နီရဲ စိမ်းမြ။
ငါ့ ရင်ထဲမှာ
နှင်းဆီပင်ဟာ
နီရဲ စိမ်းမြ။
ငါ သီဖွဲ့ကျူး
ရင်ပြင်ဦးမှာ
ကျေးဇူးတကာရဲ့
ကျေးဇူး
ဖခင်တကာရဲ့
ဖခင်
ဗိသုကာတကာရဲ့
ဗိသုကာ
သူရဲကောင်းတကာရဲ့
သူရဲကောင်း
နီမောင်း
စိမ်းလန်း
မသေပန်းပွင့်သူ
ငါ လွမ်းတပါရစေ။
"ကံတရား၏ရိုက်ပုတ်မှုဒဏ်ကြောင့်
ငါ၏ဦးခေါင်းသည်
သွေးသံတို့ဖြင့်ချင်းချင်းနီ၏။
သို့သော်
... ညွှတ်ကား မညွှတ်"
ငါ လွတ်လပ်စွာ
မြတ်နိုးပါရစေ။
ငါ့ တရားနှင့်
ငါ့ ဓား ငါ
သွေး၊ ငါ့ တေး ငါဆို
ငါ ကြည်ညိုပါရစေ။
စွန့်လွှတ်ခြင်းမှာ
ဖန်ဆင်းရုပ်တု၊
ထုလုပ်စိုက်ထိုး
ငါ ကိုးကွယ်ပါရစေ။
အသင် မိတ်ဆွေ။
သင် စိတ်ငြင်ငြို၊
မမြင်လိုလျှင်
သင် လိုရာလုပ်၊
သင် ဘာလုပ်လုပ်
ကျွန်ုပ်
မငြိုငြင်ပါ။
သင်လွမ်းတချင်ရာ၊
သင်လွမ်းတပါ
သင်မြတ်နိုးချင်ရာ၊
သင်မြတ်နိုးပါ
သင်ကြည်ညိုချင်ရာ၊
သင်ကြည်ညိုပါ
သင်ကိုးကွယ်ချင်ရာ၊
သင်ကိုးကွယ်ပါ။
ငါ နဲ့ သင်
ရန်သူ မဖြစ်ချင်။
သင် နဲ့ ငါ
မဟာမိတ်လည်း
မပြုချင်။
သင်သင် ငါငါ
ဘာမျှ အရေးမကြီး၊
အချည်းစည်းသာ။
အရေးကြီးတာက
ငါ့ ရင်ထဲမှာ
(ယုံကြည်ခြင်း)
နှင်းဆီပင်ဟာ
နီရဲ စိမ်းမြ
(ထာဝရ)။ ။
ေ အာ င်
ေ ဝ း
(ဇူလိုင် ၂၅- ၂ဝ၁၈)photo - DVB