ကလေးရေတွေးနေခဲ့သလား။ လမင်းကြီးဟာ အဝေးကြီး ... လို့ ။ ကလေးရေ ဆွေးနေခဲ့သလား။ သက်တံကြီးဟာ အဝေးကြီး ... လို့ ။ တွေးမနေနဲ့ တော့ ကလေးရယ်။ ကလေးရဲ့ အနားမှာ ငှက်ကလေးတွေ တေးဆိုနေရင် အဲဒါ ... မဝေးလို့ ပေါ့ ။ ဆွေးမနေနဲ့ တော့ ကလေးရယ်။ ကလေးရဲ့ အနားမှာ လေညင်းကလေးတွေ ပြေးဆော့နေရင် အဲဒါ ... မဝေးလို့ ပေါ့ ။ ကဲ ... မျက်လုံးဖွင့်ကြည့်လိုက်စမ်း ကလေးရဲ့ နဖူးကို ဘယ်သူနမ်းနေတာလဲ။ ကဲ ... မျက်လုံးဖွင့်ကြည့်လိုက်စမ်း ကလေးရဲ့ ပါးလေးတွေ ဘယ်သူနမ်းနေတာလဲ။ အဲဒီနေ့ က တလမ်းလုံး အပြုံးပန်းတွေပွင့်ခဲ့ပုံ။ လတ်လတ်ဆတ်ဆတ် မျက်ရည်ထဲ အနာဂတ်ဟာ ဖျတ်ခနဲ ... ဖျတ်ခနဲ ... ။ ။ (ဘုံဘုံနဲ့ ဝှိုက်တီတို့သို့)
အောင်ဝေး ဇန်န၀ါရီ ၂၃၊ ၂၀၁၂
Related Posts: ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်းကချင်မလေးမင်းဟာ ငါ့အဖို့တော့ဒီလွတ်မြောက်နယ်မြေမှာပထမဆုံး ပွင့်တဲ့ ပန်းကလေးပါပဲ။ကျေးဇူးတင်တယ်ကချင်မလေး။ဒီလွတ်မြေ… Read More ဗကသ ကျော်ကိုကိုသို့ …ဗမာပြည်လုံးနီကဒေါင်း ခွပ်ဒေါင်း တွန်သံချီသနစ်ပြောင်းတော့မည်။ ။(အဖမ်းဆီးခံ ဗကသ ကျောင်းသားခေါင်းဆောင်များသို့ ...)အောင်ဝေး(မူရင်း-ေ… Read More မဂ္ဂင်ကျောင်းကို သက်သေတည်ဒီဇင်ဘာ ၁၂၊ ၂၀၀၇(၁)မြန်မာစစ်အစိုးရက မဂ္ဂကျောင်းကို ချိတ်ပိတ်လိုက်သတဲ့။ဓမ္မ န္တရာယ် ‘နအဖ’ သေနတ်ပြောင်းထိပ်မှာ ‘ဖဲပြားနီ’တွေ ချိတ်ြ… Read More ဗျာဒိတ်တနေ့သော်ဤမြေပေါ်မှာပင်လယ်အော်သံတို့လည်းတိတ်ဆိတ်သွားလိမ့်မည်။တနေ့သော်ဤမြေပေါ်မှာတိုက်ပွဲခေါ်သံတို့လည်းပျောက်ကွယ်သွားလိမ့်မည်။တနေ့သော်ဤမြေပေါ်မှာတော်… Read More မဲဆောက် ကွန်မြွန်းကြောက်တတ်ရင်မဲဆောက်ဟာဖြဲခြောက်တယ်။မကြောက်တတ်ရင်မဲဆောက်မှာနောက်ထပ် ကွန်မြွန်းတခုပေါ်လာမယ်။မဲဆောက် … တဲ့အမြဲသောက်ရင်အသည်းခြောက်မယ်ဆိုတဲ… Read More
0 comments:
Post a Comment