Thursday, April 11, 2013

မ စ် ရှီ ဂ န် မဲ ဇာ



တစ်နှစ်လုံး
စိတ်တွေက ရေခဲသလို ခဲလို့ ။

တစ်နေ့ လုံး မြူတွေ မှိုင်းလို့ ။

တစ်ညလုံး မိုးတွေ သည်းလို့ ။

တစ်လမ်းလုံး နှင်းတွေ ဖုံးလို့ ။

တစ်ကြောလုံး သစ်ရွက်တွေ ကြွေလို့ ။

တစ်ချိန်လုံး တိမ်တွေ အုံ့ လို့ ။

တစ်ကွင်းလုံး လေပြင်းတွေ တိုက်လို့ ။

တစ်ခေတ်လုံး
တစ်ဘ၀လုံး
ဘာမှ အသုံးမကျတဲ့
အိမ်လွမ်းစိတ်ကိုပဲ
မြက်ရိတ်သလို ရိတ်ရိတ်ပစ်နေရတော့တယ်။     ။

အောင်ဝေး
ဧပြီ ၁၁- ၂၀၁၃။