်ခဲ့၊ (အပြစ်တင်ခဲ့) တယ်ဆိုရင်လည်း၊ အဲဒီလောက်ပါပဲ။
ညည်းကျခါမှ၊ ကဗျာတစ်လောကလုံးကို အရက်နဲ့ကိုင်ပြီး၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက် လိုက်တော့၊ စိတ်မခိုင်တဲ့ကဗျာဆရာတွေကလည်း၊ မခိုင်တဲ့အလျောက် အပြိုင်သောက်လိုသောက်၊ အသောက်ပြိုင်လိုပြိုင် ဖြစ်ကရော။ စိတ်မယိုင်တဲ့ ကဗျာဆရာတွေကျတော့လည်း။ အတိုင်အဖောက်ညီညီနဲ့ ညည်းအပေါ် အပြိုင်ဟောက်လိုဟောက်၊ အဟောက်ပြိုင်လိုပြိုင် ဖြစ်ပြန်ရော။
ဒီလိုနဲ့၊ကိုယ့်မှာလည်း စိတ်မနိုင်လို့၊ အတိတ်ဝိုင်ခွက်ကို၊ ပိတ်ကိုင်မိလျက်သားပေါ့ နှမငယ်ထွေး ငယ်ပါသေးရေ။
နောက်နောင်တော့ ကဗျာဆရာတွေနဲ့ ကဗျာလောကထဲကို ကျွဲပြဲစီးပြီး ၀င်မလာပါလေနဲ့။ ။
ေ အ ာ င္ ေ ၀ း
ဇူလိုင် ၂၇- ၂၀၁၆ 
အ တိ တ် ၀ို င် (နှမငယ်ထွေး ဖြူနှင်းဖွေး သို့)
————————————-
ကျနော့်ကို၊ ကျနော်တစ်ဦးချင်းကို စော်ကားချင်သလို စော်ကားလို့ ရပါသည်။ စော်ကားခွင့်ရှိသည်ဟု ယူဆလျှင် လွတ်လပ်စွာ စော်ကားပါ။ သို့သော် … ။ ကျနော်ယုံကြည်ရာ ကဗျာလောကကြီးတစ်ခုလုံး ကိုတော့၊ ဓားနှောင့်ချေးသုတ်ကြိမ်းတာမျိုးကိုတော့ ကျနော်လက်မခံပါ။ ကျနော် လက်ပိုက်ကြည့်မနေနိုင်ပါ။
ဖြူနှင်းဖွေး ဘာလဲ၊ ဘယ်လဲ
———————————–
ဖြူနှင်းဖွေး ဘယ်သူလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘာလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘယ်တုန်းက စာစရေးတယ်ဆိုတာကိုလည်း ကျနော်မသိပါ။ ဖြူနှင်းဖွေး၏ စာပေလက်ရာ တချို့တလေကိုတော့ ကျနော် ဟိုနားဒီနားမှာ ဖတ်ဖူးသည်ဟုထင်ပါသည်။ ဖြူနှင်းဖွေးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအလွန်တွင် အုံနှင့်ကျင်းနှင့် ဖြစ်ထွန်းပေါ်ထွက်လာသည့် ONLINE စာပေ အင်အားစုတွေထဲက ဖြစ်မည်လား။
ဒါက အရေးမကြီးပါ။ အရေးကြီးသည်မှာ များမကြာသေးမီက FACEBOOK စာမျက်နှာပေါ်တွင် ဖြူနှင်းဖွေးရေးတင်လိုက်သော POST တစ်ခုသာဖြစ်သည်။ အကျဉ်းရုံး ပြန်ပြောရလျှင်၊ ထို POST တွင် ဖြူနှင်းဖွေးက မြန်မာကဗျာလောကကြီးတစ်ခုလုံးနှင့်ချီပြီး၊ ကဗျာဆရာအများစုမှာ အရက်နံ့ မွှန်နေသောကဗျာများထဲ ကျဆုံးနေကြကြောင်း ဝေဖန်ရေးသားထားပါသည်။ (အတိအကျ မူရင်း POST ကိုဖတ်ချင်သူများ၊ ဖြူနှင်းဖွေး FACEBOOK တွင်ဝင်ကြည့်နိုင်ပါမည်)
မောင်သင်းခိုင်စကား ငှားပြောရရင်
—————————————-
ကဗျာဆရာလည်း လူပဲ။ အရက်ဆိုတာလည်း လူသောက်ဖို့ စီမံထားတဲ့ အရာတစ်ခုပဲ။ ကဗျာဆရာ သောက်ချင်သောက်မှာပေါ့ ။ မသောက်တဲ့လူလည်း ရှိတာပေါ့ ။ ဘာဖြစ်သလဲ။ ဆရာမောင်သင်းခိုင်ကတော့ ဟောဒီလို ပြောခဲ့ ဆိုခဲ့ဖူးလေရဲ့ နှမငယ်။
“သောက်တာလည်း အပြစ်မဟုတ်
မသောက်တာလည်း အပြစ်မဟုတ်” ပါတဲ့လေ။
လူအများထင်နေတာက၊ စာရေးဆရာ၊ ကဗျာဆရာမှန်ရင် အရက်တော့သောက်ကြတာပဲ တဲ့။
တကယ်တော့ ဒါ မမှန်ပါ။ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်းတော့ သောက်နေကြတာ မဟုတ်ပါ။ သောက်တဲ့လူ၊ မသောက်တဲ့လူဆိုတာရှိပါတယ်။ သောက်တဲ့သူကလည်း ကြိုက်လို့ သောက်တယ်။ မသောက်တဲ့သူကလည်း မကြိုက်လို့  မသောက်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ဘူး မဟုတ်လား။
ဟိုးအရင် မ ဆ လ စစ်အာဏာရှင်ခေတ်တုန်းက အကြိုက်တရားအကြောင်းပြောတဲ့အခါ
“ဆိုရှယ်လစ်ကြိုက်နှစ်သက်မှု” ဆိုတဲ့ ဝေါဟာရတစ်လုံး ဖြစ်ထွန်း တွင်ကျယ်ခဲ့ဖူးတယ်။ အခုခေတ်လိုဆိုရင် “ဒီမိုကရေစီကြိုက်နှစ်သက်မှု” ပေါ့ ။ ကဗျာဆရာတွေအတွက် “ကဗျာဆရာကြိုက်နှစ်သက်မှု”
ဆိုပါတော့။
ခင်မောင်ရင် +++ ပြောကြားမယ် +++
———————————————–
ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ (ဦး)ခင်မောင်ရင် ပြောဖူးတဲ့စကားတစ်ခွန်းကလည်း၊ နှမ ငယ်ထွေး ဖြူနှင်းဖွေး ကြားဖူးသင့်တယ်။
အရက်ဖြူ(ဘီအီး)ကို ပလာတာနဲ့မြည်းနေတုန်း၊ တပည့်ကျော်တစ်ယောက်က “ဟာ – မကောင်းပါဘူးဆရာရယ်” လို့ ၀င်ပြောတော့၊ ဆရာဦးခင်မောင်ရင်က “မကောင်းဘူးလို့ မပြောနဲ့။ မင်းအတွက် မကောင်းပေမဲ့၊ ငါ့ အတွက်တော့ ကောင်းချင်ကောင်းနေမယ်။  မကောင်းဘူးလို့ မင်းပြောလို့မရဘူး။ မင်း မကြိုက်ဘူးလို့ ပဲ ပြောခွင့်ရှိတယ်” တဲ့။
ကဗျာဆရာအများစုကို သိမ်းကြုံးပြီး၊ ကဗျာဆရာတွေ မကောင်းဘူး၊ ကဗျာတွေ မကောင်းဘူးလို့ လက်လွတ်စပယ် မပြောပါနှင့်။ အဲဒီကဗျာ(တွေ)ကို မကြိုက်ဘူ၊ အဲဒီ ကဗျာဆရာ(တွေ)ကို မကြိုက်ဘူး၊ ဒီလိုပဲ ပြောသင့်ဆိုသင့်တာပေါ့ ။
