Friday, February 5, 2021

တပ်မတော်သားအပေါင်းသို့



 
မင်းအောင်လှိုင် ည
လ မသာဘူး။
အမှောင်အောက်မှာပဲ
ကြယ်တွေက တောက်ပရတာ။
ကျည်ဆန်ခွံပေါ
စစ်နွံတော။
နွံထဲမှာပဲ
ကြာပန်းတွေ ပွင့်ရတာ။
မတရားမှုထဲမှာ
တရားမှု ရှာရ။
အမုန်းထဲမှာ
အပြုံး ရှာရ။
ဆက်ဒမ်ဟူစိန်လည်း သွားပြီ
ကဒါဖီလည်း သွားပြီ
နေဝင်းလည်း သွားပြီ။
စစ်အာဏာရှင်မှန်ရင်
သွားရတာပဲ။
မင်းအောင်လှိုင်လည်း
သွားရမှာပဲ။
ရဲဘော်တို့ရေ
လွမ်း မနေနဲ့။
ရဲဘော်တို့ရေ
(ပြည်သူ့ဆီ)
လှမ်းလေခဲ့
ပန်းသပြေနဲ့။
ပြည်သူသာ အမိ
ပြည်သူသာ အဖ
ပြည်သူသာ အဓိက။
သူငယ်ချင်းတို့ရေ
စစ်စခန်းနားမှာ
ချစ်တမ်း ကစားရအောင်။
မိတ်ဆွေတို့ရေ
စစ်တန်းလျားမှာ
ချစ်တမ်း ကစားရအောင်။    ။

အောင်၀ေး

အဖ- တပ်ကြပ်ကြီး အေးမောင် (ငြိမ်း)
ကိုယ်ပိုင်အမှတ်- ၄ ၅ ၂ ၁ ၆
အမှတ်(၂)ချင်းသေနတ်ကိုင်တပ်ရင်း
ပုသိမ်မြို့။



##


 
မင်းအောင်လှိုင် ည
လ မသာဘူး။
အမှောင်အောက်မှာပဲ
ကြယ်တွေက တောက်ပရတာ။
ကျည်ဆန်ခွံပေါ
စစ်နွံတော။
နွံထဲမှာပဲ
ကြာပန်းတွေ ပွင့်ရတာ။
မတရားမှုထဲမှာ
တရားမှု ရှာရ။
အမုန်းထဲမှာ
အပြုံး ရှာရ။
ကဒါဖီလည်း သွားပြီ
နေဝင်းလည်း သွားပြီ။
စစ်အာဏာရှင်မှန်ရင်
သွားရတာပဲ။
မင်းအောင်လှိုင်လည်း
သွားရမှာပဲ။
ရဲဘော်တို့ရေ
လွမ်း မနေနဲ့။
ရဲဘော်တို့ရေ
(ပြည်သူ့ဆီ)
လှမ်းလေခဲ့
ပန်းသပြေနဲ့။
ပြည်သူသာ အမိ
ပြည်သူသာ အဖ
ပြည်သူသာ အဓိက။
သူငယ်ချင်းတို့ရေ
စစ်စခန်းနားမှာ
ချစ်တမ်း ကစားရအောင်။
မိတ်ဆွေတို့ရေ
စစ်တန်းလျားမှာ
ချစ်တမ်း ကစားရအောင်။    ။

အောင်ဝေး

ပုသိမ်မြို့။
 

Related Posts:

  • တူ ရိ ယ ာ သံ စုံ စည်းသံက ချွင်ဘင်သံက ဒိန်း။မောင်းသံမှာ ဒီဟီနှောတယ်ဗြောသံက ဗြိန်း။     ။ဗို လ် ေ အ ာ င် ေ ကျ ာ်(ကျောင်းသားအာဇာနည်)(၁၂၇၇-၁၃၀၀)+… Read More
  • နိုဝင်ဘာကြေညာစာတမ်း (၂) တစ်တောလုံး နီတစ်ပြည်လုံး ရဲ။ခြင်္သေ့ ခေါင်းဒေါင်း နင်းတဲ့ ပွဲ။    ။အောင်ဝေး(နိုဝင်ဘာ ၉၊ ၂၀၂၀)+++++ယနေ့ မနက်ကြီးအစော မိုးမလင်းခင်မ… Read More
  • သင္ဘယ္သူ႔ဘက္ကလဲ ပြည်သူက ကျွန်၊ စစ်တပ်က သခင်အဲဒါ စစ်အာဏာရှင်။ပြည်သူ့ဆန္ဒက အရေးမပါစစ်မိန့်က အရေးပါအဲဒါ စစ်အာဏာ။ပြည်သူကို မရိုသေစစ်မိန့်ကို ရိုသေစစ်ဗိုလ်ချုပ်သာ သူ… Read More
  • ေ တ ာ် လှ န် ေ ရ း  ဆူး စူး၍လျှင်အပ်နှင့် ထွင်သည်အသင် ဘာပြောချင်သနည်း။   ။ေ မ ာ င် သ ာ ရ(၁၉၃၁-၂၀၁၆)+++ယနေ့ ဘာတော်လှန်ရေးလဲဆိုတာ ယနေ့ ပြည်သူအများစု(အများစု… Read More
  • သာဒင်နဲ့ သာဝ သာဒင်နဲ့သာဝသမီးယောက်ဖ။မနေ့တစ်နေ့တုန်းကသာဒင်တို့အဖွဲ့ သွေးရူးသွေးတန်းသတင်းစာရှင်းလင်းခန်းလုပ်တော့ကျနော် ကွယ်လွန်ရှာပြီဖြစ်တဲ့ နောင်တော်ကဗျာဆရာေ ဇ… Read More