Thursday, May 23, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၉ )

[unicode below]



ေက်ာ္သူ
ေရႊ၀ါေရာင္တုန္းက တို့ပုန္းခဲ့တဲ့ ဗုံးခိုက်င္းကေလး
ျပန္ေရာက္ေသးလား
တို့မုန္းခဲ့တဲ့ စစ္အာဏာရွင္စနစ္ေရာ ျပန္လာေသးလား။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၂၃၊ ၂၀၁၉)

[unicode]

ချစ်လှစွာသောပြည်ပြေး (၉)

ကျော်သူ
ရွှေဝါရောင်တုန်းက တို့ပုန်းခဲ့တဲ့ ဗုံးခိုကျင်းကလေး
ပြန်ရောက်သေးလား
တို့မုန်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ရော ပြန်လာသေးလား။ ။

အောင်ဝေး
(မေ ၂၃၊ ၂၀၁၉)

Tuesday, May 21, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၈ )



ကေမာင္ေမာင္၀င္းရယ္
"ဒီမိုကေရစီ မုဒိမ္းက်င့္ခံရတယ္"
"ဒီမိုကေရစီ မုဒိမ္းက်င့္ခံရတယ္" နဲ႔
ရွင္တို႔ရုပ္ေတြက က်င့္ခ်င္စရာလား။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၂၁၊ ၂၀၁၉)



ချစ်လှစွာသောပြည်ပြေး (၈)

ကမောင်မောင်ဝင်းရယ်
"ဒီမိုကရေစီ မုဒိမ်းကျင့်ခံရတယ်"
"ဒီမိုကရေစီ မုဒိမ်းကျင့်ခံရတယ်" နဲ့
ရှင်တို့ရုပ်တွေက ကျင့်ချင်စရာလား။ ။

အောင်ဝေး
(မေ ၂၁၊ ၂၀၁၉)

Monday, May 20, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၇ )


ဗက ျမင့္ဦး။ ။ "ေရွ့ ထပ္မတိုးနဲ႔။ တိုးရင္ ပစ္မယ္"
ဗမ တင္ေဖေအး။ ။ "ေဟ့- မပစ္နဲ႔။ ဒါ စစ္ေျမျပင္ မဟုတ္ဘူး။ ဒါ ႏိုင္ငံေရး"
ျဖစ္ခဲ့တယ္။
ဓႏုျဖဴမွာ ျဖစ္ခဲ့တယ္။ (၁၉၈၉)

ေ အ ာ င္ ေ ၀ း
(ေမ ၂၀၊ ၂၀၁၉)



ချစ်လှစွာသောပြည်ပြေး (၇)

ဗက မြင့်ဦး။ ။ "ရှေ့ ထပ်မတိုးနဲ့။ တိုးရင် ပစ်မယ်"
ဗမ တင်ဖေအေး။ ။ "ဟေ့- မပစ်နဲ့။ ဒါ စစ်မြေပြင် မဟုတ်ဘူး။ ဒါ နိုင်ငံရေး"
ဖြစ်ခဲ့တယ်။
ဓနုဖြူမှာ ဖြစ်ခဲ့တယ်။ (၁၉၈၉)

အောင်ဝေး
(မေ ၂၀၊ ၂၀၁၉)

Sunday, May 19, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၆ )

[unicode below]



ဒီေန့ (၁၉၇၇) ေမာင္ေလးေအာင္ ကြယ္လြန္တယ္
ကဗ်ာဆရာ မေသပါဘူး
ဘယ္သူေတြ မကြယ္လြန္ဘဲ ေသသြားၾကသလဲ
ေမာင္စံ။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၁၉၊ ၂၀၁၉)

[unicode]

ချစ်လှစွာသော ပြည်ပြေး (၆)

ဒီနေ့ (၁၉၇၇) မောင်လေးအောင် ကွယ်လွန်တယ်
ကဗျာဆရာ မသေပါဘူး
ဘယ်သူတွေ မကွယ်လွန်ဘဲ သေသွားကြသလဲ
မောင်စံ။ ။

အောင်ဝေး

(မေ ၁၉၊ ၂၀၁၉)

Saturday, May 18, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ )

[unicode below]


မိုးသီးဇြန္
မင္းလည္း စစ္သား သားသမီး
ငါလည္း စစ္သား သားသမီး
မ်က္ႏွာ ဓားနဲ့ လွီးပစ္ဖို့ပဲ ေကာင္းတယ္။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၁၈၊ ၂၀၁၉)

[unicode]

ချစ်လှစွာသောပြည်ပြေး  ( ၅ )

မိုးသီးဇွန်
မင်းလည်း စစ်သား သားသမီး
ငါလည်း စစ်သား သားသမီး
မျက်နှာ ဓားနဲ့ လှီးပစ်ဖို့ပဲ ကောင်းတယ်။ ။

အောင်ဝေး

(မေ ၁၈၊ ၂၀၁၉)

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၄ )

[unicode below]


ေမာင္မိုးလြင္မိုး
ကဗ်ာေတြ မေရးေတာ့ဘူးလား
ရက္ဘတ္တလာ* ျဖစ္ေနၿပီလား
ကတုံးႀကီး မွပဲ သိမယ္။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၁၆၊ ၂၀၁၆)

* Rhett Butler (Gone with the Wind character)

ချစ်လှစွာသောပြည်ပြေး  ( ၄ )

မောင်မိုးလွင်မိုး
ကဗျာတွေ မရေးတော့ဘူးလား
ရက်ဘတ်တလာ* ဖြစ်နေပြီလား
ကတုံးကြီး မှပဲ သိမယ်။ ။

အောင်ဝေး
(မေ ၁၆၊ ၂၀၁၆)
* Rhett Butler (Gone with the Wind character)

Tuesday, May 14, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၃ )


မင္းထင္
မင္းက ဒါရိုက္တာ ဆိုၿပီး
ပလူအုံကိုမွ
ကလို႔ဇပ္* သြားရိုက္မိတာကိုး။ ။

ေ အ ာ င္ ေ ဝ း
(ေမ ၁၄၊ ၂၀၁၉)

* close-up (အနီးကပ္ရိုက္ခ်က္)

[unicode]

ချစ်လှစွာသော ပြည်ပြေး (၃)

မင်းထင်
မင်းက ဒါရိုက်တာ ဆိုပြီး
ပလူအုံကိုမှ
ကလို့ဇပ်* သွားရိုက်မိတာကိုး။ ။

အောင်ဝေး
(မေ ၁၄၊ ၂၀၁၉)

* close-up (အနီးကပ်ရိုက်ချက်)