မြန်မာကဗျာလောကကြီးတစ်ခုလုံးကို ရစရာမရှိအောင် ပုတ်ခတ်ရဲတဲ့သူ၊ အခု မေးခွန်းတွေကို ဖြေကြည့်ပါ။
သင် သစ်ပင်တစ်ပင်ချင်းကို သိပါသလား။
သင် သစ်တောကြီးတစ်ခုလုံးကို မြင်ပါသလား။
တစ်တောလုံးကိုလည်း သင်မမြင်ဘူး၊ တစ်ပင်ချင်းကိုလည်း သင်မသိဘူးဆိုရင်၊သင်ဟာ တက္ကဗေဒအကန်း။
ရေတွင်းထဲကဖား
———————-
ဖားတစ်ကောင် မနေတတ်မထိုင်တတ် ဟိုခုန်သည်ခုန်လုပ်ရင်း၊ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွား တယ်။ ရေထဲမှာ ငြိမ်ငြိမ်မနေဘူး။ ရေတွင်းဝကို မော့ကြည့်တယ်။ ပြီးတော့ အာချောင်လိုက်တယ်။
“ဟား- ငှက်တွေ ပြောပြောနေတဲ့ ကျယ်ဝန်းလှချည်ရဲ့ ဆိုတဲ့ မိုးကောင်းကင်ကြီးကလည်း၊ လက်စသတ်တော့ ငါ့ ရေတွင်းဝလောက်ပဲရှိတာပါလား” တဲ့။
အဲဒီအချိန်။ လေထဲဖြတ်ပျံသန်းသွားတဲ့ ငှက်တစ်ကောင်က အာချောင်လိုက်တဲ့ ဖားရဲ့ စကားကို ကြားတော့-
“ဟဲ့- သုံးစားမရတဲ့ ငတုံးဖားရဲ့ ၊စာလေးဘာလေးလည်းဖတ်ဦး။ နင့်အမြင်မှားနေတယ်။ ကောင်းကင်၏ အစိတ်အပိုင်းကလေးတစ်ရပ်သည် ရေတွင်းဝလောက်ရှိသည်။ အဲဒီလိုပြော။ နင်ဟာ ငတုံးဖားပီပီ အနုပဋိလောမအမြင်လည်း မသိ၊ အနုပဋိလောအတွေးအခေါ်လည်းမရှိ၊ မိုက်မဲပါဘိ တက္ကဗေဒ အကန်းရယ်” တဲ့။ အဲဒီလို ပြန်ပြောလိုက်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ ဖြူနှင်းဖွေးရယ်။
အတိတ်၊ အစဉ်အလာနှင့် သြဇာ
—————————————
ခေတ်သစ်မြန်မာကဗျာလမ်းကြောင်း (၂၀ ရာစု)မှာ ကြီး လေးကြီး ရှိတယ်။
(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း
(၂) ဇော်ဂျီ
(၃) မင်းသုဝဏ်
(၄) ဒဂုန်တာရာ။
ဒါ ကျနော်တို့ ရိုသေမြတ်နိုး တန်ဖိုးထား လေးစားရတဲ့ အစဉ်အလာကြီးသူ၊ သြဇာကြီးသူတွေပါ။
ဒီလို ဆရာသမားကြီးတွေက ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက် ကျနော်တို့ ကဗျာဆရာတွေ အပေါ် ဝေဖန်ခဲ့တာမျိုး၊ ချီးမွမ်းခြေကျောက်လုပ်ခဲ့တာမျိုး မရှိမဟုတ်၊ ရှိခဲ့ပါသည်။ ကျနော်တို့ က သူတို့  ချစ်လို့ ပြောတာပဲလို့ယူဆခဲ့ကြပါသည်။
ဆရာမင်းသုဝဏ်က “ကာရန်မပါရင် ကဗျာမဟုတ်” ဆိုတဲ့အယူအဆကို သေတဲ့အထိဆုပ်ကိုင် သွားခဲ့ပါသည်။ ဆရာဒဂုန်တာရာက “ကာရန်မရှိရင် ကဗျာကိုဘာနဲ့ရေးမလဲ။ ကဗျာမှာ ကာရန်ပါရမယ်” အဲဒီလို မေးခွန်းထုတ်ခဲ့ဖူးတယ်။
ကျနော်တို့ က ကာရန်ကို လက်လွှတ်ခဲ့ကြပြီ။ ကာရန်ကိုစွန့်ခဲ့ကြတယ်ပေါ့ ။ လိုအပ်လို့စွန့်တာပါ။ ကြာပါပြီ။ ဆရာမင်းသုဝဏ်ရဲ့ ကာရန်အယူအဆကို ကျနော်တို့ ပြန်လည်မချေပခဲ့ကြပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ကာရန်အယူအဆကိုလည်းကျနော်တို့ တုန့်ပြန်မဖြေရှင်းခဲ့ကြပါဘူး။ ကျနော်တို့ က ကဗျာကို ကာရန်(စနစ်)မသုံးတော့ဘဲ၊ စကားပြောနရီ (SPEECH RHYTHM) နဲ့တစ်လျှောက်လုံး ရေးလာခဲ့ကြတာပါ။
ဆရာမင်းသုဝဏ်က ကျနော်တို့ထက် အများကြီး တတ်ကျွမ်းနားလည်တဲ့၊ ထိုးထွင်းသိမြင်တဲ့ ကဗျာက၀ိကြီးတစ်ဦးပါ။ ဆရာမင်းသုဝဏ်က “ရွာလိုရွာလော့ မိုးနတ်သား” ဆိုတဲ့ကဗျာတစ်ပုဒ် ရေးပြသွားတယ်။ (အင်းလျားကန်သို့ အို ကူးတို့ ကဗျာစာအုပ်တွင်ရှုပါ)
ကဗျာမှာ ကာရန်ကိုအားမပြုဘူးဆိုရင်၊ ဘယ်ဟာကိုအားပြုရမလဲ။ ဆရာမင်းသုဝဏ်က ကဗျာ့နရီသဘော(စကားပြောနရီ)ကို “လုပ်” ပြသွားတာပါပဲ။ ရွာလိုရွာလော့ မိုးနတ်သား ကဗျာ မှာ အစဉ်အလာကာရန်စနစ် မပါပါဘူး။
ပြီးတော့ ဆရာဒဂုန်တာရာ။ ဆရာကတော့ အစဉ်အလာ မြန်မာကဗျာစပ်ထုံးစပ်နည်းအရ ကာရန်(ကာရန်စနစ်)ကို သူပြောလိုရင်းဖြစ်သည်။ သူ့ အမြင်က ကာရန်လောက်နှင့် ရပ်တန့်သွားသည် မဟုတ်ပေ။ ဆရာဒဂုန်တာရာက “ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့စေနဲ့” လို့ သင်ကြားခဲ့တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ ဟာ ဆရာမင်းသုဝဏ်ဆီက နရီ(စကားပြောနရီ)နည်းပညာကို ရခဲ့တယ်။ ဆရာဒဂုန်တာရာဆီက အဘိဓမ္မာ(လောကအမြင်)ကိုရခဲ့တယ်။ ဒါပဲ မဟုတ်လား။
ဒီ ဆရာသမားကြီး၊ မဟာက၀ိကြီးနှစ်ဦးစလုံးဟာ၊ ကျနော်တို့ ကဗျာဆရာတွေကိုရော ကျနော်တို့ ကဗျာလောကကြီးတစ်ခုလုံးကိုပါ အဆိုးမြင်နဲ့ တစ်ခါဘူးမျှ မဝေဖန်ခဲ့ကြဖူးပါ။
ဒေါင်းနွယ်ဆွေ၊ အောင်သင်း
——————————-
တစ်ခါတုန်းက(၁၉၈၅) ဆရာဒေါင်းနွယ်ဆွေက ကာရန်မဲ့ကဗျာ ဆိုတာနဲ့ပတ်သက်လို့ ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှာ ကာရန်မဲ့ကဗျာ(စစ်စစ်)ဆိုတာ ဟောဒီလိုရေးရတယ်ဆိုပြီး ရေးပြသွားပါသည်။
တချို့ လူငယ်တွေရေးနေကြတာက ကာရန်မဲ့ မဟုတ်ဘဲ၊ ကာရန်ပျက်တွေပဲလို့ ပြောဆိုထုနှက် လိုက်တုန်းက ကျနော်(တို့)ပြန်တုန့်ပြန်ခဲ့ကြဖူးပါသည်။
ဒါက ကဗျာအတတ်ပညာပြဿနာတစ်ခုပဲ ဖြစ်ပါသည်။ ကျနော်တို့ ပြန်တုန့်ပြန်ရာမှာ ဆရာဒေါင်းနွယ်ဆွေ၏ အစဉ်အလာနှင့်သြဇာကို ကျနော်တို့ မထိပါး၊ မစော်ကားခဲ့ကြပါ။ ဆရာဒေါင်းကလည်း မင်းရို့ကဗျာဆရာတွေ အသုံးကိုမကျဘူး၊ မင်းတို့ ကဗျာတွေလည်း အလကားပဲရယ်လို့ တစ်ခါဘူးမျှ မပြောခဲ့ဖူးပါ။
နောက်တစ်ခါ၊ ဆရာဦးအောင်သင်း။ ၁၉၈၆ မှာ ပေဖူးလွှာအင်တာဗျူးမှာပါပဲ။ ဆရာဦးအောင်သင်းက “လူထုကိုစည်းရုံးလှုံ့ဆော်နိုင်စွမ်း နိမ့်မြင့် တန်းစီကြည့်လိုက်မယ်ဆိုရင်၊ ကဗျာက ဟိုး နောက်ဆုံးတန်းလောက်မှာ ရောက်နေပါလိမ့်မယ်” ဆိုပြီး ထိုးနှက်လိုက်တုန်းကလည်း၊ ကျနော်(တို့) အသည်းအသန် ပြန်ချေပခဲ့ကြဖူးပါသည်။
ဒါက ပျံ့နှံ့မှုပြဿနာပဲဖြစ်သည်။ ဥပမာ- ကဗျာထက်စာလျှင်၊ ကာတွန်းက လူထုကြား (စာဖတ်ပရိသတ်ကြား) ပိုမိုပျံ့နှံ့ရောက်ရှိတယ်လို့ ယူဆသလိုမျိုးပါ။ ကျနော်တို့က ကဗျာဆရာမာန်၊ ကဗျာဆရာမာနနဲ့ နောက်ဆုံးတန်းရောက်နေတယ်အပြောခံရတာကို နာကျင်ခံခက်ဖြစ်ပြီး ပြန်လည် ချေပခဲ့ကြတာပါ။ ဆရာဦးအောင်သင်းလက်က သင်းတို့ကဗျာတွေ ဘယ်လောက်များအသုံးကျလို့ လဲ ဆိုပြီး တစ်ခါဘူးမျှ မရေးခဲ့ဖူးပါ။
မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်
—————————————
ဆရာမြသန်းတင့်ဆိုတာ အင်မတန်ကြီးကျယ်ထင်ရှားတဲ့စာရေးဆရာကြီးပါ။ ကဗျာလောကကို ထဲထဲဝင်ဝင် စောင့်ရှောက်ပါတယ်။ ကိုယ်တိုင်လည်း “စက္ကူမြင်း၊ တောင်တွင်းရထား” လိုပင်ကိုရေး ကဗျာတွေ ရေးခဲ့သလို၊ မောင်သစ်တည်နာမည်နဲ့ “ဇီမာလမ်းဆုံ” လိုနိုင်ငံရပ်ခြားကဗျာတွေကိုလည်း မြန်မာပြန်ခဲ့သူ။ နှမငယ်ဖြူနှင်းဖွေးလည်းသိပါတယ်။
ဒီလိုဆရာသမားကြီးတစ်ဦးကတောင်၊ ကျနော်တို့ ကဗျာဆရာ၊ ကဗျာလောကကို အရက်နံ့ မွှန်ထွန်နေတာပဲဆိုပြီး၊ သိမ်းကြုံးပြီး ဗုံးမခွဲခဲ့ပါဘူးဗျာ။
နှမငယ်ရယ်၊ ဒီဘက်ခေတ်မှာ လူကြီးတွေနဲ့ လူငယ်တွေ ကဗျာနဲ့ပတ်သက်လို့ အချေအတင်ရှိ ကြ၊ အငြင်းအခုံဖြစ်ကြဆိုရင်လည်း၊ အလွန်ဆုံးက “မင်းတို့ခေတ်ပေါ်ကဗျာတွေကို စာဖတ်ပရိသတ်က နားလည်ပါ့ မလား” ဆိုတာမျိုး အမေးခံရရုံလောက်ပါ။
ဆရာဒဂုန်တာရာက ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုမေးတယ်။ “ဒီနေ့လူငယ်တွေရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို နားလည်သလား”
ဆရာတက္ကသိုလ်ဘုန်းနိုင် ပြန်ဖြေတယ်။ “ခံစားမှုနဲ့နားလည်ယူပါတယ်” တဲ့။
ဆရာဒဂုန်တရာက “ခံစားမှုနဲ့နားလည်တယ်ဆိုရင် လက်ခံပါတယ်” လို့မှတ်ချက်ချခဲ့ဖူးပါတယ်။ (အကျယ်ကို- အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ စာအုပ်၊ မန်းချောင်းလရောင် စာအုပ်တိုက်က ထုတ်ခဲ့တာ၊ အဲဒီမှာကြည့်ပါ)
နှမငယ်ထွေး ဖြူနှင်းဖွေးရေ။
လူကြီးတွေက ကျနော်တို့ ငယ်သူတွေကို ဝေဖန်ခဲ့၊ ထောက်ပြခဲ့၊ သုံးသပ်ခဲ့၊ (အပြစ်တင်ခဲ့) တယ်ဆိုရင်လည်း၊ အဲဒီလောက်ပါပဲ။
ညည်းကျခါမှ၊ ကဗျာတစ်လောကလုံးကို အရက်နဲ့ကိုင်ပြီး၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက် လိုက်တော့၊ စိတ်မခိုင်တဲ့ကဗျာဆရာတွေကလည်း၊ မခိုင်တဲ့အလျောက် အပြိုင်သောက်လိုသောက်၊ အသောက်ပြိုင်လိုပြိုင် ဖြစ်ကရော။ စိတ်မယိုင်တဲ့ ကဗျာဆရာတွေကျတော့လည်း။ အတိုင်အဖောက်ညီညီနဲ့ ညည်းအပေါ် အပြိုင်ဟောက်လိုဟောက်၊ အဟောက်ပြိုင်လိုပြိုင် ဖြစ်ပြန်ရော။
ဒီလိုနဲ့၊ကိုယ့်မှာလည်း စိတ်မနိုင်လို့၊ အတိတ်ဝိုင်ခွက်ကို၊ ပိတ်ကိုင်မိလျက်သားပေါ့ နှမငယ်ထွေး ငယ်ပါသေးရေ။
နောက်နောင်တော့ ကဗျာဆရာတွေနဲ့ ကဗျာလောကထဲကို ကျွဲပြဲစီးပြီး ၀င်မလာပါလေနဲ့။ ။
ေ အ ာ င္ ေ ၀ း
ဇူလိုင် ၂၇- ၂၀၁၆ 
Saturday, July 23, 2016
အ ေ ရ း ေ တာ် ပုံ … ပြ ည်ေ ပြး
အမေက မွေး
ထောင်က ကျွေး
အရေးတော်ပုံ ….ပြည်ပြေး
မွေး တစ်နေ့
သေ တစ်နေ့
လာမယ့် ဘေး
ပြေး တွေ့ 
မသေခင်
ပြေ(ပြည်)၀င်သွားချင်တယ်။ ။
    ေ အ ာ င္ ေ ၀ း
    ၇- ၂၃- ၂၀၁၆။
    (၆၂ နှစ်ပြည့် မွေးနေ့အတွက် ရေးတဲ့ကဗျာ)
Monday, July 11, 2016
ပ င် လုံ ( ၂ )
ပင်လုံ ...
အပင်လုံမှ အပွင့်လုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အသီးလုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အရိပ်လုံမယ်
ပင်လုံ ... ။
ပင်လုံ ...
အပင်လုံမှ အသိုက်လုံမယ်
ပင်လုံ ... ။
....................
......................
.......................
အို ...ပင်လုံ
အသင်လုံလျှင်
ကျွန်ုပ်တို့အားလုံး
လိပ်ပြာလုံ၍
အိပ်မက်လုံပါလိမ့်မည်။ ။
ေ အ ာ င္ ေ ၀ း
(ဇူလိုင် ၁၁၊ ၂၀၁၆)
Sunday, May 22, 2016
ကဗျာဆရာမ မစိမ်းပင်ပုံရိပ်ပါတဲ့ အောင်ဝေးရဲ့ မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)
ကဗျာဆရာမ မစိမ်းပင်ပုံရိပ်ပါတဲ့ အောင်ဝေးရဲ့ မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)
(သစ်ခက်သံလွင်၊ မိုးမခ) မေ ၂၃၊ ၂၀၁၆
ကြယ်နီကြွေပွင့် ကဗျာဆရာမ မစိမ်းပင်အမှတ်တရအဖြစ် ကဗျာဆရာအောင်ဝေး RFA မှာ တင်ဆက်ခဲ့ဖူးတဲ့ "မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)" ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။
ဒီဆောင်းပါးထဲမှာ ဆရာမ မစိမ်းပင်ရဲ့နရသိန်အကျဉ်းစံပုံရိပ်တစွန်းတစကိုတွေ့မြင်နိုင်ပြီး ကဗျာဆရာတွေ ဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေကို ဘယ်လိုတုံ့ပြန် ရင်ဆိုင်ခဲ့သလဲဆိုတာနဲ့ အာဏာရှင်တွေရဲ့အငြိုးတကြီး ဘယ်လိုဖိနှိပ်ဖြိုခွင်း ချိုးခြေခဲ့သလဲဆိုတာတွေကိုလည်း တစေ့တစောင်းမြင်တွေ့နိုင်မှာဖြစ်တဲ့အတွက် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
သစ်ခက်သံလွင်
...................
အောင်ဝေး - မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)
ကဗျာဆရာမ မရီဝေ FB မှ ကူးယူပါသည်။
ဇူလိုင် ၁၉၊ ၂၀၁၀
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှုသတင်းတွေ ကြားရဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့ သူတို့ ကိုယ်ပိုင် ဘလော့ဂ်တွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်လေ။ ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး၊ ဦးစီး ဦးဆောင်ထားပြီး ကဗျာလှုပ်ရှားနေကြတာပါ။
မောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနား၊ ထက်ရာဇာက အော်ရီဂွန်။ ကျော်သူမိုးမြင့်က ယူတ၊ ခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား၊ ကျနော်က မစ်ရှီဂန်ပဲ ဆိုပါတော့။ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့ ကဗျာဆရာငြိမ်းဝေ၊ မောင်လွမ်းဏီ၊ စိုးနေလင်း၊ နှင်းခါးမိုးတို့ ရှိတာပေါ့လေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ABSDF ကျောင်းသားတပ်မတော် ကနေပေါ်ထွက်လာတဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး၊၊
သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာ ကမာပုလဲ၊ ကယ်လီဖိုးနီးယားရောက်နေတဲ့ အောင်သာငယ်၊ အင်ဒီယားနား ဖိုတ့်ဝိန်းက ဆောင်းယွန်းလ၊ ဒါ ကျနော် လက်လှမ်းမီသလောက်ဆိုပါတော့၊ သူတို့ကို လက်နက်ကိုင် ကဗျာဆရာတွေလို့ ခေါ်ရမလားပဲ။ အခုလက်ရှိ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲကိုယ်တိုင်လည်း ကဗျာရေးသူတယောက်ပါ။
ပြည်ပရောက်လာပြီး ၊ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေအဆက်မပြတ်ရေးတင်နေကြသူတွေထဲမှာ နယ်စပ် က ဒုက္ခသည်စခန်းတခုမှာ ရောက်နေတဲ့ ခင်လွန်း၊ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ၊ ဗန်ကောက်တက္ကသိုလ်တခုက ကောင်းကင်ကို၊ အမေရိကားက ဟာဝိုင်ယီမှာနေတဲ့ မသဒ္ဒါတို့ ဆိုရင်လည်း မြန်မာကဗျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းကနေ ကြိုးပမ်းနေ ကြသူတွေပါ။
ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တခုအဖြစ်နဲ့ အဝေးရောက်မြန်မာ ကဗျာဆရာတွေက ယုံယုံ ကြည်ကြည် ကိုင်စွဲထားကြတာပါ။ ပြည်တွင်းမှာကတော့ ကဗျာဟာ အထူးသဖြင့် လူငယ်တွေရေးနေ တဲ့ ခေတ်ပြိုင်ကဗျာတွေဟာ စစ်အစိုးရရဲ့ အထူးပိတ်ပင်ကန့်သတ်ချုပ်ချယ်ခြင်းခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ကဗျာနဲ့မကင်းကွာဘူး။ ကဗျာဆရာနဲ့မကင်းကွာဘူး။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာတော့ ပြည်သူတွေနဲ့အတူပဲ ကဗျာဆရာတွေလည်း ဖိနှိပ်ခံ၊ စော်ကားခံ နေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဆိတ်သုဉ်းနေတဲ့ ဖက်ဆစ်သံဖနောင့်အောက်မှာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်ဟာ ဇီးရိုးနတ္ထိပါပဲ။
ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်တွေဟာ ကဗျာဆရာကို စိုးရွံ့ကြောက်လန့်ခဲ့ကြတာချည်းပါပဲ။ လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ Black List ဆိုတဲ့ ရန်သူတော်စာရင်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့တာပါ။
(ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်- ၅ ပါ)
တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာ ကျတော့ရော။ ၁၉၇၆ ခုနှစ် ဆရာကြီးသခင် ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ပွဲကို မဆလစစ်အစိုးရက ပိတ်ပင်တားဆီးခဲ့တာပဲ မဟုတ်လား။ မှိုင်းရာပြည့်အရေးအခင်းမှာ ကျောင်းသားတွေထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲမဟုတ်လား။
န၀တ/နအဖခေတ်ကိုရောက်လာတော့ ပိုဆိုးသွားပြီကိုဒေါင်း။ န၀တခေတ်မှာ ပထမဦးဆုံး အဖမ်းခံ ရတဲ့ ကဗျာဆရာက ဆရာတင်မိုးပါ။ နောက်တော့ NLD က ကဗျာဆရာတွေဖြစ်ကြတဲ့ ဆရာ ဖျာပုံနီလုံဦးနဲ့ ဆရာမုံရွာအောင်ရှင်တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမ မစိမ်းပင်ဆိုရင် အကျဉ်းထောင်ထဲမှာ လူစဉ်မမီတော့အောင် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပါ။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာပဲရှိတဲ့ စာပေစိစစ်ရေးဌာနဆိုတာ ဂျပန်ခေတ်က ကင်ပေတိုင်အဖွဲ့သာသာပါ။ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးမဖြစ်ခင်ကလေးက အဲဒီ စာပေ စိစစ်ရေးကိုရောက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ပြုစုတဲ့ လျှို့ ဝှက်အစီရင်ခံစာတစောင် ကျနော်တို့ တနည်းတဖုံနဲ့ ရခဲ့ဖူးပါတယ်။
အဲဒီ အစီရင်ခံစာထဲမှာ လက်ရှိမြန်မာကဗျာဆရာတွေကို အစိုးရဆန့်ကျင်ရေးသမားတွေအဖြစ် အုပ်စုတွေခွဲပြီး ဖော်ပြထားတာပါ။ ဥပမာဆိုပါတော့ ဆရာစွမ်းတို့၊ ဆရာကြည်အောင်တို့၊ ကျနော်တို့ကို ဗကပတမ်းချင်းရေးသူ တောမျှော်ကဗျာဆရာများဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာမျိုး။ ပြီးတော့ တခါ ကာရန်မဲ့ကဗျာရေးလို့ဆိုပြီး ကျနော်တို့လူငယ်တွေကို အမေကျော်ဒွေးတော်လွမ်း ကဗျာဆရာများဆိုတဲ့ တံဆိပ်တပ်တာမျိုး။ န၀တ ခေတ်မှာလည်း ဒီလိုလျှို့ဝှက်အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့်မကွယ်လွန်ခင်က ကျနော်တို့ကိုသတိပေးခဲ့ဖူးတာ ရှိပါတယ်။
စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာတော့ ကဗျာဆရာတွေ လည်း တောထဲရောက်၊ ထောင် ထဲ ရောက်၊ ရေဝေးရောက်ဖြစ်ကုန်ကြပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနေ ၀င်ရောက်အရွေးခံပြီး အနိုင်ရခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်တို့၊ ဆရာ ဗန်းမော်ညိုနွဲ့တို့ကို စစ်အစိုးရက အငြိုးအတေးကြီးကြီး ထားခဲ့ပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ဆိုရင် ကွယ်လွန်သွားတဲ့အထိ စာရေးခွင့်မရခဲ့တော့ပါဘူး။
NLD ကို ထောက်ခံအားပေးတဲ့အတွက် ဆရာကြည်အောင်နဲ့ ဆရာကိုလေး(အင်းဝဂုဏ်ရည်) တို့ကို စစ်အစိုးရက စာရေးခွင့် ထာဝရပိတ်ပင်ခဲ့ပါတယ်။ အခု ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ ကဗျာရေးလို့ ထောင်ချခံနေရတဲ့ ကဗျာဆရာစောဝေနဲ့ ဘလော့ဂါနေဘုန်းလတ်တို့ အကျဉ်းထောင်က ပြန်မလွတ်သေးပါဘူး။
ဘာနဲ့တူနေသလဲဆိုတော့ နအဖ စစ်အစိုးရဟာ ကဗျာဆရာကို အာဏာလုဘက်ထင်ပြီး မတရား ဖမ်းဆီးနှိပ်စက်နေတာမျိုးပါ ကိုဒေါင်း။
အားလုံးကိုသတိရလျက်-
အောင်ဝေး
၎ - ၁၉ - ၁၀
(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာစောဝေ မလွတ်မီက ရေးသားထုတ်လွှင့်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည့်ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၄ ကို လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)
သ က် တံ ဆွဲ သူ များ
ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။
ဟိံ - တံငါသည်
ဇာလေ - ပိုက်ကွန်ကို
ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။
ငါတို့ သည်
သက်တံကို
ကွေးကြကုန်၏။
သို့ တည်းမဟုတ် … ။
ငါတို့ သည်
သက်တံကို
ဖြောင့်ကြကုန်၏။
ယုံကြည်သူလည်းရှိ
သံသယ၀င်သူလည်းရှိ။
ချစ်ခင်သူလည်းရှိ
ငြိုငြင်သူလည်းရှိ။
ပသို့ ရှိစေ
သက်တံကွေးလည်း
ကွေးသည့်ခဏ
တေးတစ်ပုဒ်နဲ့ 
ဘေးဒုက္ခဒဏ် ကင်းခဲ့ပြီ။
ပသို့ ရှိစေ
သက်တံဖြောင့်လည်း
ဖြောင့်သည့်ခဏ
မြားတစ်တောင့်နဲ့ 
ကျားနှောင့်ယှက်ရန် ရှင်းခဲ့ပြီ။
သြော် … သီချင်းတစ်ပုဒ်
မြားတစ်ဆုပ်နှင့်
ကျွန်ုပ်တို့ သည် …။
ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။
တံငါသည်
ပိုက်ကွန်ကို
ဆွဲဘိသကဲ့သို့ ။
ငါတို့ သည်
သက်တံကို
ဖြူအောင်ဆွဲခဲ့ကြသည်တကား။ ။
(အဖြူရောင်သက်တံလှုပ်ရှားမှု ဆယ်နှစ်ပြည့်သို့ )
ေ အ ာ င္ ေ ၀ း
မေ ၂၀- ၂၀၁၆
ခေတ္တ- မစ်ရှီဂန်။
Sunday, April 10, 2016
ေ တာ် လှ န်ေ ရး နှ င့် ပ တ် သ က် ၍
(၁) အကျဉ်းထောင်က လွတ်မြောက်စ ကျောင်းသားလူငယ် တစ်ဦးစ၊ နှစ်ဦးစ၏ ယခင်ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရဟောင်းအပေါ် နာကြည်းခံပြင်းစိတ်အရင်းခံဖြင့် ပြောဆိုလိုက်သောစကားရပ်တချို့ ကို၊ အများက မကြိုက်နှစ်သက်နိုင်ဖြစ်ကြပါသည်။
(၂) ထိုအခါ ကာတွန်းဆရာတချို့ က "တော်လှန်ရေး" ဟူသောဝေါဟာရကို သရော်စော်ကားရာရောက်သည့် ကာတွန်းများရေးဆွဲလာကြပါသည်။
(၃) တချို့ သော ဖေ့စ်ဘုတ်စာမျက်နှာများကလည်း။ ကျောင်းသားတချို့ ကိုဝေဖန်ရင်း "တော်လှန်ရေး" ဝေါဟာရကို အောက်တန်းကျစေသည့် အရေးအသားများရေးသားလာကြပါသည်။
(၄) ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများကြားတွင် ၀င်၍ခလောက်ဆန်ကြသော။ ယခင်ကြံ့ ဖွတ်အစိုးရဟောင်း သစ္စာရှိသူများနှင့် NLD ထဲက ခြေစုံကန်ထွက်ခဲ့သည့် သစ္စာဖောက်များပေါင်းမိပြီး၊ "တော်လှန်ရေး" ဝေါဟာရကို သေးသိမ်အောင်လုပ်ဇာတ်ခင်းကြပြန်သည်။
(၅) ဝေါဟာရသည် ဝေါဟာရသက်သက်မဟုတ်။ ဝေါဟာရနောက်တွင် အဘိဓမ္မာရှိသည်။ တော်လှန်ရေး သည် အဘိဓမ္မာမဆိုထားနှင့်၊ ဝေါဟာရအရပင် ပျက်ရယ်ပြုစရာမဟုတ်ပါ။ လုံးဝမဟုတ်ပါ။
(၆) လောကတွင် တရားမျှတမှုမရှိလျှင်၊ မလွတ်လပ်လျှင်၊ မငြိမ်းချမ်းလျှင်၊ တော်လှန်ရေးက ရှိပါမည်။ (မတော်လှန်ရဲလျှင် အသာဘေးထွက်ထိုင်နေပါ။ တော်လှန်ရဲသူကို မစော်ကားရ)
(၇) တရးမျှတ၊ လွတ်လပ်၊ ငြိမ်းချမ်းနေသည့်အခါ တော်လှန်ရေးသည် မရှိတော့ပါ။ (တော်လှန်ရေးသည် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းရေးအတွက် မောင်းနှင်ရေး ဖြစ်သွားတာပါ)
(၈) တရားမျှတ လွတ်လပ်ပြီး ငြိမ်းချမ်းအောင် အမှန်တကယ်ဆောင်ရွက်နေသည့် အစိုးရမျိုးကို မည်သူက တော်လှန်ပါဦးမည်နည်း။ မည်သူကမှ တော်လှန်မည် မဟုတ်။
(၉) စစ်အာဏာရှင်စနစ်အောက်တွင် မိမိတို့ သည် ဒီမိုကရေစီရရှိရေးကို တိုက်ယူခဲ့ရသည်။ စစ်အာဏာရှင်ထံမှာ တောင်းယူ၍မရပါ။
(၁၀) ယခုအချိန်သည် (စစ်အာဏာရှင်စနစ် အရိပ်ဆိုး၊ အတိတ်ဆိုးတချို့ ကြွင်းကျန်နေသေးသော်လည်း) လူထုကတင်မြှောက်သည့်  ဒီမိုကရေစီအစိုးရ စတင်သည့် တိုင်းပြည်သစ်တည်ထောင်ချိန်ဖြစ်ပါသည်။
မိမိတို့ ၏လိုလားချက်များ၊ မပြည့် ဝသေးသည့်ဆန္ဒများကို၊ ယခင်စစ်အာဏာရှင်အစိုးရအဆက်ဆက်အောက်မှာလို တိုက်ယူစရာမလိုတော့ပါ။ တောင်းယူရမည့်အချိန်ဖြစ်ပါသည်။
(၁၁) အထူးသဖြင့် ကျောင်းသားများ မိမိတို့ ၏ပညာရေးလိုလားချက်များ၊ ဆန္ဒများကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးထင်ကျော်အစိုးသစ်ထံ အေးချမ်းစွာ တင်ပြတောင်းဆိုပြီး၊ ရိုးသားစွာဆွေးနွေးညှိနှိုင်းယူရမည့်အချိန်ရောက်ပြီဟု အပြည့်အ၀ယုံကြည်ပါကြောင်း။
 ေ အ ာ င္ ေ ၀ း
ဧၿပီ ၉- ၂၀၁၆။
--------------------------------------------------
ရာဟုတို့ ၊ ငဂျိမ်းတို့ ၊ မိဖြိုးတို့ ၊ သားတို့ သမီးတို့ ။
ဦးတို့ ငယ်ငယ် တက္ကသိုလ်ကျောင်းသားဘ၀က အစိုးရဆန့် ကျင်ရေးလုပ်နေတဲ့ ကျောင်းသားတွေကြားမှာ
တွင်ကျယ်ခဲ့တဲ့ စကားတစ်ခွန်းရှိခဲ့ဖူးတယ်။
"ငါတို့ ကျောင်းသားတွေရဲ့ တာဝန်က တက်လာသမျှအစိုးရ ဆန့် ကျင်ဖြုတ်ချဖို့ ပဲ" တဲ့။ (စာရေးဆရာ အောင်ကျော်စည် ရဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာသားပါ။ ၀တ္ထုမမှတ်မိတော့။ ခင်ဗျားတို့ ကိုစိန်ခေါ်တယ် ထဲကလား။ အားလုံးညာနေကြသည် ထဲကလား။ တစ်ခုထဲကပဲ)
အဲဒီစကားက အဲဒီ ဦးတို့ ခေတ်တုန်းကတော့မှန်တယ်။ တက်လာသမျှအစိုးရဟာ ဘောင်းဘီဝတ်စစ်အစိုးရ၊ ဘောင်းဘီချွတ်စစ်အစိုးရ၊ တိုက်ပုံဝတ်စစ်အစိုးရ၊ ခေါင်းပေါင်းပေါင်းစစ်အစိုးရ၊ စစ်အာဏာရှင်အစိုးရတွေချည်းဖြစ်နေလို့ ပဲ။ အဲဒီတော့ ဒီစကားမှန်ခဲ့တယ်ပေါ့ ။
ဒါပေမဲ့၊ အခု အဲဒီစကားမျိုး အခုလို ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရခေတ်မှာ၊ ဒီစကားပြောလာရင် မှန်ပါ့ မလား။ ဘယ့်နှယ်လဲ။ မှန်နိုင်ပါဦးမလား။ မမှန်နိုင်ဘူး။ လုံးဝမမှန်နိုင်ပါဘူး သားတို့ သမီးတို့ ရေ။
ကျောင်းသားနိုင်ငံရေးဟာ တည်ကြည်ရိုးသားရဲရင့်ပြီး အတွေးအခေါ်ခေတ်မီဖို့ လိုတယ်။
မင်းတို့  ဗ က သ များ အ ဖွဲ့  ချု ပ် က ထုတ်တဲ့ကြေညာချက်ကိုလက်ခံတယ်။ ကြိုဆိုတယ်။
ကျန်းမာအောင်နေပါ။
ခုလောလောဆယ် ကျောင်းသားထုညီညွတ်ရေးတည်ဆောက်ဖို့ အရေးကြီးတယ်။ အချင်းချင်းလည်း အပြုသဘောဝေဖန်ပါ။ ညီညွတ်ရေး- ဝေဖန်ရေး- ညီညွတ်ရေး မူကိုကိုင်စွဲပါ။
အခုနေ ပြောစရာရှိတာ နားနားပြီးပြော။ လုပ်စရာရှိတာ နားနားပြီးလုပ်။
(ဦးအောင်ဝေး)
Thursday, April 7, 2016
ပြ ည်ေ ပြးေ မ တ္တာ စာ
LETTER FROM MICHIGAN ။ အနောက်ဗာဂျီးနီးယားပြည်နယ်၊ မြန်မာမိသားစုများ၏ NLD အစိုးရသစ် ကြိုဆိုပွဲသို့ ပေးပို့ သောကဗျာ
မစ်ရှီဂန်မဲဇာမှာပေါ့ 
နှင်းတွေနဲ့ ဖိ
မြစ်ပေါ်ပိပြီး
အိကျသွားတဲ့ရေစီးကြောင်းမှာ
အိပ်မက်ဟောင်းတွေမျောပါသွားတဲ့
မစ်ရှီဂန်မဲဇာမှာပေါ့ ။
မြန်မာ့လွှတ်တော်ကြီးထဲက
စစ်ဝတ်စုံတွေမချွတ်နိုင်သေးတဲ့
စစ်သားအမတ် တစ်မတ်သားလိုပေါ့ 
ဟောဒီမှာ
ဆောင်းဝတ်စုံကို မချွတ်ချင်သေးတဲ့
နှင်းတွေရယ်လေ
နွေဦးပေါက်နေတာတောင်မှ
သင်းတို့ က
ခဏခဏကျတယ်။
ပြီးတော့လည်း
အဲဒီလွှတ်တော်ထဲ
ကဏန်းသေလို့ ဝင်စား
စစ်သားအမတ် တစ်မတ်သား
လွှတ်တော်ကို မထီလေးစား
မတ်တတ်ထထကန့် ကွက်သလို
ရော- ဒီက
နှင်းလွန်မသားတွေကလည်း
ခဏခဏထ
နှင်းမုန်တိုင်းတွေကျနေပါရဲ့ 
မစ်ရှီဂန်ဆိုတဲ့ မဲဇာမှာလေ။
ဒီက
ဂရင်းမြစ်ထဲကရေတွေစီးဆင်းတာနဲ့ 
ဟိုက
ဧရာဝတီမြစ်ထဲကရေတွေစီးဆင်းတာ
အတူတူပါပဲ။
မြစ်ဆိုတာ
စီးဆင်းရှင်သန်နေရမယ်ဆိုတဲ့
အဓိပ္ပာယ်ဟာ
အတူတူပဲပေါ့ ။
မစ်ရှီဂန်မှာ
ကျနော်စီးဆင်းနေသလို
အနောက်ဗာဂျီးနီးယားမှာလည်း
ခင်ဗျားတို့ စီးဆင်းနေတာပေါ့ ။
ရန်ကုန်ကလူတွေ
အနာဂတ်ကိုစီးဆင်းနေသလို
ခင်ဗျားတို့ ၊ ကျနော်တို့ 
အဝေးရောက်တွေလည်း
အနာဂတ်ကိုရောက်အောင်စီးဆင်းနေတာပေါ့ ။
ခက်တာက
နွေဦးပေါက်လာတာတောင်
နှင်းကကျတုန်းလား
မလွန်လွန်းဘူးလား နှင်းရယ်။
ကျနော်တို့ ကတော့
ကောက်ရိတ်ပွဲတော်ကိုသွားဖို့ 
နွေဦးကို
နှစ်ငါးဆယ်ကျော်စောင့်ခဲ့ရတာပါ။
ရာစုနှစ်၊ ဆယ်စုနှစ်များဖြတ်သန်းသွားကြ
တံတားအောက်မှာ မြစ်ရေတွေစီးဆင်းသွားကြ
ကတ္တရာလမ်းတွေပေါ်မှာ သွေးတွေအိုင်ထွန်းသွားကြ
ဝင်းပတဲ့နွေဦးကို
ကျနော်တို့ စောင့်စားခဲ့ကြတာပါ။
ဟော- တကယ်လည်း
နွေဦးပေါက်ပါပြီဆိုရော
နှင်းတွေက
ဆောင်းကိုခွာမချချင်လေတဲ့ နှင်းတွေလေ
မြန်မာ့လွှတ်တော်ထဲက
မပြောင်းလဲချင်တဲ့စစ်တစ်မတ်သားလိုပဲ
အာဏာဟောင်းကိုတွယ်ဖက်နေရဲ့ ။
ငါတို့ ဟာ စပါးတားကပ်စ်တွေဖြစ်တယ်
ငါတို့ ဟာ ပုန်ကန်သူတွေဖြစ်တယ်
ငါတို့ ဟာ ခွပ်ဒေါင်းတွေဖြစ်တယ်
ငါတို့ ဟာ ရှင်သန်နွေဦးတွေလည်းဖြစ်တယ်လေ။
တို့ နွေဦးမှာ
ဖူးသစ်နီမြန်း၊ သွေးနဲ့ ဖျန်းလို့ 
ပန်းတွေ ပွင့်တယ်။
ပွင့်တဲ့ပန်းတွေ
စိမ်းလန်းနီမောင်း၊ လာခြင်းကောင်းလို့ 
ခွပ်ဒေါင်းတွန်တယ်။
ခွပ်ဒေါင်းတွန်ရင်
နှင်းလွန်နွေပေါက်၊ တစ်မိုးသောက်လို့ 
တို့ ခေတ်ရောက်မယ်။
ထလော့
နွေဦးပန်းပွင့်အပေါင်း သူရဲကောင်းတို့ 
ထလော့။
နွေဦးကျောင်းမှာ
ဒေါင်းအလံလွှင့်၊ မောင်းသံဆင့်လော့။
အလို- မစ်ရှီဂန်မှာ
တော်လှန်နွေဦး၊ ရဲရဲဖူးတော့
ဒူးထောက်ရတဲ့နှင်းတွေ အော်တယ်
“ဒီမိုကရေစီအနိုင်ကျင့်ခံရမှု” တဲ့
“ဒီမိုကရေစီအနိုင်ကျင့်ခံရမှု” တဲ့
မချိမဆံ့အော်တယ်။
ဘယ်လိုလဲ
တပ်ချုပ်ကြီးမင်းအောင်လှိုင်ရယ်
လွှတ်တော်ထဲ
မင်းကောင်တွေ အော်လှပါလား။
ငါတို့ ကမေတ္တာပို့ ပါရဲ့ 
စစ်အာဏာရှင်စနစ်အမြစ်မပြတ်သေးတော့
မင်းတို့ လည်း သာပါစေ၊ မာပါစေပေါ့ ။
စစ်အာဏာရှင်စနစ်မျိုးဖြုတ်ဖို့ 
စစ်တပ်ကိုမျိုးတုံးအောင်လုပ်ရတော့မယ်။
ကန်တော့ပါရဲ့ 
ကျနော့်အဖေပါဝင်ခဲ့တဲ့တပ်မတော်က
ကျနော့်ပြည်သူတွေကိုသတ်တယ်။
ကျမဖေဖေထူထောင်ခဲ့တဲ့တပ်မတော်ကလည်း
ကျမပြည်သူတွေကိုသတ်တာပါပဲ အစ်မရယ်။
စစ်သားကို သေနတ်ဖြုတ်ရင်
စစ်တပ်ဆိုတာ မျိုးပြုတ်ပြီ။
သေနတ်တွေ ပြည်သူထံအပ်လော့
တပ်ကထွက်ကြလော့
တောပြန်ပြီး လယ်လုပ်ကြလော့။
တပ်ကထွက်ကြ
ရွာပြန်ပြီး ယာထွန်ကြ
သေနတ်တွေ ပြည်သူထံအပ်ကြ။
ပြည်သူကို မသတ်တော့ဘူးဆိုရင်
သေနတ်မပါတဲ့လက်တွေက
ပြည်သူ့ မျက်ရည်ကိုသုတ်ပေးနိုင်ပြီဆိုရင်။
မော်လမြိုင်ထောင်ထဲမှာ
ပြည်သူ့ အတွက် အသက်ပေးသွားတဲ့
ဗိုလ်ကြီးဝင်းဗိုလ်ကို အမျှဝေကြမယ်။
ရှစ်လေးလုံးအရေးတော်ပုံမှာ
ကျဆုံးခဲ့တဲ့
ရှစ်တန်းကျောင်းသူလေး မ၀င်းမော်ဦးကိုလည်း
အမျှ အမျှ အမျှဝေကြမယ်။
ကျနော့်အဖေပါဝင်ခဲ့တဲ့တပ်မတော်ဟာ
ကျနော့်ပြည်သူတွေကို မသတ်တော့ဘူးဆိုရင်။
ကျမဖေဖေထူထောင်ခဲ့တဲ့တပ်မတော်ဟာ
ကျမပြည်သူတွေကို မသတ်တော့ဘူးဆိုရင်။
အဲဒီအခါ
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းလို့ 
ဖက်ဆစ်တပ်လည်း တစ်ဇာတ်သိမ်းပြီပေါ့ ။
အဲဒီအခါ
ပြည်သူချစ်တဲ့ ပြည်သူ့ တပ်မတော်ကြီးလည်း
ပေါ်ထွန်းလာပြီပေါ့ ။
ကျနော်က
အစိုးရသစ်ကိုကြိုချင်တာမဟုတ်ပါ
ကျနော်က
အစိုးရသစ်ရဲ့ ပြည်သူ့ တပ်မတော်သစ်ကို
ကြိုချင်တာပါ။
ဘူးလက်ကြီးဦးလှဆွေရေ-
ခင်ဗျား စာရေးပါ
ခင်ဗျား ဟာသစာရေးဆရာဖြစ်နိုင်တယ်
စာရေးဆရာဘ၀နဲ့ 
ပြည်သူ့ တပ်မတော်သစ်ကြီးကိုကြိုပါ။
ပြန်ဝန်ကြီး ဦးရဲထွဋ်ဗျာ
ဆရာလည်း စာရေးကောင်း
ပြည်သူ့ တပ်မတော်သစ်ကြီးကို
သွေးသစ်လောင်းဖို့ 
အက်ဆေးကောင်းကောင်းလေးတွေရေးပါ။
တပ်မတော်ကြီးဟာ
တစ်နေ့  လှလာမယ်။
သမိုင်းဟာ ဘယ်တော့မှ
တစ်ပတ်ပြန်မလည်တာ့ဘူး။
စစ်ဖိနပ်တွေ ဘယ်တော့မှ
ရာဇပလ္လင်ပေါ် ပြန်မရောက်နိုင်တော့ဘူး။
အဟွန့် - စစ်အာဏာရှင်ဘက်ကရပ်
စင်ပေါ်ရောက်ရင်
ဖင်ကြီး တပြပြ
ရင်ကြီး တပြပြ
ကာလသားတွေက
ဖွန်ကြီး၊ ဖွန်ကြီးလို့ ခေါ်ကြတဲ့
ဇွန်ကြီးတို့ ၊ ဇာဇာထက်ကလေးတို့ ရေ-
မင်းလေးတို့ ကိုလည်း
မင်းတို့ အစ်ကို အောင်ဝေးက
အရေးမယူ မငြူစူပါဘူး
(ဘူးလက်ကြီးတို့ ၊ ဦးလှဆွေတို့ လိုပဲ)
ညည်းတို့ ကိုလည်း မေတ္တာပို့ ပါရဲ့ 
သာပါစေ၊ မာပါစေ
အစိုးရကောင်းအောက်မှာ
သားကောင်းမိခင်တွေ ဖြစ်ကြပါစေ။
ကြံ့ဖွတ်အဆိုတော် သားဆိုးသားမိုက်
သင်္ကြန်မှာ မဏ္ဍပ်တွေအပိတ်ခံရလို့ 
ဘ၀ပျက်ရသတဲ့
မိုက်ပါ့ 
ပြည်သူတွေတစ်သက်လုံး
ဘ၀ပျက်နေရတုန်းက
မင်းဘယ်သွားပုန်းနေသလဲ ငတုံးရဲ့ 
မင့်ကိုလည်း ငါ မေတ္တာပို့ ပါရဲ့ 
သင်္ကြန်မှာ မဏ္ဍပ်ပိလို့ လည်း မသေပါစေနဲ့ ။
ဟိုတစ်ကောင် ခင်လှိုင်
ဖင်မနိုင်ပဲ ကျီမီးနဲ့ ရှို့ 
ကြွက်မနိုင် ပဲကြီးဟင်းသောက်
ကမောက်ကမတွေ
နောက်မပြောနဲ့ ညီလေးရေ။
တို့ လိုနေတာက
အနုပညာလွတ်လပ်ခွင့်ကွ
အဲဒီအနုပညာလွတ်လပ်ခွင့်
ဒေါ်စုမကလို့ ၊ ဒေါ်ပုအစိုးရဖြစ်ဖြစ်
ချုပ်ချယ်ရင် ဆန့် ကျင်ရမှာပဲ
ခုတော့ စာကျက်ဦးငါ့ ညီ။
ဟဲလို- ၂၀၂၀ ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်လောင်း ဒေါက်တာအေးမောင် ငဲ့
ခင်ဗျားကိုလည်း
ကဗျာဆရာအကောင်းစား အောင်ဝေးက
တလေးတစား တောင်းပန်ပါရဲ့ ။
ခင်ဗျားလည်း စာကျက်ဦးဗျာ
လွှတ်တော်ထဲ စစ်သားအမတ်တွေ
ထိုင် ထ လေ့ကျင့်ခန်း
“ရထားပန်းခိုင်” ယိမ်းကနေတယ်များထင်နေသလား
ခင်ဗျားတစ်ခုခုမပြောတော့ဘူးလား
ကြားချင်စမ်းပါရဲ့ ဗျာ။
သင်္ကြန်မှာ သံချပ်ထိုး
ရခိုင်မှာ စီးချင်းထိုးကြမယ်။
သင်္ကြန်ရေ မာပါစေလောင်း
မြန်မာပြည် သာမည်အကြောင်းနဲ့ 
ဒေါင်းခွပ်မည်၊ ထင်ရည်မှန်းကြပေတော့
နာစရာရှိရင်လည်း
လွမ်းစရာနဲ့ ဖြေကြပါတော့
နိုင်ငံတော်အတိုင်ပင်ခံဘွားတော်ကြီးကိုလည်း
ရင်းရင်းနှီးနှီးကြီးကို အသနားခံပါရဲ့
ထောင်ထဲကကျောင်းသားလေးတွေကိုလည်းလွှတ်ပေးပါဦး။
သမ္မတကြီး ကျန်းမာပါစေ
ကျန်းမာပါစေ သမ္မတကြီး
နိုင်ငံရေးအကျဉ်းသားတွေလည်း အမြန်လွှတ်ပေးပါဦးသမ္မတကြီး
သာပါစေ၊ မာပါစေ
မြန်မာပြည်သူတွေ အောင်ပါစေကြောင်း
ပန်းသပြေ ညောင်ရေလောင်းလို့ 
ကျောင်းသားခေါင်းဆောင်ဟောင်း
နိုင်ငံရေးအကျဉ်းသားဟောင်း
NLD ပါတီဝင်ဟောင်း
အခုတော့ ဘ၀ပြောင်းလို့ 
ပြည်ပြေးအပေါင်းစုဝေးရာ
မစ်ရှီဂန်မဲဇာ
အနောက်ဗာဂျီးနီးယားမဲဇာ
မဲဇာ … မဲဇာ … မဲဇာ
ဟောဒီ အမေရိကဆိုတဲ့ မဲဇာကနေ
သဲသာသောင်မြေ
ပွဲခါညောင်ရေ လုပ်လိုက်ရပါကြောင်း
သြောင်း - ခွပ်ဒေါင်း သူရဲကောင်းတို့ ဗျား။    ။
ေ အ ာ င္ ေ ၀ း
ဧၿပီ ၆- ၂၀၁၆။