Monday, December 28, 2009

Aung Way - To Aung San Oo with Love

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ


ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။


++++++++

သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်

Related Posts:

  • ၂ ၀ ၂ ၀ ( ၂ ၀ )နှမ်း မရင့်လို့သင့်ကို ငါတို့၊ အပြစ် မဖို့။သို့သော်-နှမ်း ရင့်ပါလျက်သင် မရိတ်ရင်... ။လမ်း မသင့်လို့သင့်ကို ငါတို့၊ အချစ် မချို့။သို့သော်-လမ်း သင့်ပါလျ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၇ ) လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ကဖွားဖက်တော်တွေ ဖြစ်တယ်။တရားမျှတမှုနဲ့ဖိနှိပ်ချုပ်ချယ်ခြင်းကတစ်အူထုံ့ဆင်းတွေ ဖြစ်တယ်။ငြိမ်းချမ်းရေးနဲ့အကြမ်းဖက်ဝါဒကအမြှ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၈ ) နီယိုဝိုက်စ်ကြယ်တံခွန် *ကိုရိုနာဗိုင်းရပ်စ်ဇာတ်က နာတယ်။ကပ်အတွင်းမဲစာရင်း ကြည့်ရဇာတ်က နာတယ်။နာစရာရှိရင်လွမ်းစရာနဲ့ ဖြေ။အဲဒီနေ့ ရောက်ရင်၆ ပေ တစ်မဲတို့ အ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၉ ) လမ်းခင်းထားတယ်မလှမ်း မနင်းရင်သင့်တာဝန်။ပန်းတိုင်ရှိတယ်မလှမ်း မကိုင်ရင်သင့်တာဝန်။နွေ ဦးတော့မယ်မေ၀ မဖူးရင်သင့်တာဝန်။စစ်ကိုရပ်ပါဖြစ်ရင်သင် တရားခံ။အမုန်းစ… Read More
  • ၂ ၀ ၂ ၀ ( ၇ ) ဒီ သစ်ပင် ငါတို့မှ မစောင့်ရှောက်ရင် ဘယ်သူ စောင့်ရှောက်မှာလဲ။ သူခိုးတွေက ခုတ်လှဲပြီး ခိုးရောင်းစားဖို့ပဲ ကြံနေတာ။ နိုင်ငံတော်သစ်ပင်။ ။ (ဇူလိုင် ၂၆၊… Read More

3 comments:

poe kyaw said...

ဆရာ... ရန်ငါပျတ်ရမယ်ဆို ဘယ်လိုဖြစ်လို့
အောင်ဆန်းဦး ဆောက်ရူးကို ကိုကြီး ကိုကြီးလုပ်နေ
ရတာလဲ
ကိုယ့်ကဗျာကိုအားနာဦး

ဒီရေ said...

ကဗျာကောင်းတွေ လာရောက်ဖတ်သွားပါတယ် ဆရာ... ဖတ်ရင်း ရင်ထဲကခွန်အားတွေ သတ္တိတွေ တုးလာတဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ် ဆရာ။။။ အားပေးလျှက်

ဒီရေ

နေ့ သစ် said...

ဆရာ ... ကျနော် ဖတ်သွားတယ်ခင်ဗျ
ဦအောင်ဆန်းဦးသို့ ... ကဗျာက တကယ်တော့ မလိုအပ်ချက်ကို လိုအပ်အောင် ပျိုးထားတာနဲ့ တူရဲ့  ... ပြည်သူတွေ ရဲ့ လေရှူပုံ ကွဲနေလိမ့်မယ် ...။လေးစားချစ်ခင်လျက်ပါ ဆရာ။