Sunday, August 4, 2019

အ တိ တ် သ စ် ပ င်


အတိတ်ပင် ပေါ့
သွေးတွေ အိုင်ထွန်း
မျက်ရည်တွေ သွန်းလောင်း
ဒီ အပင်
ကောင်းကောင်း ကြီးထွားလာတယ်
အတိတ်ပင် ပဲပေါ့။

အတိတ်ပင် လေ
ဒီ အပင်က
သွေးပန်းပွင့်တွေ ပွင့်ပြီး
ဒီ အပင်က
မျက်ရည်သီးတွေ သီးတယ်
အတိတ်ပင် ပဲပေါ့။

အတိတ်ပင် ပေါ့
ခေတ်တွေက
မြစ်ရေလို စီးဆင်းသွားကြတယ်
အတိတ်ပင် ပဲလေ။

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ
ထာဝရ အိပ်စက်သူလည်း အိပ်စက်။

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ
အရိပ်နေနေ၊ အခက်ချိုးချိုး
သစ္စာ ကျိုးပျက်သူလည်း ကျိုးပျက်။

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ
အရင်စိတ် နဲ့
ချွေးသိပ်ရင်း
ရှေ့ခရီးဆက်ဖို့ အိပ်မက်သူလည်း အိပ်မက်။

အတိတ်ပင်လေ
ဒီ အပင်ရိပ်မှာ
အတိတ်ဟာ ပြန်ပြန် သစ်လာတယ်
အတိတ်သစ် အပင်
"အတိတ်သစ်" ပင် ပဲပေါ့။

အတိတ်သစ် ပင်
ခေတ်အစဉ် သွေးသစ်နဲ့ လောင်း။

မျက်ရည်သစ်တွေ နဲ့
ခေတ်အခြေ ဘယ်လို ယွန်း
သွန်း ကြစေ ကြောင်း။ ။

[ရှစ်လေးလုံး အရေးတော်ပုံ (၃၁) နှစ်ပြည့်]

အောင်ဝေး
(၇-၃၁-၁၉)

##


အ တိ တ် သ စ် ပ င်


အတိတ်ပင် ပေါ့
သွေးတွေ အိုင်ထွန်း
ဒီ အပင်
အတိတ်ပင် ပဲပေါ့။

အတိတ်ပင် လေ
ဒီ အပင်က
ဒီ အပင်က
မျက်ရည်သီးတွေ သီးတယ်
အတိတ်ပင် ပဲပေါ့။

အတိတ်ပင် ပေါ့
ခေတ်တွေက
အတိတ်ပင် ပဲလေ။

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ

အတိတ်ပင် ပေါ့
ဒီ အပင်ရိပ်မှာ
အရင်စိတ် နဲ့
ချွေးသိပ်ရင်း

အတိတ်ပင်လေ
ဒီ အပင်ရိပ်မှာ
အတိတ်သစ် အပင်
"အတိတ်သစ်" ပင် ပဲပေါ့။

အတိတ်သစ် ပင်

မျက်ရည်သစ်တွေ နဲ့
ခေတ်အခြေ ဘယ်လို ယွန်း
သွန်း ကြစေ ကြောင်း။ ။


ေ အ ာ င္ ေ ၀ း
(၇-၃၁-၁၉)

Related Posts:

  • To a Myanmar Soldier BrotherOh! my soldier brother,If you were a good soldier,A soldier is not a soldier ―in your mind,in your soul,in your heart.If you were a patriotic soldier,… Read More
  • (titleless poem)လေဆန်မှာ မြှားတန်းလန်းနဲ့ပျံသန်းရဲတဲ့ ငှက်ဟာ မနက်ဖြန်အတွက် ဖြစ်တယ်အောင်ဝေး(မူရင်း - သူမ၏ကဗျာဆရာ၊ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်များ)… Read More
  • အရှေ့ရိုးမပေါ်က ညစာ( ၁ ) အရှေ့ရိုးမရဲ့ ရေချိုးပြီးစည၊ လှပနေပါပြီ။ မီးခိုးပြာမြမြ လှိုင်းခုံးထခရမ်းရောင်၊ ကြယ်ရောင်လရောင် မညိုမှောင်ခင် တောင်ခြေကို ကပ်ကြ… Read More
  • “ ရိုးမြေကျ ပိတောက်“ဖွင့်လိုက်တယ်…. ပြတင်းပေါက် တစ်ခုလုံး ၀ါထိန်သွားရော ၊ ရထားတစ်စင်းလုံး… ဟယ်လင် မင်းသမီးတွေချည်း ပါသွားသလို လှလိုက်တာ……….၊ စစ်အတွင်း မီးရထား ဘူတာရုံကလေး… Read More
  • သွေးမြစ်ကိုဖြတ်သန်း၍ အရိုးတောင်တန်းကိုကျော်လွှားခြင်းရှစ်ဆယ့်ရှစ်ဟာမြစ်တစင်းဆိုရင်...အဲဒီမြစ်ဟာကျောင်းသားတွေရဲ့ သွေးနဲ့စီးတဲ့မြစ်ပဲဖြစ်မယ်။ရှစ်ဆယ့်ရှစ်ဟာတောင်တန်းဆိုရင်...အဲ့ဒီတောင်တန်းဟာကျောင်းသားအရိုးေ… Read More

0 comments: