Tuesday, April 21, 2020

စ စ် ( ၈ )



ကိုမြင့်နိုင်ကြီးရဲ့။

အခြေခံလူတန်းစား
အများစုဆိုတာ
ဘတ်စကားပေါ်မှာ ကြီးပြင်း
ဘတ်စကားပေါ်မှာ အိုမင်း
ဘတ်စကားပေါ်မှာပဲ
စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရတာ
ရှင် ဘယ်သိမှာလဲ။

ခေတ်တွေက မတူကြတော့ဘူး
ကိုမြင့်နိုင်ကြီးရဲ့။

အရင် မ ထ သ ခေတ်က
ပြည်တွင်းစစ်ပဲ ရှိတာ
တော်လှန်ရေးဆိုလည်း
လူထုက
ဒီမိုကရေစီတော်လှန်ရေးပဲ သိတာ
ရှင် ဘယ်သိမှာလဲ။

အခု Y B S ခေတ်မှာ
ပြည်တွင်းစစ်က ဆိုးလာတယ်
(ကုလသမဂ္ဂ ကားကိုတောင် ပစ်တယ်)
ကူးစက်မြန်ရောဂါစစ်ကြီး ထပ်ဖြစ်လာတယ်
အဖြစ်က မနှစ်ကနဲ့ မတူဘူး
ရှင် ဘယ်သိမှာလဲ။

ဘတ်စကားပေါ်မှာ
ဒီကပ်ကြီး ပြီးသွားရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဒီနေ့ ဆင်နွှဲနေတာ
ကိုရိုနာတော်လှန်ရေး။

ဒါတွေ ရှင် ဘယ်သိမှာလဲ
ကိုမြင့်နိုင်ကြီးရဲ့။ ။

အောင်ဝေး
(ဧပြီ ၂၁၊ ၂၀၂၀)

##

စ စ္ ( ၈ )
 ကိုျမင့္ႏိုင္ႀကီးရဲ့။

အေျခခံလူတန္းစား
အမ်ားစုဆိုတာ
ဘတ္စကားေပၚမွာ ႀကီးျပင္း
ဘတ္စကားေပၚမွာ အိုမင္း
ဘတ္စကားေပၚမွာပဲ
စစ္နဲ့ေတာ္လွန္ေရးကို ျဖတ္သန္းရတာ
ရွင္ ဘယ္သိမွာလဲ။

ေခတ္ေတြက မတူၾကေတာ့ဘူး
ကိုျမင့္ႏိုင္ႀကီးရဲ့။

အရင္ မ ထ သ ေခတ္က
ျပည္တြင္းစစ္ပဲ ရွိတာ
ေတာ္လွန္ေရးဆိုလည္း
လူထုက
ဒီမိုကေရစီေတာ္လွန္ေရးပဲ သိတာ
ရွင္ ဘယ္သိမွာလဲ။

အခု Y B S ေခတ္မွာ
ျပည္တြင္းစစ္က ဆိုးလာတယ္
(ကုလသမဂၢ ကားကိုေတာင္ ပစ္တယ္)
ကူးစက္ျမန္ေရာဂါစစ္ႀကီး ထပ္ျဖစ္လာတယ္
အျဖစ္က မႏွစ္ကနဲ့ မတူဘူး
ရွင္ ဘယ္သိမွာလဲ။

ဘတ္စကားေပၚမွာ
ဒီကပ္ႀကီး ၿပီးသြားရင္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ့
ဒီေန့ ဆင္ႏႊဲေနတာ
ကိုရိုနာေတာ္လွန္ေရး။

ဒါေတြ ရွင္ ဘယ္သိမွာလဲ
ကိုျမင့္ႏိုင္ႀကီးရဲ့။ ။

ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၁၊ ၂၀၂၀)

0 comments: