Monday, April 20, 2020

စ စ် ( ၇ )


လှိုင်သာယာမှာ
မဟုတ်ပါဘူး။

ရွှေပြည်သာမှာလည်း
မဟုတ်ပါဘူး။

ဒင်ဗာမှာ ပါပဲ
ကိုလိုရာဒိုမှာ ပါပဲ။

[Stay-at-home အမိန့်ကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြတဲ့
ကားတန်းကြီးထဲက မိန်းမတစ်ယောက်ဟာ သူ့ကားရှေ့ ပိတ်ရပ်ပြီး
သူတို့ကို တန်ပြန်ဆန္ဒပြနေတဲ့ ရှေ့တန်းစစ်မျက်နှာက အမျိုးသား
သူနာပြုကို အခုလို အော်ဟစ် ဆဲဆိုလိုက်တယ်။
"ကွန်မြူနစ်စနစ် ကြိုက်ရင်၊ တရုတ်ပြည် သွားနေ" တဲ့] *

သြော် ... အရင်းရှင်တွေ၊ အရင်းရှင်တွေ
ရောဂါ * ကို
ရိုသေရကောင်းမှန်း မသိကြတော့ပါလား။ ။

အောင်ဝေး
(ဧပြီ ၂၀၊ ၂၀၂၀)

* nbcnews.com April 20, 2020
** Covid-19 The novel coronavirus
ကမ္ဘာ- ကူးစက် ၂ သန်း ၄ သိန်းကျော်။ သေဆုံး ၁ သိန်း ၆ သောင်းကျော်။
အမေရိကန်- ကူးစက် ၇ သိန်း ၉ သောင်းကျော်။ သေဆုံး ၄ သောင်း ၂ ထောင်ကျော်။
မစ်ရှီဂန်- ကူးစက် ၃ သောင်း ၂ ထောင်ကျော်။ သေဆုံး ၂၄၆၈။

 ##

စ စ္ ( ၇ )

လိွဳင္သာယာမွာ
မဟုတ္ပါဘူး။

ေရႊျပည္သာမွာလည္း
မဟုတ္ပါဘူး။

ဒင္ဗာမွာ ပါပဲ
ကိုလိုရာဒိုမွာ ပါပဲ။

[Stay-at-home အမိန့္ကို လမ္းေပၚထြက္ ဆန့္က်င္ဆႏၵျပတဲ့
ကားတန္းႀကီးထဲက မိန္းမတစ္ေယာက္ဟာ သူ့ကားေရွ့ ပိတ္ရပ္ၿပီး
သူတို့ကို တန္ျပန္ဆႏၵျပေနတဲ့ ေရွ့တန္းစစ္မ်က္ႏွာက အမ်ိဳးသား
သူနာျပဳကို အခုလို ေအာ္ဟစ္ ဆဲဆိုလိုက္တယ္။
"ကြန္ျမဴနစ္စနစ္ ႀကိဳက္ရင္၊ တရုတ္ျပည္ သြားေန" တဲ့] *

ေႀသာ္ ... အရင္းရွင္ေတြ၊ အရင္းရွင္ေတြ
ေရာဂါ * ကို
ရိုေသရေကာင္းမွန္း မသိၾကေတာ့ပါလား။ ။

ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၀၊ ၂၀၂၀)

* nbcnews.com April 20, 2020
** Covid-19 The novel coronavirus
ကမၻာ- ကူးစက္ ၂ သန္း ၄ သိန္းေက်ာ္။ ေသဆုံး ၁ သိန္း ၆ ေသာင္းေက်ာ္။
အေမရိကန္- ကူးစက္ ၇ သိန္း ၉ ေသာင္းေက်ာ္။ ေသဆုံး ၄ ေသာင္း ၂ ေထာင္ေက်ာ္။
မစ္ရွီဂန္- ကူးစက္ ၃ ေသာင္း ၂ ေထာင္ေက်ာ္။ ေသဆုံး ၂၄၆၈။

0 comments: