
ဒီည
ကျနော် ကြေကွဲနေတယ်။
ကမ္ဘာတစ်ခြမ်းမှာ နေ့ 
ကမ္ဘာတစ်ခြမ်းမှာ ည။
ဒီည
ကျနော်ကြေကွဲနေတယ်။
မစ်ရှီဂန်မှာ ည
ငမိုးရိပ်မှာ နေ့ ။
ဆစ်ဒနီမှာ
ဆရာဦးဝင်းခက် ကွယ်လွန်သွားတယ်။
ဒီည
ကျနော် ကြေကွဲနေတယ်။
ဟို့ အဝေးမှာ
ကြယ်တစ်စင်း ကြွေသွားတယ်။
အနီးမှာ
အဝေးမှာ
မနီးမဝေးမှာ
ကြယ်အစင်းစင်း...