Friday, November 16, 2012

ခ က် သ င်


 
 
အို … ခက်သင်။
ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။

နူရာဝဲစွဲ
လဲရာသူခိုးထောင်း
ဘ၀ မကောင်းလိုက်ပုံများ
ကံဆိုးမသွားလေရာ
မိုးလိုက်လို့ ရွာသလား ခက်သင်။

မျက်မမြင်တွေကမှ
နားရွက်နဲ့ 
မြင်နိုင်ကြသေးရဲ့။

ခက်သင်မှာ
မြင်နိုင်စရာလည်း နားမရှိတော့
ကြားနိုင်စရာလည်း မျက်စိမရှိတော့။

မှောင်အတိကျ
ဆွံ့ အ
ဘယ်လိုမှ မငြင်းဆန်နိုင်ဘူးတဲ့လား
အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့မှ
ညားလေရသလား
သတို့သမီး ခက်သင်။

“ပြည်ထဲရေးနှင့်
ဝမ်းရေးတို့ ထက်
လွမ်းရေးခက်၏” တဲ့။

ခက်သင်အတွက်တော့
“ခက်သမျှကို” ပတ်ပျိုး
တယောကလေးထိုး
ကံကိုယိုးမယ်ဖွဲ့ 
ခိုကိုးရာမဲ့ရမှာလား ခက်သင်။

ငလျင်ထက် ဆိုးတဲ့အရာတွေ
ရှေ့မှာရှိသေးတယ်။

သမိုင်းမကွေးခင်
ရွက်ပြင်တော့
တက်နှင်လော့ ခက်သင်။

ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။
အို … ခက်သင်။      ။

 (စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာနှင့် အလားတူဘ၀များစွာသို့ …)

Related Posts:

  • ချ င်း တွ င်းေ ခါ် သံ အောင်ဝေး အောက်တိုဘာ ၂၂၊ ၂၀၁၂   အို…ချင်းတွင်း သင့်မြင်းတွေ ပြင်းပြင်းစီးဆင်းပါစ။ ဟိုး…တောင်ရိုင်းပေါ်က ဒုန်းစိုင်းချလာ ကဗျာတွေ၊ မုန်တိုင်းတွေ… Read More
  • ၂ ၁ ရာ စု ဂ ဠု န် ညီ လာ ခံ   “လသာ” မှာလ မသာဘူး။လသာကိုဂဠုန်ဆရာစံ လာတယ်။ဂဠုန်ဆရာစံဝါ၀ါဝင်းကုမ္မဏီထဲ ၀င်သွားတယ်။ဂဠုန်ဆရာစံပြန်ထွက် မလာတော့ဘူး။ဂဠုန်ဆရာစံအင်္ဂလိပ်အစိုးရ… Read More
  • ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ“ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကိုတွေ့ ရလေသည် “( ကာနယ် ချစ… Read More
  • POEM FOR NYC 24th 8888 DAY ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက်(ကျား) ပျံသန်းနေတဲ့မြစ်။(မ) စီးဆင်းနေတဲ့ငှက်။(ကျား) စီးဆင်းနေတဲ့ငှက်။(မ) ပျံသန်းနေတဲ့မြစ်။(ကျား) ကျနော်တို့  စခဲ့ကြတယ်။(မ) ကျမတို့  စခဲ့ကြတယ်။(ကျား) က… Read More
  • မ င်း ကို နို င် ဥ ဒါ န်းတစ်ပွင့် ကျန်လည်းလက်ပံ ပဲလေတောအမြဲ တောင်အမြဲမီးလျှံရဲရဲ၊ နီမှာပဲ။တစ်ပွင့် ကျန်စမ်းဒါ - စိန်ပန်း ဟေ့လမ်း တစ်လမ်းလုံးစိမ်းလန်းသော ရဲဘော်နီနီ။တစ်ပွင့် တည… Read More

0 comments: