Tuesday, April 14, 2020

က မ္ဘ ာ ( ၁ ၀ )


ဒီ ကဗျာ၊ လက်ဆေးပြီးမှ ဖတ်ပါ။

ကိစ္စ ပေါ်ရင်
မန္တလေး ဆို
ဗြဟ္မစိုရ် ပေါ့။

ရန်ကုန် ဆို
ကိုကျော်သူ ပေါ့။

ငါ့သ ၤချီုင်းက သာတယ်
သူ့ သ ၤချိုင်းက သာတယ်
သူရူးနဲ့ မငြင်းလေနဲ့။

လုပ်တိုင်းက လုပ်တိုင်း
တစပြင်က တစပြင်။

နယူးယောက် စီးတီးမှာ သေသေ
ရောမ မြို့ကြီးမှာ သေသေ
သေရင် မြေကြီး။

နယ်သာလန်ဖွား ဗင်းဆင့်ဗန်ဂိုး
ပြင်သစ်မြေကြီးမှာ မြှုပ်နှံ။

ဂျာမနီဖွား ကားလ်မတ်
အင်္ဂလန်မြေကြီးမှာ မြှုပ်နှံ။

ကမ္ဘာပေါ်
ဘယ်မြေကြီးမှ
လူတွေကို မမွေးဖွားရ
လူသေကို မမြှုပ်နှံရ
ထုတ်ပြန်တာ မရှိ။

သုသာန်က သုသာန်
ရုပ်နာမ်က ရုပ်နာမ်။

မန္တလေးလည်း မြေကြီး
ရန်ကုန်လည်း မြေကြီး။

စကားကို ကတ် မပြောနဲ့
ကပ်ပြီးလည်း မပြောနဲ့
ခွာပြော။ ။

အောင်ဝေး
(ဧပြီ ၁၄၊ ၂၀၂၀)

##

က မၻ ာ ( ၁ ၀ )



ကိစ္စ ပေါ်ရင်
မန္တလေး ဆို
ဗြဟ္မစိုရ် ပေါ့ ။

ရန်ကုန် ဆို
ကိုကျော်သူ ပေါ့ ။

ငါ့ သ င်္ချီုင်းက သာတယ်
သူ့ သ င်္ချိုင်းက သာတယ်
သူရူးနဲ့ မငြင်းလေနဲ့။

တစပြင်က တစပြင်။

သေရင် မြေကြီး။


ဂျာမနီဖွား ကားလ်မတ်

ကမ္ဘာပေါ်
ဘယ်မြေကြီးမှ
လူတွေကို မမွေးဖွားရ
လူသေကို မမြှုပ်နှံရ
ထုတ်ပြန်တာ မရှိ။

သုသာန်က သုသာန်
ရုပ်နာမ်က ရုပ်နာမ်။

မန္တလေးလည်း မြေကြီး
ရန်ကုန်လည်း မြေကြီး။

စကားကို ကတ် မပြောနဲ့
ကပ်ပြီးလည်း မပြောနဲ့
ခွာပြော။ ။

ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၄၊ ၂၀၂၀)

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၁ ဂျူးလိယက်ဆီဇာကနောက်ကို လှည့်ကြည့်လိုက်တယ်။"သြ ... ဘရုတပ်စ်မင်းလည်း ပါသကိုး"အောင်ဝေး(၁၀- ၁၆- ၂၀)##မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၁ ဂ်ဴးလိယက္ဆီဇာကေ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၃ တောရိုင်းမြေ။ဝံပုလွေတစ်ကောင်မြေခွေးတစ်ကောင်ဖွတ်တစ်ကောင်သုံးကောင် တစ်တွဲ။တပေါင်းအရောင်ခေါင်းမရှောင်တဲ့ဒေါင်း တစ်ကောင်ထဲ(တည်း)။   &… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ဝ အဝေးရောက် နှင်းဆီ။အမြစ် ဖြတ်လည်းမပြတ်။အပွင့် ခြွေလည်းမကြွေ။အိမ်လွမ်းရနံ့ကမသေဆေး။အဝေးရောက် နှင်းဆီ။    ။အောင်ဝေး(၁၀- ၁၃- ၂၀)##မ စ္… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၂ ကျောက်တုံးထဲမှာ၊ မျောက်သုံးကောင်ရှိတယ်။မျောက်သုံးကောင်ကျောက်တုံးထဲမှာ ရှိလေရဲ့။နောက်ဆုံးမှာကျောက်တုံးကို ခွာချလိုက်တော့မျောက်သုံးကောင်ကျောက်တုံး… Read More
  • မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၇ သမ္မတတစ်ယောက်လုံးကိုဗစ်ဗုံးထိတဲ့ တိုင်းပြည်မှာကျနော် ရောက်နေပါတယ်။မစ်ရှီဂန်မဲဇာလ မသာပါ။လ သာလည်းခွေးတွေက မဟောင်ကြပါ။မစ်ရှီဂန်မှာဟောင်တဲ့ခွေး မရှိ… Read More

0 comments: