Wednesday, August 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ


 
အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်
ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြေးမြင်မိကြသည်။ ဟစ်တလာ၏
လူမျိုးကြီးဝါဒ ဟုဆိုကြပါစို့။ ထိုဟစ်တလာဝါဒ၊ တစ်နည်း EXTREME NATIONALISM (EN)က ကျနော်တို့ မြန်မာပြည်မှာလည်း ရှိသည်။
[ဥပမာ- စစ်တပ်ကို ထောက်ခံအားပေးသည့်(စစ်တပ်ကလည်း ကာကွယ်ပေးထားသည့်) ဝိုင်၊အမ်၊ဘီ၊အေ အသင်းမျိုး၏ အမျိုး၊ ဘာသာ၊
သာသနာ ကြွေးကြော်သံသည် EN ဖြစ်သည်။ ယခုအခါ၊ မ ဘ သ တစ်ဖြစ်
လဲ၊ ကျော်မျိုးရွှေ-အေးပိုင်အဖွဲ့မျိုး၏ အမျိုးသားရေးအမည်ခံကြွေးကြော်သံ
သည် EN ဖြစ်သည်။    ။ဤကား စကားချပ်]
အမေရိကလို ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး နိုင်ငံမျိုးတွေ
မှာတောင်၊ ထို EN ကို တွေ့လာနေရပြီဖြစ်သည်။ မသိမသာကနေ တဖြည်းဖြည်း သိသာထင်ပေါ်လာသည်အထိ၊ တချို့အစိုးရတွေ ကိုယ်တိုင်
က EN ကို အားပေးလာနေတာဖြစ်သည်။
ထိုကဲ့သို့သော နိုင်ငံရေးရာသီဥတုမှာ၊ ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ
ဆိုးကြီးက တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာနေခဲ့သည်။ ထိုရောဂါပိုး
ဘယ်ကလာသလဲ။ တရုတ်ပြည်၊ ဝူဟန်မြို့က လာတယ်။ ဝူဟန်ဗိုင်းရပ်စ်
ဟုပင် ခေါ်ခဲ့ကြသည်။ တရုတ်ပြည်က ဘယ်နေရာမှာလဲ။ အာရှမှာ။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Covid-19 coronavirus ကို၊
ကမ္ဘာ့ကပ်ရောဂါ Global Pandemic အဖြစ် သတိပေးကြေညာလိုက်
သောအခါ ... ။
အမေရိကမှာ၊ ဗြိတိန်မှာ၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု
တွေ ရုတ်ခနဲထ ပေါ်ပေါက်လာတော့သည်။ ဒါကို RACISM ဟုခေါ်သည်။
အမေရိကက တချို့မြို့ကြီးတွေက စားသောက်ဆိုင်တွေမှာ "NO CHINESE" ဟု စာရေးကပ်ထားလိုက်ကြသည်။ တရုတ် မဝင်ရ။ ယင်းမှာ
ကိုဗစ်-19 ကပ်ကြီးအစမှာ စတင်မီးရှို့လိုက်သည့် RACISM မီးတောက်ပင်
ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး တရုတ်ပြည်က စတင်ပြန့်ပွားတာ။ တရုတ်လူမျိုး အလိုမရှိ။ ထိုသဘောထားမျိုး တချို့သော အမေရိကန်လူဖြူ အစွန်းရောက်
အမျိုးသားရေးဝါဒီတွေဆီမှာရှိသည်။ ထိုသို့ အမေရိကန်လူဖြူတချို့၏
အမျိုးသားရေးအစွန်းရောက်မှုဒဏ်ကို အမေရိကန်လူမည်း(AFRICAN-
AMERICAN)တွေ ခံရသည်။ စပိန်စကားပြော MEXICAN-LATINO တွေ
ခံရသည်။
ဟော- အခုတော့ ကျနော်တို့အာရှသားတွေဘက် လှည့်လာသည်။
ကျနော်တို့က အသားဝါသည်။ အသားညိုသည်။ YELLOW SKIN ဟု
ဆိုသည်။ အဖြူမဟုတ်လျှင်၊ ကျန်သည့်သူများကို အသားအရောင်ရှိသူ
ဟု ထို အဖြူအစွန်းရောက်တွေက သတ်မှတ်သည်။
စားသောက်ဆိုင်မှာ "NO CHINESE" ဟု စာကပ်ရုံနှင့် မပြီးသေး။ ထိုသူ
တို့က အာရှသားထင်သမျှကို ရန်ရှာလာကြတော့သည်။
လူကြားသူကြားထဲမှာပင် "GO BACK YOUR HOME" ဆိုပြီး၊ လက်ည်ှုး
ငေါက်ငေါကထိုးကာ အော်ဟစ်မောင်းထုတ်တာ ခံရပြန်သည်။ မင်းတို့တိုင်း
ပြည် မင်းတို့ပြန်သွား။
ထိုကဲ့သို့ အော်ဟစ်မောင်းထုတ်ခံရသည့်အထဲမှာ ကျနော်တို့ မြန်မာများ
လည်းပါသည်။
တရုတ်ကဲ့သို့၊ ဗီယက်နမ်ကဲ့သို့၊ မြန်မာကဲ့သို့၊ အသားအရောင်ရှိသော
အာရှသား လူမျိုးခြားတွေကို၊ ထို လူဖြူအစွန်းရောက်အမျိုးသားရေးသမား
တချို့က ရန်သူဟု မြင်ကြသည်။ ခြိမ်းခြောက်နှောင့်ယှက်ကြသည်။ ရန်
ပြုတိုက်ခိုက်ကြသည်။အိမ်နံရံတွေမှာ "GET OUT" ဆိုပြီး တချို့စာတန်း
ခံရသည်။
ကိုဗစ်-19 ကပ်ကြီးအတွင်းမှာ၊ ကိုရိုနာဗိုင်းရပ်စ်ရန်သူက၊ ကိုယ်နှင့်(၆)ပေ
အကွာမှာ လုပ်ကြံဖို့ အသင့်ချောင်းမြောင်းနေသည်။ သေရေးထက် ထို
အစွန်းရောက်အမျိုးသားရေးဝါဒ EN သမားတွေရဲ့ရန်က ခက်နေသည်။
ကယ်လီဖိုးနီးယားမှာ မြန်မာအပါအဝင် အာရှသားမိသားစုတချို့ ကိုယ့်
အိမ် ကိုယ်မနေရဲလောက်အောင် ခြိမ်းခြောက်တာခံရသည်။ နီးစပ်ရာ၊ ရင်း
နှီးရာ ပြောင့်ရွှေ့နေကြရသည်။
တက္ကဆက်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား သားအဖ၊ ကိုယ်ထိလက်
ရောက်ထိုးနှက်ခံရပြီး၊ ဒဏ်ရာအနာတရ ဖြစ်ရသည်။
အခြား အာရှနွယ်ဖွားတွေ ရင်ဆိုင်ရသည့် အန္တရာယ်တွေက အမေရိကန်
တလွှားမှာ ရှိနိုင်သေးသည်။
မနေ့တစ်နေ့ကပင်၊ ဝစ္စကွန်စင်ပြည်နယ်မှာ၊ ရဲက ပစ်လို့၊ အမေရိကန်လူ
မည်းတစ်ယောက်သေပြန်သည်။ လူမည်းထုကြီး၏ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ ဒေါသမီးတဟုန်းဟုန်း ပေါ်လာပြန်သည်။ BLM
ဆန္ဒပြသမားတွေက "NO TO RACISM" ဟု ကြွေးကြော်မြဲ။
ကျနော်တို့ အာရှသားတွေလည်း "NO TO RACISM" ဟု ကြွေးကြော်
ချင်ပါသည်။
ကျနော်တို့က(အာရှသားတွေက) ယခုဖြစ်ပွားနေသော ကပ်ရောဂါဘေး
ဆိုးကြီးကို ကိုယ်ချင်းစာတရားနှင့် ရင်ဆိုင်ဖြေရှင်းနေကြပါသည်။ မေတ္တာ
တရားနှင့် အောင်မြင်ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြပါသည်။
ယနေ့ AUGUST 27, 2020 Covid-19 Live Update:
ကမ္ဘာတစ်ဝန်းလုံး- ကူးစက် (၂၄)သန်း။ သေဆုံး- (၈)သိန်း(၂)သောင်း(၂)
ထောင်။
အမေရိကန်ပြည်ထောင်စု ကူးစက်-(၆)သန်းကျော်။ သေဆုံး- (၁)သိန်း(၈)
သောင်း(၄)ထောင်ကျော်။
မြန်မာနိုင်ငံ ကူးစက်- (၆၀၂)ယောက်။ သေဆုံး-(၆)ယောက်။
သေဘေးကြီးကြားမှာ၊ ကျနော် အသက်ရှင်အောင် ကြိုးစားနေထိုင်နေပါ
သည်။ သူများ အစော်ကား မခံရအောင်လည်း သတိထားနေထိုင်နေပါ
သည်။ ကျနော့်အသားအရောင်၊ ကျနော့်ဇာတိပုည ဂုဏ်မာနကို အထိပါး
မခံနိုင်ပါ။
ခက်သည်မှာ? ထို အစွန်းရောက်အမျိုးသားရေးဝါဒဆိုးကြီး၊ ကိုဗစ်-19
ရောဂါကာကွယ်ဆေး စမ်းသပ်ရှာဖွေနေသည့် နယ်ပယ်ထဲ ရောက်ရှိလာ
ခြင်းပင်ဖြစ်လေသည်။
ကိုယ်ဖော်တဲ့ဆေး၊ ကိုယ့်လူမျိုးအတွက်ပဲပေး ဆိုသည့် တစ်ကိုယ်ကောင်း
အယူအဆဆိုးကြီးက ကျနော်တို့ကို  မျက်လုံးပြူး လျှာထုတ်ကာ သရော်
လှောင်ပြောင်နေလေသည်။
သြော် ... EXTREME NATIONALISM ပြီးတော့၊ VACCINE NATIONALISM ပါလား။
လူကြား၍မှ မကောင်းချေ။    ။

အောင်ဝေး
(သြဂုတ် ၂၇၊ ၂၀၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၀
 
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ေျပာလိုက္လွ်င္ က်ေနာ္တို့သည္
ဟစ္တလာႏွင့္ ဂ်ဴးလူမ်ိဳး(၆)သန္းကို ေျပးျမင္မိၾကသည္။ ဟစ္တလာ၏
လူမ်ိဳးႀကီး၀ါဒ ဟုဆိုၾကပါစို့။ ထိုဟစ္တလာ၀ါဒ၊ တစ္နည္း EXTREME NATIONALISM (EN)က က်ေနာ္တို့ ျမန္မာျပည္မွာလည္း ရွိသည္။
[ဥပမာ- စစ္တပ္ကို ေထာက္ခံအားေပးသည့္(စစ္တပ္ကလည္း ကာကြယ္ေပးထားသည့္) ၀ိုင္၊အမ္၊ဘီ၊ေအ အသင္းမ်ိဳး၏ အမ်ိဳး၊ ဘာသာ၊
သာသနာ ေၾကြးေႀကာ္သံသည္ EN ျဖစ္သည္။ ယခုအခါ၊ မ ဘ သ တစ္ျဖစ္
လဲ၊ ေက်ာ္မ်ိဳးေရႊ-ေအးပိုင္အဖြဲ့မ်ိဳး၏ အမ်ိဳးသားေရးအမည္ခံေၾကြးေႀကာ္သံ
သည္ EN ျဖစ္သည္။    ။ဤကား စကားခ်ပ္]
အေမရိကလို ကမၻာ့ထိပ္တန္း ဒီမိုကေရစီႏွင့္လူ့အခြင့္အေရး ႏိုင္ငံမ်ိဳးေတြ
မွာေတာင္၊ ထို EN ကို ေတြ့လာေနရၿပီျဖစ္သည္။ မသိမသာကေန တျဖည္းျဖည္း သိသာထင္ေပၚလာသည္အထိ၊ တခ်ိဳ့အစိုးရေတြ ကိုယ္တိုင္
က EN ကို အားေပးလာေနတာျဖစ္သည္။
ထိုကဲ့သို့ေသာ ႏိုင္ငံေရးရာသီဥတုမွာ၊ ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါ
ဆိုးႀကီးက တစ္ကမၻာလုံးကို ကူးစက္ပ်ံ့ႏွ့ံလာေနခဲ့သည္။ ထိုေရာဂါပိုး
ဘယ္ကလာသလဲ။ တရုတ္ျပည္၊ ၀ူဟန္ၿမိဳ့က လာတယ္။ ၀ူဟန္ဗိုင္းရပ္စ္
ဟုပင္ ေခၚခဲ့ၾကသည္။ တရုတ္ျပည္က ဘယ္ေနရာမွာလဲ။ အာရွမွာ။
WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးက Covid-19 coronavirus ကို၊
ကမၻာ့ကပ္ေရာဂါ Global Pandemic အျဖစ္ သတိေပးေၾကညာလိုက္
ေသာအခါ ... ။
အေမရိကမွာ၊ ၿဗိတိန္မွာ၊ အသားအေရာင္ခြဲျခားမွဳ၊ လူမ်ိဳးေရးခြဲျခားမွဳ
ေတြ ရုတ္ခနဲထ ေပၚေပါက္လာေတာ့သည္။ ဒါကို RACISM ဟုေခၚသည္။
အေမရိကက တခ်ိဳ့ၿမိဳ့ႀကီးေတြက စားေသာက္ဆိုင္ေတြမွာ "NO CHINESE" ဟု စာေရးကပ္ထားလိုက္ၾကသည္။ တရုတ္ မ၀င္ရ။ ယင္းမွာ
ကိုဗစ္-19 ကပ္ႀကီးအစမွာ စတင္မီးရွဳိ့လိုက္သည့္ RACISM မီးေတာက္ပင္
ျဖစ္သည္။
ကိုရိုနာဗိုင္းရပ္စ္ပိုး တရုတ္ျပည္က စတင္ျပန့္ပြားတာ။ တရုတ္လူမ်ိဳး အလိုမရွိ။ ထိုသေဘာထားမ်ိဳး တခ်ိဳ့ေသာ အေမရိကန္လူျဖဴ အစြန္းေရာက္
အမ်ိဳးသားေရး၀ါဒီေတြဆီမွာရွိသည္။ ထိုသို့ အေမရိကန္လူျဖဴတခ်ိဳ့၏
အမ်ိဳးသားေရးအစြန္းေရာက္မွဳဒဏ္ကို အေမရိကန္လူမည္း(AFRICAN-
AMERICAN)ေတြ ခံရသည္။ စပိန္စကားေျပာ MEXICAN-LATINO ေတြ
ခံရသည္။
ေဟာ- အခုေတာ့ က်ေနာ္တို့အာရွသားေတြဘက္ လွည့္လာသည္။
က်ေနာ္တို့က အသား၀ါသည္။ အသားညိဳသည္။ YELLOW SKIN ဟု
ဆိုသည္။ အျဖဴမဟုတ္လွ်င္၊ က်န္သည့္သူမ်ားကို အသားအေရာင္ရွိသူ
ဟု ထို အျဖဴအစြန္းေရာက္ေတြက သတ္မွတ္သည္။
စားေသာက္ဆိုင္မွာ "NO CHINESE" ဟု စာကပ္ရံုႏွင့္ မၿပီးေသး။ ထိုသူ
တို့က အာရွသားထင္သမွ်ကို ရန္ရွာလာၾကေတာ့သည္။
လူၾကားသူၾကားထဲမွာပင္ "GO BACK YOUR HOME" ဆိုၿပီး၊ လက္ည္ွဳး
ေငါက္ေငါကထိုးကာ ေအာ္ဟစ္ေမာင္းထုတ္တာ ခံရျပန္သည္။ မင္းတို့တိုင္း
ျပည္ မင္းတို့ျပန္သြား။
ထိုကဲ့သို့ ေအာ္ဟစ္ေမာင္းထုတ္ခံရသည့္အထဲမွာ က်ေနာ္တို့ ျမန္မာမ်ား
လည္းပါသည္။
တရုတ္ကဲ့သို့၊ ဗီယက္နမ္ကဲ့သို့၊ ျမန္မာကဲ့သို့၊ အသားအေရာင္ရွိေသာ
အာရွသား လူမ်ိဳးျခားေတြကို၊ ထို လူျဖဴအစြန္းေရာက္အမ်ိဳးသားေရးသမား
တခ်ိဳ့က ရန္သူဟု ျမင္ၾကသည္။ ၿခိမ္းေျခာက္ေႏွာင့္ယွက္ၾကသည္။ ရန္
ျပဳတိုက္ခိုက္ၾကသည္။အိမ္နံရံေတြမွာ "GET OUT" ဆိုၿပီး တခ်ိဳ့စာတန္း
ခံရသည္။
ကိုဗစ္-19 ကပ္ႀကီးအတြင္းမွာ၊ ကိုရိုနာဗိုင္းရပ္စ္ရန္သူက၊ ကိုယ္ႏွင့္(၆)ေပ
အကြာမွာ လုပ္ႀကံဖို့ အသင့္ေခ်ာင္းေျမာင္းေနသည္။ ေသေရးထက္ ထို
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ EN သမားေတြရဲ့ရန္က ခက္ေနသည္။
ကယ္လီဖိုးနီးယားမွာ ျမန္မာအပါအ၀င္ အာရွသားမိသားစုတခ်ိဳ့ ကိုယ့္
အိမ္ ကိုယ္မေနရဲေလာက္ေအာင္ ၿခိမ္းေျခာက္တာခံရသည္။ နီးစပ္ရာ၊ ရင္း
ႏွီးရာ ေျပာင့္ေရႊ့ေနၾကရသည္။
တကၠဆက္မွာ ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသား သားအဖ၊ ကိုယ္ထိလက္
ေရာက္ထိုးႏွက္ခံရၿပီး၊ ဒဏ္ရာအနာတရ ျဖစ္ရသည္။
အျခား အာရွႏြယ္ဖြားေတြ ရင္ဆိုင္ရသည့္ အႏၱရာယ္ေတြက အေမရိကန္
တလႊားမွာ ရွိႏိုင္ေသးသည္။
မေန့တစ္ေန့ကပင္၊ ၀စၥကြန္စင္ျပည္နယ္မွာ၊ ရဲက ပစ္လို့၊ အေမရိကန္လူ
မည္းတစ္ေယာက္ေသျပန္သည္။ လူမည္းထုႀကီး၏ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေဒါသမီးတဟုန္းဟုန္း ေပၚလာျပန္သည္။ BLM
ဆႏၵျပသမားေတြက "NO TO RACISM" ဟု ေၾကြးေႀကာ္ၿမဲ။
က်ေနာ္တို့ အာရွသားေတြလည္း "NO TO RACISM" ဟု ေၾကြးေႀကာ္
ခ်င္ပါသည္။
က်ေနာ္တို့က(အာရွသားေတြက) ယခုျဖစ္ပြားေနေသာ ကပ္ေရာဂါေဘး
ဆိုးႀကီးကို ကိုယ္ခ်င္းစာတရားႏွင့္ ရင္ဆိုင္ေျဖရွင္းေနၾကပါသည္။ ေမတၱာ
တရားႏွင့္ ေအာင္ျမင္ေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္ေနၾကပါသည္။
ယေန့ AUGUST 27, 2020 Covid-19 Live Update:
ကမၻာတစ္၀န္းလုံး- ကူးစက္ (၂၄)သန္း။ ေသဆုံး- (၈)သိန္း(၂)ေသာင္း(၂)
ေထာင္။
အေမရိကန္ျပည္ေထာင္စု ကူးစက္-(၆)သန္းေက်ာ္။ ေသဆုံး- (၁)သိန္း(၈)
ေသာင္း(၄)ေထာင္ေက်ာ္။
ျမန္မာႏိုင္ငံ ကူးစက္- (၆၀၂)ေယာက္။ ေသဆုံး-(၆)ေယာက္။
ေသေဘးႀကီးၾကားမွာ၊ က်ေနာ္ အသက္ရွင္ေအာင္ ႀကိဳးစားေနထိုင္ေနပါ
သည္။ သူမ်ား အေစာ္ကား မခံရေအာင္လည္း သတိထားေနထိုင္ေနပါ
သည္။ က်ေနာ့္အသားအေရာင္၊ က်ေနာ့္ဇာတိပုည ဂုဏ္မာနကို အထိပါး
မခံႏိုင္ပါ။
ခက္သည္မွာ? ထို အစြန္းေရာက္အမ်ိဳးသားေရး၀ါဒဆိုးႀကီး၊ ကိုဗစ္-19
ေရာဂါကာကြယ္ေဆး စမ္းသပ္ရွာေဖြေနသည့္ နယ္ပယ္ထဲ ေရာက္ရွိလာ
ျခင္းပင္ျဖစ္ေလသည္။
ကိုယ္ေဖာ္တဲ့ေဆး၊ ကိုယ့္လူမ်ိဳးအတြက္ပဲေပး ဆိုသည့္ တစ္ကိုယ္ေကာင္း
အယူအဆဆိုးႀကီးက က်ေနာ္တို့ကို  မ်က္လုံးျပဴး လွ်ာထုတ္ကာ သေရာ္
ေလွာင္ေျပာင္ေနေလသည္။
ေႀသာ္ ... EXTREME NATIONALISM ၿပီးေတာ့၊ VACCINE NATIONALISM ပါလား။
လူၾကား၍မွ မေကာင္းေခ်။    ။


ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၇၊ ၂၀၂၀)

0 comments: