စံပယ်ဖြူနု ရေ ...
စစ်ပွဲတွေက လူတွေကို သေစေတယ်
(လူတွေက စစ်ပွဲတွေကို ရှင်စေတယ်)
လူသေတွေ ရှင်ပါစေ၊ စစ်ပွဲရှင်တွေ သေပါစေ။ ။
အောင်ဝေး
(သြဂုတ် ၃၀၊ ၂၀၁၉)
##ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၅ )
စံပယ်ဖြူနု ရေ ...
ေ အာ င်ေ ၀း
(သြဂုတ် ၃၀၊ ၂၀၁...
Friday, August 30, 2019
Sunday, August 25, 2019
ချစ်လှစွာသောပြည်ပြေး (၅၄)
စစ်ကျွန်ခေတ်မှာ၊ လူလွန်မသားတွေက
မြစ်ကို သွန်ပစ်ခဲ့ကြ
စစ်ကျန်မြစ်မှာ၊ တို့ခေတ်ဟာ နွံနစ်ရပေါ့
ခင်ဘုန်းဝေဇော်။ ။
အောင်ဝေး
(သြဂုတ် ၂၅၊ ၂၀၁၉)
##
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၄ )
စစ်ကျွန်ခေတ်မှာ၊ လူလွန်မသားတွေက
မြစ်ကို သွန်ပစ်ခဲ့ကြ
စစ်ကျန်မြစ်မှာ၊ တို့ခေတ်ဟာ နွံနစ်ရပေါ့
ခင်ဘုန်းဝေဇော်။ ။
ေ အာ င်ေ ၀း
(သြဂုတ် ၂၅၊ ၂၀၁...
Thursday, August 22, 2019
ချစ်လှစွာသောပြည်ပြေး (၅၃)
ပိုပြည့်သူ
"ကဗျာနဲ့ နိုင်ငံတစ်နိုင်ငံ မထူထောင်နိုင်" တဲ့ *
ဒါပေမဲ့ - ကဗျာက
နာမကျန်းဖြစ်နေတဲ့ နိုင်ငံကို ကုစားပေးနိုင်တယ်။ ။
အောင်ဝေး
(သြဂုတ် ၂၂၊ ၂၀၁၉)
* မာမွတ်ဒါဝစ် (ပါလက်စတိုင်း)##
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၃ )
ပိုပြည့်သူ
ဒါပေမဲ့ - ကဗျာက
ေ အာ င်ေ ၀း
(သြဂုတ် ၂၂၊ ၂၀၁၉)
* မာမွတ်ဒါဝစ်...
Tuesday, August 20, 2019
ချစ်လှစွာသောပြည်ပြေး (၅၂)
အမေရိကမှာ သေနတ်တွေ ခဏခဏ ပစ်တယ်
မြန်မာပြည်မှာ ပါးစပ်တွေ ခဏခဏ ပစ်တယ်
သေနတ်နဲ့ ပစ်လို့ သေတဲ့ မသာထက်
ပါးစပ်နဲ့ ပစ်လို့ သေတဲ့ မသာက ပိုများတယ် ချိုသင်း။ ။
အောင်ဝေး
(သြဂုတ် ၂၀၊ ၂၀၁၉)##
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၂ )
ေ အာ င်ေ ၀း
(သြဂုတ် ၂၀၊...
Sunday, August 18, 2019
ချစ်လှစွာသောပြည်ပြေး (၅၁)
ဒီမယ် ... ဘဝတစ်လျှောက်လုံး၊ "ဗ" ငါးလုံးနဲ့
ကျောက်တုံးက ပန်းပွင့်သတဲ့
ပွင့်သမျှ အနီ၊ မွှေးမြမြ ရီ သတဲ့
ယုံကြည်ခြင်းက "ထိန်ပြောင်" ထက် ပြင်းသတဲ့ မစုမီရယ်။ ။
အောင်ဝေး
(သြဂုတ် ၁၈၊ ၂၀၁၉)
##
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၁ )
ေ အ ာ င္ ေ ၀...
Friday, August 16, 2019
ချစ်လှစွာသောပြည်ပြေး (၅၀)
ဒိဗျာ
ငါ့ရဲ့ စစ်ပွဲတစ်ခြမ်း၊ တောင်ပြိုတစ်ခြမ်း၊ ရေကြီးတစ်ခြမ်း မင်းယူထမ်းပါ
မင်းရဲ့ အချစ်တစ်ခြမ်း၊ အောင်ပွဲတစ်ခြမ်း၊ ဝိမုတ္တိတစ်ခြမ်း ငါ့ကိုကမ်းပါ
လမ်းပေါ်မှာ သူရဲကောင်းဟာ လွမ်းမျှော်နေတယ် ဒိဗျာ။ ။
မာရိသ
(သြဂုတ် ၁၆၊ ၂၀၁၉)##
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၅ ၀ )
ဒိဗျာ
Wednesday, August 14, 2019
ချစ်လှစွာသောပြည်ပြေး (၄၉)
မမ ခင်ဦးစံပယ်
ဒီလို နေ့မျိုး ပေါ့
ငှက်တစ်ကောင် မိုးပေါ် ပျံတက်သွားတာ
ကျနော်တို့ မြေကြီးပေါ် လွမ်းကျန်ရစ်တာ (၂၀၀၄)။ ။
အောင်ဝေး
(သြဂုတ် ၁၄၊ ၂၀၁၉)
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၄ ၉ )
မမ ခင်ဦးစံပယ်
ဒီလို နေ့မျိုး ပေါ့ 
Sunday, August 11, 2019
ချစ်လှစွာသောပြည်ပြေး (၄၈)
မဟာစောရ ယောဓော
တစ်တောလုံး ခုတ်၊ သစ် ခိုးထုတ်
ဟော ... ခုတော့၊ တောင်ငုတ်တိုကြီး
မုဆိုးမတိုင်းပြည်ကလေးပေါ် ပြိုပြီ ကိုသီ။ ။
အောင်ဝေး
(သြဂုတ် ၁၁၊ ၂၀၁၉)
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၄ ၈ )
မဟာစောရ ယောဓော
Thursday, August 8, 2019
ချစ်လှစွာသောပြည်ပြေး (၄၇)
၃၃ လမ်း ခရေပင်ရိပ်ဟာ တို့ သပိတ်စခန်း
မောင်စိမ်းနီ က တို့ ဥက္ကဋ္ဌ
ပြန် မနုတ်နိုင်သေးတဲ့ ရင်အုံဖောက်မြားတွေ
(မင်းထက်မောင် ရေ ... ) သေနင်္ဂဗျူဟာမြောက် လွမ်း။ ။
အောင်ဝေး
(၈၊၈၊၁၉)
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၄ ၇ )
Sunday, August 4, 2019
အ တိ တ် သ စ် ပ င်
အတိတ်ပင် ပေါ့
သွေးတွေ အိုင်ထွန်း
မျက်ရည်တွေ သွန်းလောင်း
ဒီ အပင်
ကောင်းကောင်း ကြီးထွားလာတယ်
အတိတ်ပင် ပဲပေါ့။
အတိတ်ပင် လေ
ဒီ အပင်က
သွေးပန်းပွင့်တွေ ပွင့်ပြီး
ဒီ အပင်က
မျက်ရည်သီးတွေ သီးတယ်
အတိတ်ပင် ပဲပေါ့။
အတိတ်ပင် ပေါ့
ခေတ်တွေက
မြစ်ရေလို စီးဆင်းသွားကြတယ်
အတိတ်ပင် ပဲလေ။
အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ
ထာဝရ...
Friday, August 2, 2019
ချစ်လှစွာသောပြည်ပြေး (၄၆)
တချို့က အာဏာ အရသာခံကြတယ်
တချို့က အသပြာ အရသာခံကြတယ်
တချို့က အနာ အရသာခံကြတယ်
ငါတို့က ကဗျာ အရသာခံကြတာ မြတ်လှိုင်း။ ။
အောင်ဝေး
(သြဂုတ် ၂၊ ၂၀၁၉)
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၄ ၆ ) တချို့က အာဏာ အရသာခံကြတယ်တချို့က အသပြာ အရသာခံကြတယ်တချို့က အနာ အရသာခံကြတယ်ငါတို့က ကဗျာ အရသာခံကြတာ မြတ်လှိုင်း။...
Subscribe to:
Posts (Atom)