Monday, August 24, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၈


ဖရန့်စစ်ဖူကူယာမာ က "သမိုင်းနိဂုံးချုပ်ပြီ" ဟု ဆိုခဲ့စဉ်က၊ ကျနော်တို့၏
ဆရာဒဂုန်တာရာ က "သမိုင်းသည် မဆုံးသေး" ဟူ၍ တုန့်ပြန်ပြောဆိုခဲ့ဖူး
ပါသည်။
၁၉၁၈ က စမိန်တုပ်ကွေး အမည်ရသည့် ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီး
ဖြစ်ခဲ့သည်။ ယခု ၂၀၂၀ မှာ ကိုဗစ်- 19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရော
ဂါဘေးဆိုးကြီး ဖြစ်နေသည်။
အမေရိကန်ပြည်ထောင်စုမှာ ရဲကြောင့် လူမည်းတစ်ဦးသေရသည့်ကိစ္စ
အကြောင်းခံ၍ BLACK LIVES MATTER လူမည်းထု ဆန္ဒပြပွဲတွေ ဖြစ်
ပွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးက လူတစ်ဦးက တစ်ဦး ကူးစက်သလို၊
BLM ဆန္ဒပြပွဲတွေကလည်း တစ်မြို့ပြီးတစ်မြို့ ကူးစက်ပျံ့နှံ့သွားသည်။
ရောဂါပိုး ကူးစက်။ ဒေါသမီး ကူးစက်။
BLM  ဆန္ဒပြသမားတွေရဲ့ဒေါသက ခရစ္စတိုဖာကိုလံဘတ်စ် အပေါ်ပုံကျသွားသည်။ ခရစ္စတိုဖာ
ကိုလံဘတ်စ်မှာ အီတလီလူမျိုးဖြစ်သည်။ သူက စပိန်ကနေ နယ်မြေသစ်
ရှာဖွေခဲ့သူ။ ၁၅- ရာစုမှာ အမေရိကကို ရှာဖွေတွေ့ရှိခဲ့သူ။
ယခု BLM ဆန္ဒပြသမားတွေက သူ့ကို နယ်ချဲ့လူသတ်သမားအဖြစ် စွဲချက်
တင်ကာ၊ သူ၏ရုပ်တုများကို တစ်ခုပြီးတစ်ခု ဖြိုချဖျက်ဆီးပစ်ကြတော့
သည်။
ဇွန်လ(၉)ရက်(၂၀၂၀)နေ့၊ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့မှာ၊
ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး ရေကန်ထဲ ပစ်ချလိုက်ကြသည်။
ဇွန်လ(၁၀)ရက်နေ့၊ BLM ဆန္ဒပြပွဲတွေစတင်ရာ၊ မင်နီဆိုတာပြည်နယ်၊
မင်နီယာပူူးလိစ်မြို့မှာ၊ ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုချမီးရှို့ခဲ့ကြ
သည်။
ကိုဗစ်- 19 ကပ်ကြီးအတွင်းမှာ ကိုလံဘတ်စ် ကပ်သင့်လေခြင်းဖြစ်သည်။
ကျနော်တို့က ကမ္ဘာ့သမိုင်းမှာ ကိုလံဘတ်စ်ကို နယ်မြေသစ်စွန့်စားရှာဖွေသူ
အဖြစ်သိထားသည်။ အမေရိကကို သူစတင်တွေ့ခဲ့တယ်။ ဒါပဲ။
အမေရိကန်ပြည်ထောင်စုမှာ၊ အောက်တိုဘာလ၊ ဒုတိယ တနင်္လာနေ့ကို
ကိုလံဘတ်စ်နေ့ဆိုပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ထားသည်။
ကိုလံဘတ်စ်ကျေးဇူးရှိသည်။
သို့သော်၊ ယခု ၂၁-ရာစုထဲရောက်လာသောအခါ၊ ကိုလံဘတ်စ်အား
မြောက်အမေရိက ဌာနေဒေသခံတိုင်းရင်းသားများ(ကျနော်တို့အခေါ်
RED INDIAN)ကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဆိုပြီး၊ ဂျီနိုဆိုက်အမှုနှင့်
စွဲချက်တင်ကာ၊ သူ့ရုပ်တုတွေကို ဖယ်ရှားကြခြင်းဖြစ်သည်။
ကိုလံဘတ်စ်အပေါ် ကျေးစွပ်ကြတော့သည်လား။
ရဲကြောင့် လူမည်းတစ်ဦးသေသည့် "I CAN'T BREATH." ကနေ စလိုက်
သည့် "BLACK LIVES MATTER" က "GENOCIDE" အထိ ကြီးကျယ်
ပြန့်ကားသွားတော့သည်။
သမိုင်းကို သမိုင်းအနေနှင့်သာ သဘောထားနိုင်ရမည် ထင်သည်။ သမိုင်း
ကို ဖျောက်ဖျက်ပစ်၍လည်းမရ။ ပြန်ပြင်ရေး၍လည်း မရပါ။ သမိုင်းသည်
သမိုင်း။
ပြည်တွင်းမှာတုန်းက(၁၉၉၆) ကျနော် အခုလို ကဗျာရေးခဲ့ဖူးတယ်။
"အမေရိကန်တွေ လွတ်လပ်ရေးရတဲ့နေ့က
ဝံပုလွေတစ်ကောင် ၃၃ လမ်းထဲဝင်လာပြီး
ဟိုချီမင်းမြို့ကြီး စီးပွားရေးတွေးဟန်နဲ့
သံခင်းတမန်ခင်းအစပ်မှာ ရပ်တယ်။
ပြီး၊ ဂျိန်းဖွန်ဒါ ဘီကီနီချွတ် ပုံချလိုက်သလို
လှစ်ခနဲ ပစ်ဝင်ချေတယ်
အဲဒါ လေထန်ကုန်းဆိုတဲ့ ကဖေးလေ"
အမေရိကန်လွတ်လပ်ရေးနေ့မှာ ဖူလိုင်လ(၄)ရက်နေ့ဖြစ်သည်။ ၁၇၇၆
ဇူလိုင်(၄)ရကိမှာ အမေရိကန်တို့ လွတ်လပ်ရေးရခဲ့သည်။ ပြီးခဲ့သည့်
၂၄၄ နှစ်ပြည့် အမေရိကန်လွတ်လပ်ရေးနေ့မှာတော့၊ BLM ဆန္ဒပြသမား
များသည်၊ မေရီလဲန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့၊ LITTLE ITALY လို့ခေါ်တဲ့နေရာက ကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး၊ မြစ်ထဲတွန်းချခဲ့ကြပြန်
လေသည်။ သြော် ... မကောင်းလေစွ။
ကိုဗစ်- 19 ကပ်ကြီးအတွင်း၊ အမေရိကန်မှာ နောက်ထပ် ကပ်ဆိုက်သူက
မဟတ္တမဂန္ဒီ ပင်ဖြစ်လေသည်။ BLM ဆန္ဒပြသမား(တချို့အကြမ်းဖက်သူ
များ)က ဂန္ဒီသည် တောင်အာဖရိကနိုင်ငံတွင် ဝတ်လုံတော်ရ လုပ်စဉ်က၊
လူမည်းများအပေါ် လူမျိုးရေးခွဲခြားမှုရှိခဲ့သည်ဆိုပြီး စွပ်စွဲတိုက်ခိုက်ကာ၊
ဝါရှင်တန် ဒီ၊စီ မြို့တော်၊ အိန္ဒိယနိုင်ငံသံရုံးဝင်းထဲက မဟတ္တမဂန္ဒီရုပ်တုကို
ပါ ခြိမ်းခြောက်လာသဖြင့်၊ သံရုံးဝန်ထမ်းများက ဂန္ဒီရုပ်တုကြီးကို သံကွန်ခြာ
နှင့် ဖုံးအုပ်ကာကွယ်ထားခဲ့ရပေသည်။ ဂန္ဒီြ၈ီး ဘာမှတော့မဖြစ်ပါ။
ကျနော်တို့ သိထားသည်မှာ တောင်အာဖရိကက ဗြိတိသျှကိုလိုနီနယ်ချဲ့
များ၏အသားအရောင်ခွဲခြားရေးဝါဒ(APARTHEID) ကို ဂန္ဒီ ရင်ဆိုင်ခဲ့ရ
တာကို ဖြစ်သည်။
ဂန္ဒီသည် အဟိံသဝါဒီ၊ အကြမ်းမဖက်ရေးဝါဒီ ဖြစ်သည်။ ဂန္ဒီသည်
နယ်လ်ဆင်မင်ဒဲလား၊ မာတင်လူသာကင်း၊ ဒေါ်အောင်ဆန်းစုကြည် အစ
ရှိသဖြင့် NON-VIOLENT MOVEMENT ခေါင်းဆောင်များ၏ စံပြပုဂ္ဂိုလ်
ဖြစ်သည်။
အခုတော့၊ ထိုစံပြပုဂ္ဂိုလ်လည်း BLM MOVEMENT ထဲတွင် ရန်ပြုခံရ
ရှာလေသည်။ ဂန္ဒီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက်ကြွလှုပ်ရှားသူများက "NO TO RACISM" ဟုကြွေးကြော်
ကြသည်။ သူတို့မှာ အကြောင်းရှိသည်။
တစ်ဖက်မှာ လူမျိုးကြီးဝါဒနွှယ်သော အစွန်းရောက်အမျိုးသားရေးဝါဒ
(EXTREME NATIONALISM) က အမေရိကန်လို ဒီမိုကရေစီနှင့်လူ့
အခွင့်အရေးထိပ်တန်းနိုင်ငံကြီးတွေမှာတောင် ခေါင်းထောင်ထလာနေ
သည် မဟုတ်လား။
တကယ်က၊ COVID-19 ကပ်ကြီးအတွင်းမှာ ကျနော်တို့ ကြုံတွေ့နေရ
သည့်သမိုင်းမှာ RACISM အရိပ်မည်းကြီးအောက်က သမိုင်းသာ ဖြစ်
လေသည်။
ထိုအရိပ်မည်းကြီးရဲ့အောက်မှာ ကျနော်တို့တွေရဲ့ဘဝတွေကကော။
သမိုင်းသည် မဆုံးသေး။     ။

အောင်ဝေး
(သြဂုတ် ၂၅၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၈
 
ဖရန့္စစ္ဖူကူယာမာ က "သမိုင္းနိဂံုးခ်ဳပ္ၿပီ" ဟု ဆိုခဲ့စဥ္က၊ က်ေနာ္တို့၏
ဆရာဒဂုန္တာရာ က "သမိုင္းသည္ မဆုံးေသး" ဟူ၍ တုန့္ျပန္ေျပာဆိုခဲ့ဖူး
ပါသည္။
၁၉၁၈ က စမိန္တုပ္ေကြး အမည္ရသည့္ ကမၻာ့ကပ္ေရာဂါေဘးဆိုးႀကီး
ျဖစ္ခဲ့သည္။ ယခု ၂၀၂၀ မွာ ကိုဗစ္- 19 ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာ
ဂါေဘးဆိုးႀကီး ျဖစ္ေနသည္။
အေမရိကန္ျပည္ေထာင္စုမွာ ရဲေၾကာင့္ လူမည္းတစ္ဦးေသရသည့္ကိစၥ
အေၾကာင္းခံ၍ BLACK LIVES MATTER လူမည္းထု ဆႏၵျပပြဲေတြ ျဖစ္
ပြားခဲ့သည္။ ကိုရိုနာဗိုင္းရပ္စ္ပိုးက လူတစ္ဦးက တစ္ဦး ကူးစက္သလို၊
BLM ဆႏၵျပပြဲေတြကလည္း တစ္ၿမိဳ့ၿပီးတစ္ၿမိဳ့ ကူးစက္ပ်ံ့ႏွံ့သြားသည္။
ေရာဂါပိုး ကူးစက္။ ေဒါသမီး ကူးစက္။
BLM  ဆႏၵျပသမားေတြရဲ့ေဒါသက ခရစၥတိုဖာကိုလံဘတ္စ္ အေပၚပုံက်သြားသည္။ ခရစၥတိုဖာ
ကိုလံဘတ္စ္မွာ အီတလီလူမ်ိဳးျဖစ္သည္။ သူက စပိန္ကေန နယ္ေျမသစ္
ရွာေဖြခဲ့သူ။ ၁၅- ရာစုမွာ အေမရိကကို ရွာေဖြေတြ့ရွိခဲ့သူ။
ယခု BLM ဆႏၵျပသမားေတြက သူ့ကို နယ္ခ်ဲ့လူသတ္သမားအျဖစ္ စြဲခ်က္
တင္ကာ၊ သူ၏ရုပ္တုမ်ားကို တစ္ခုၿပီးတစ္ခု ၿဖိဳခ်ဖ်က္ဆီးပစ္ၾကေတာ့
သည္။
ဇြန္လ(၉)ရက္(၂၀၂၀)ေန့၊ ဗာဂ်ီးနီးယားျပည္နယ္၊ ရစ္ခ်္မြန္ၿမိဳ့မွာ၊
ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး ေရကန္ထဲ ပစ္ခ်လိုက္ၾကသည္။
ဇြန္လ(၁၀)ရက္ေန့၊ BLM ဆႏၵျပပြဲေတြစတင္ရာ၊ မင္နီဆိုတာျပည္နယ္၊
မင္နီယာပူူးလိစ္ၿမိဳ့မွာ၊ ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳခ်မီးရွိဳ့ခဲ့ၾက
သည္။
ကိုဗစ္- 19 ကပ္ႀကီးအတြင္းမွာ ကိုလံဘတ္စ္ ကပ္သင့္ေလျခင္းျဖစ္သည္။
က်ေနာ္တို့က ကမၻာ့သမိုင္းမွာ ကိုလံဘတ္စ္ကို နယ္ေျမသစ္စြန့္စားရွာေဖြသူ
အျဖစ္သိထားသည္။ အေမရိကကို သူစတင္ေတြ့ခဲ့တယ္။ ဒါပဲ။
အေမရိကန္ျပည္ေထာင္စုမွာ၊ ေအာက္တိုဘာလ၊ ဒုတိယ တနလၤာေန့ကို
ကိုလံဘတ္စ္ေန့ဆိုၿပီး တရား၀င္ရံုးပိတ္ရက္ သတ္မွတ္ထားသည္။
ကိုလံဘတ္စ္ေက်းဇူးရွိသည္။
သို့ေသာ္၊ ယခု ၂၁-ရာစုထဲေရာက္လာေသာအခါ၊ ကိုလံဘတ္စ္အား
ေျမာက္အေမရိက ဌာေနေဒသခံတိုင္းရင္းသားမ်ား(က်ေနာ္တို့အေခၚ
RED INDIAN)ကို လူမ်ိဳးတုံးသတ္ျဖတ္ခဲ့သည္ဆိုၿပီး၊ ဂ်ီႏိုဆိုက္အမွဳႏွင့္
စြဲခ်က္တင္ကာ၊ သူ့ရုပ္တုေတြကို ဖယ္ရွားၾကျခင္းျဖစ္သည္။
ကိုလံဘတ္စ္အေပၚ ေက်းစြပ္ၾကေတာ့သည္လား။
ရဲေၾကာင့္ လူမည္းတစ္ဦးေသသည့္ "I CAN'T BREATH." ကေန စလိုက္
သည့္ "BLACK LIVES MATTER" က "GENOCIDE" အထိ ႀကီးက်ယ္
ျပန့္ကားသြားေတာ့သည္။
သမိုင္းကို သမိုင္းအေနႏွင့္သာ သေဘာထားႏိုင္ရမည္ ထင္သည္။ သမိုင္း
ကို ေဖ်ာက္ဖ်က္ပစ္၍လည္းမရ။ ျပန္ျပင္ေရး၍လည္း မရပါ။ သမိုင္းသည္
သမိုင္း။
ျပည္တြင္းမွာတုန္းက(၁၉၉၆) က်ေနာ္ အခုလို ကဗ်ာေရးခဲ့ဖူးတယ္။
"အေမရိကန္ေတြ လြတ္လပ္ေရးရတဲ့ေန့က
၀ံပုေလြတစ္ေကာင္ ၃၃ လမ္းထဲ၀င္လာၿပီး
ဟိုခ်ီမင္းၿမိဳ့ႀကီး စီးပြားေရးေတြးဟန္နဲ့
သံခင္းတမန္ခင္းအစပ္မွာ ရပ္တယ္။
ၿပီး၊ ဂ်ိန္းဖြန္ဒါ ဘီကီနီခၽြတ္ ပုံခ်လိုက္သလို
လွစ္ခနဲ ပစ္၀င္ေခ်တယ္
အဲဒါ ေလထန္ကုန္းဆိုတဲ့ ကေဖးေလ"
အေမရိကန္လြတ္လပ္ေရးေန့မွာ ဖူလိုင္လ(၄)ရက္ေန့ျဖစ္သည္။ ၁၇၇၆
ဇူလိုင္(၄)ရကိမွာ အေမရိကန္တို့ လြတ္လပ္ေရးရခဲ့သည္။ ၿပီးခဲ့သည့္
၂၄၄ ႏွစ္ျပည့္ အေမရိကန္လြတ္လပ္ေရးေန့မွာေတာ့၊ BLM ဆႏၵျပသမား
မ်ားသည္၊ ေမရီလဲန္းျပည္နယ္၊ ေဘာ္လ္တီမိုးၿမိဳ့၊ LITTLE ITALY လို့ေခၚတဲ့ေနရာက ကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး၊ ျမစ္ထဲတြန္းခ်ခဲ့ၾကျပန္
ေလသည္။ ေႀသာ္ ... မေကာင္းေလစြ။
ကိုဗစ္- 19 ကပ္ႀကီးအတြင္း၊ အေမရိကန္မွာ ေနာက္ထပ္ ကပ္ဆိုက္သူက
မဟတၱမဂႏၵီ ပင္ျဖစ္ေလသည္။ BLM ဆႏၵျပသမား(တခ်ိဳ့အၾကမ္းဖက္သူ
မ်ား)က ဂႏၵီသည္ ေတာင္အာဖရိကႏိုင္ငံတြင္ ၀တ္လံုေတာ္ရ လုပ္စဥ္က၊
လူမည္းမ်ားအေပၚ လူမ်ိဳးေရးခြဲျခားမွဳရွိခဲ့သည္ဆိုၿပီး စြပ္စြဲတိုက္ခိုက္ကာ၊
၀ါရွင္တန္ ဒီ၊စီ ၿမိဳ့ေတာ္၊ အိႏၵိယႏိုင္ငံသံရံုး၀င္းထဲက မဟတၱမဂႏၵီရုပ္တုကို
ပါ ၿခိမ္းေျခာက္လာသျဖင့္၊ သံရံုး၀န္ထမ္းမ်ားက ဂႏၵီရုပ္တုႀကီးကို သံကြန္ျခာ
ႏွင့္ ဖုံးအုပ္ကာကြယ္ထားခဲ့ရေပသည္။ ဂႏၵီၿ၈ီး ဘာမွေတာ့မျဖစ္ပါ။
က်ေနာ္တို့ သိထားသည္မွာ ေတာင္အာဖရိကက ၿဗိတိသွ်ကိုလိုနီနယ္ခ်ဲ့
မ်ား၏အသားအေရာင္ခြဲျခားေရး၀ါဒ(APARTHEID) ကို ဂႏၵီ ရင္ဆိုင္ခဲ့ရ
တာကို ျဖစ္သည္။
ဂႏၵီသည္ အဟိံသ၀ါဒီ၊ အၾကမ္းမဖက္ေရး၀ါဒီ ျဖစ္သည္။ ဂႏၵီသည္
နယ္လ္ဆင္မင္ဒဲလား၊ မာတင္လူသာကင္း၊ ေဒၚေအာင္ဆန္းစုၾကည္ အစ
ရွိသျဖင့္ NON-VIOLENT MOVEMENT ေခါင္းေဆာင္မ်ား၏ စံျပပုဂၢိဳလ္
ျဖစ္သည္။
အခုေတာ့၊ ထိုစံျပပုဂၢိဳလ္လည္း BLM MOVEMENT ထဲတြင္ ရန္ျပဳခံရ
ရွာေလသည္။ ဂႏၵီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက္ၾကြလွဳပ္ရွားသူမ်ားက "NO TO RACISM" ဟုေၾကြးေႀကာ္
ၾကသည္။ သူတို့မွာ အေၾကာင္းရွိသည္။
တစ္ဖက္မွာ လူမ်ိဳးႀကီး၀ါဒႏႊယ္ေသာ အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ
(EXTREME NATIONALISM) က အေမရိကန္လို ဒီမိုကေရစီႏွင့္လူ့
အခြင့္အေရးထိပ္တန္းႏိုင္ငံႀကီးေတြမွာေတာင္ ေခါင္းေထာင္ထလာေန
သည္ မဟုတ္လား။
တကယ္က၊ COVID-19 ကပ္ႀကီးအတြင္းမွာ က်ေနာ္တို့ ႀကံဳေတြ့ေနရ
သည့္သမိုင္းမွာ RACISM အရိပ္မည္းႀကီးေအာက္က သမိုင္းသာ ျဖစ္
ေလသည္။
ထိုအရိပ္မည္းႀကီးရဲ့ေအာက္မွာ က်ေနာ္တို့ေတြရဲ့ဘ၀ေတြကေကာ။
သမိုင္းသည္ မဆုံးေသး။     ။
ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၅၊ ၂၀၂၀)

0 comments: