Sunday, May 22, 2016

သ က် တံ ဆွဲ သူ များ




ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။

ဟိံ - တံငါသည်
ဇာလေ - ပိုက်ကွန်ကို
ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ကွေးကြကုန်၏။

သို့ တည်းမဟုတ် … ။

ငါတို့ သည်
သက်တံကို
ဖြောင့်ကြကုန်၏။

ယုံကြည်သူလည်းရှိ
သံသယ၀င်သူလည်းရှိ။

ချစ်ခင်သူလည်းရှိ
ငြိုငြင်သူလည်းရှိ။

ပသို့ ရှိစေ
သက်တံကွေးလည်း
ကွေးသည့်ခဏ
တေးတစ်ပုဒ်နဲ့ 
ဘေးဒုက္ခဒဏ် ကင်းခဲ့ပြီ။

ပသို့ ရှိစေ
သက်တံဖြောင့်လည်း
ဖြောင့်သည့်ခဏ
မြားတစ်တောင့်နဲ့ 
ကျားနှောင့်ယှက်ရန် ရှင်းခဲ့ပြီ။

သြော် … သီချင်းတစ်ပုဒ်
မြားတစ်ဆုပ်နှင့်
ကျွန်ုပ်တို့ သည် …။

ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။
တံငါသည်
ပိုက်ကွန်ကို
ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ဖြူအောင်ဆွဲခဲ့ကြသည်တကား။ ။

(အဖြူရောင်သက်တံလှုပ်ရှားမှု ဆယ်နှစ်ပြည့်သို့ )
ေ အ ာ င္ ေ ၀ း
မေ ၂၀- ၂၀၁၆
ခေတ္တ- မစ်ရှီဂန်။

Related Posts:

  • အဘ၏ အုတ်ဂူ၌ ပူဇော်ခြင်း အောင်ဝေး (ဆရာကြီး မင်းသုဝဏ် ရာပြည့် သို့) အို … ဟေမန္တ ညည်းသံတစ သည်းထန်လှပါလား။ နှင်းမြူကြားက အဘအုတ်ဂူ၊ ညအဖြူမှာ ဘယ်… Read More
  • old scent in the pastအတိတ်ရဲ့ ရနံ့ဟောင်းများအရှင်လတ်လတ်ကြီးကိုပေးဆပ်ခဲ့ရအတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။မလိုအပ်ပါဘဲဇာတ်ညွှန်းတွေ ပြန်ပြန် ခွဲကြဖလင်ပေ တစ်စမျှမရိုက်နိုင်ကြတဲ့ ရု… Read More
  • Insein Prison - Our Next Boycott Headquarter Normal 0 false false false MicrosoftInternetExplorer4 !-- /* Font Definitions */ @font-face… Read More
  • မမခင်ဦးစံပယ်သို့  တမ်းချင်း - ၄မမခင်ဦးစံပယ်သို့ တမ်းချင်း - ၄အောင်ဝေးဖေဖော်ဝါရီ ၃၊ ၂၀၀၉မမခင်ဦးစံပယ် ရေ …(ဒေါ်မာမာအေး)ကသက်တံပေါ်မှာ ကစားမယ် တဲ့။ကျနော်ကတော့သက်တံပေါ်မှာ လမ်းလျှောက်ခဲ့ပ… Read More
  • poem for May 18, 2009 ၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်အင်းစိန် အကျဉ်းထောင်ရှေ့ တွင်မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်အထူးကဗျာအောင်ဝေးဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂မတရားတဲ့ ဥ… Read More

0 comments: