Wednesday, April 22, 2020

စ စ် ( ၉ )



ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။

ရှော့ပင်း မထွက်ရလို့
ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။

"ငါ လျှောက်တယ်၊ ဒါကြောင့် ငါရှိတယ်။
အခု ငါ မလျှောက်ရဘူး၊ ဒါကြောင့် ငါ မရှိတော့ဘူး" တဲ့။

အပြင် မထွက်နဲ့
ထွက်ရင်
ထိတာပဲ။

မအူနဲ့
အူရင်
ထိတာပဲ။

ငါ မသောက်ဘဲ
ဘီယာဘူးခွံတွေကြည့်ရင်း
မူးလာပြီ (ရူးလာပြီ)။

"ရပ်ကွက်သူ ရပ်ကွက်သားများခင်ဗျား" တဲ့
"လမ်းသူ လမ်းသားများခင်ဗျား" တဲ့
နိုင်ငံတော်က တစ်နေ့ ၅ ခါ အော်တယ်။

ဂျင်းဘောင်းဘီဝတ်ထားတဲ့
မျောက်တစ်ကောင်
နေပြည်တော်က ဟမ်ဘာဂါ ဝါးနေပုံ။

ခက်တာက
သူနာပြုဆရာမချောချောလေးက
မိုက်ခရိုဝေ့ဖ်နဲ့ ရေခဲသေတ္တာတောင်းတဲ့လူတွေ နာမည်
ထုတ်ဖော် မပြောသွားတာပဲ။

အမေကတော့
ညစဉ် ညတိုင်း
ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့နေတာပါ။

ဝင်းထဲ
လူနာတင်ကား ဥသြဆွဲ ဝင်လာရင်
ဘယ်သူလဲ မမေးနဲ့။

ကမ္ဘာနဲ့ ချီပြီး ပစ်နေတာ
ကျည်ဆန်က
ကိုယ့် မမှန်ဘူး မပြောနိုင်ဘူး။

အိမ်ထဲမှာချည်း နေနေရတော့
အိမ်တွင်းစစ်က ပြင်းထန်လာတယ်။

ဒီလို အချိန်မျိုး
အိမ်ထဲမှာပဲ
စီးချင်းထိုးပါ သူငယ်ချင်း။

အပြင်မထွက်နဲ့
ထွက်ရင် ... ။ ။

အောင်ဝေး(ဧပြီ ၂၂၊ ၂၀၂၀)
Earth Day

##

စ စ္ ( ၉ )

ငါ ့မိန္းမရဲ့ ေ၀ါ ့ကင္းရွဴးက ေတြးတယ္။

ေရွာ့ပင္း မထြက္ရလို့
ငါ ့မိန္းမရဲ့ ေ၀ါ ့ကင္းရွဴးက ေတြးတယ္။

"ငါ ေလွ်ာက္တယ္၊ ဒါေၾကာင့္ ငါရွိတယ္။
အခု ငါ မေလွ်ာက္ရဘူး၊ ဒါေၾကာင့္ ငါ မရွိေတာ့ဘူး" တဲ့။

အျပင္ မထြက္နဲ့
ထြက္ရင္
ထိတာပဲ။

မအူနဲ့
အူရင္
ထိတာပဲ။

ငါ မေသာက္ဘဲ
ဘီယာဘူးခြံေတြၾကည့္ရင္း
မူးလာၿပီ (ရူးလာၿပီ)။

"ရပ္ကြက္သူ ရပ္ကြက္သားမ်ားခင္ဗ်ား" တဲ့
"လမ္းသူ လမ္းသားမ်ားခင္ဗ်ား" တဲ့
ႏိုင္ငံေတာ္က တစ္ေန့ ၅ ခါ ေအာ္တယ္။

ဂ်င္းေဘာင္းဘီ၀တ္ထားတဲ့
ေမ်ာက္တစ္ေကာင္
ေနျပည္ေတာ္က ဟမ္ဘာဂါ ၀ါးေနပုံ။

ခက္တာက
သူနာျပဳဆရာမေခ်ာေခ်ာေလးက
မိုက္ခရိုေ၀့ဖ္နဲ့ ေရခဲေသတၱာေတာင္းတဲ့လူေတြ နာမည္
ထုတ္ေဖာ္ မေျပာသြားတာပဲ။

အေမကေတာ့
ညစဥ္ ညတိုင္း
ဘုရားရွိခိုး၊ ပရိတ္ရြတ္၊ ေမတၱာပို့ေနတာပါ။

၀င္းထဲ
လူနာတင္ကား ဥၾသဆြဲ ၀င္လာရင္
ဘယ္သူလဲ မေမးနဲ့။

ကမၻာနဲ့ ခ်ီၿပီး ပစ္ေနတာ
က်ည္ဆန္က
ကိုယ့္ မမွန္ဘူး မေျပာႏိုင္ဘူး။

အိမ္ထဲမွာခ်ည္း ေနေနရေတာ့
အိမ္တြင္းစစ္က ျပင္းထန္လာတယ္။

ဒီလို အခ်ိန္မ်ိဳး
အိမ္ထဲမွာပဲ
စီးခ်င္းထိုးပါ သူငယ္ခ်င္း။

အျပင္မထြက္နဲ့
ထြက္ရင္ ... ။ ။

ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၂၊ ၂၀၂၀)
Earth Day

0 comments: