Wednesday, June 26, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၆ )



ရဲဘော်တို့ -
နွေဦးကို ချီတက်ကြ။
 “ငါတို့ ဟာ
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်းလုပ်ရမယ်”
(ဒီမီထရော့ဗ်)
ဟိုတုန်းက
ပေါ်တီယာ ရင်ခုန်သံ
နိုင်ငံတကာ။
ဒီနေ့ က
လူ့ အခွင့်အရေး
ဗဟုရာဇ်တေး။
 “ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
“ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
“ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
စစ်ကလည်း ညောင်း
စနစ်ကလည်း ဟောင်း
ခေတ်က မကောင်းတော့
ချစ်ရက်ကယ်နှောင်း
ချစ်ရက်ကယ်နှောင်း။
တပေါင်းတစ်ညမှာ
ဒေါင်းကတဲ့ နွေဦး
ယူတာဖူးနဲ့ အတူ
မူးယစ်ရီဝေရမှာလား။
နွားရိုင်းသွင်းချိန်
တိမ်တွေလှနေတော့ရော
ဘာလုပ်ရမှာလဲ
ငါ့ နှမ သင်းသင်းသာရယ်။
ခက်တာက
သူတို့ ပဲ ငြိမ်းချမ်းရေး
သူတို့ ပဲ အကြမ်းဖက်။
ခက်တာက
သူတို့ ပဲ ဒီမိုကရေစီ
သူတို့ ပဲ အာဏာရှင်။
ခက်တာက
သူတို့ ပဲ အင်န်ဂျီအို
သူတို့ ပဲ ခရိုနီ။
ခက်တာက
ခက်တာက
ကျမ သမ္မတဖြစ်ချင်တာပဲ
ကျနော် သမ္မတဖြစ်ချင်တာပဲ။
ခက်တာက
ခက်တာက
ငါလည်း စာမတတ်
ငါ့ ယောက်ဖငညိုပြောတာလည်း ငါမယုံ။
လမ်းကလေးရေ ...
နွေဦး မပေါက်ခင်သာ
ဒဂုန်တာရာဆီရောက်အောင်သွားပါတော့။
ရဲဘော်တို့ -
ယုံကြည်ရာဆီ ချီကြလော့။    ။

အောင်ဝေး

ဇွန် ၂၅- ၂၀၁၃။

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၃၂) ပေါက်စီ သရက်ကင်းလေးတွေ ဘယ်သူ ပစ်ချနေလဲ တွေ့ရင် လက်ဖြတ်ပစ်ပါ။ ။ အောင်ဝေး (ဇူလိုင် ၁၊ ၂၀၁၉) ခ် စ္ လွ စြ ာ ေ သ ာ ပြ ည်ေ ပြး ( ၃ ၂ ) ပေါက်စီ သရက်က… Read More
  • ချစ်လှစွာသောပြည်ပြေး (၃၄) သျှီ တရားကို သေနတ်စောင့်တဲ့ တိုင်းပြည်မှာ အစိုးရကြီးက ဓားကိုင်ပြီး ကြောက်နေသလား သျှီ။ အောင်ဝေး (ဇူလိုင် ၄၊ ၂၀၁၉) ##ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျ… Read More
  • ချစ်လှစွာသော ပြည်ပြေး (၂၉) မခင်ဝင်းသစ် ရယ် အကြောင်း မသင့်ရင် ကိုယ့်နာမည်နဲ့ ခေတ်လည်း အပေါင်ဆုံးဆိုင်ထဲ ရောက်ရတာပဲ။ ။ အောင်ဝေး  (ဇွန် ၂၄၊ ၂၀၁၉) ## မခင်ဝင်းသစ် ရယ် အြေ… Read More
  • ချစ်လှစွာသောပြည်ပြေး (၃၃) သမီးလေး ဝိတိုရိယ ဒီတိုင်းပြည်မှာ သမီးလေး မသိတာတွေ ရှိတယ် ထီးချက်စောင့်နတ်သမီး ဟာ စစ်တန်းလျားမှာ အပျိုရည်ပျက်ခဲ့တာ ကြာပြီ။ ။ အောင်ဝေး (ဇူလိုင် ၃၊ … Read More
  • ချစ်လှစွာသောပြည်ပြေး (၃၁) ညက အိပ်မက် သွေး စက်စက်မှာ ဂီတလုလင် ဦးကိုကို ရယ်လေ သူ့လက် သူ ဖြတ်ပစ်တယ် နီနီ။ ။ အောင်ဝေး (ဇွန် ၂၈၊ ၂၀၁၉) ## ခ် စ္ လွ စြ ာ ေ သ ာ ပြ ည်ေ ပြး (… Read More

0 comments: