Tuesday, June 11, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၅ )



ငြိမ်းချမ်းရေး
တန်ဖိုးအတက်ဆုံးအချိန်ဟာ
ကတုတ်ကျင်းတွေ
နက်နက်တူးရတဲ့အချိန်ပေါ့ ။

ကျနော်တို့ 
ကိုယ့်ကျင်းကိုယ်
တူးလို့ မဆုံးတော့။

“ခင်ဘုန်းဝေဇော်” တဲ့
နောက်ဆုံးကတုတ်ကျင်းပေလား။

လင်းယုန်စောင့်တဲ့ နှင်းဆီခင်း
လွမ်းတေး စီးဆင်းသွားတယ်။

လမ်းတိုင်းဟာ
အေသင်ကို ဦးတည်နေတယ်။

ကြားလား
အရိုင်းခေါ်သံ
ကြားလား။

ပြိုလဲသွားသော
မြယာပင်တောကိုလည်းကောင်း
ခိုင်မြဲနေဆဲ
ကံ့ကော်တောကိုလည်းကောင်း
ဦးညွှတ်ပါ၏။

သူရဲကောင်းတို့ ၏ခြေအစုံကို
ဦးခိုက်ပါ၏။

ဂျုံခင်းထဲ
ကျီးကန်းတွေ တဖျောဖျော
ဒီမိုးက
ရေ မစီး
တိုင်းပြည်က ဖျားနာ။

အမျိုးကောင်းသားတစ်စု

ရထားမျှော်ကောင်းတုန်း
ဘူတာက ထွက်သွားပြီ။
အားမငယ်ပါဘူး
ငါတို့ မှာ
ဒဂုန်တာရာရှိတာပဲ။

အသည်းမငယ်ပါဘူး
ငါတို့ မှာ
နွေဦးရှိတာပဲ။

“မောင့်ဂူစတီနာရေ…
နွေဦးသစ်ရဲ့ 
တစ်နံနက်မှာ
တို့ ပြန်ဆုံတွေ့ ကြမယ်နော်”
(ဂျူးလိယက်ဖူးချစ်)

ငြိမ်းချမ်းရေးကိုသာလွမ်း
ကိုယ့်ကျင်းကိုယ်
စိမ်းလန်းစေ။

ဒေါင်းအလံလား
မောင်းပြန်လား
သေနတ်ပြောင်းက
ပန်းများပွင့်စေ။

အို… အနာဂတ်
သင်ရှိရာအရပ်၌
ငါတို့ ၏အလွမ်းဇာတ် သိမ်းပါအံ့။       ။
 

Related Posts:

  • on Nov 7th (part 3) နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၃]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မန္တလေးတောင်ပေါ် တက်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဒီပဲယင်းမှာ နှင်းမိုးရွာမယ်။နိုဝ… Read More
  • on Nov 7th (part 2) နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၂]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဝါရှင်တန်-ဒီစီမှာ လူစုကြမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဘန်ကောက်ကို ချီတက်ကြမယ်။နိ… Read More
  • cold spring စပရင်းရာသီ ချမ်းစိမ့်စိမ့် ဆောင်းကတော့ ကဒါဖီရဲ့ တင့်ကားပျက်ထဲ ပါသွားပြီ။ ခရုဇ်ဒုံးပျံတွေနဲ့ အတူ နွေဦး ပေါက်ချလာတယ်။ စစ်ဆန့် ကျင်ရေးဆန္ဒပြဖို့  ပို… Read More
  • မမခင်ဦးစံပယ်သို့ တမ်းချင်း ၉ မိုးကုပ်စက်ဝိုင်းမှာတော့မုန်တိုင်းမိုးတိမ်တွေကဆင်နေဆဲပါမမခင်ဦးစံပယ်။ တောင်တွေကမြင့်မြင့်လာတယ်။တောတွေကနက်နက်လာတယ်။ြ… Read More
  • Hangman Poem @font-face { font-family: "Times New Roman"; }@font-face { font-family: "Zawgyi-One"; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in… Read More

0 comments: