Wednesday, September 3, 2008

မမခင်ဦးစံပယ်သို့ တမ်းချင်း


မမခင်ဦးစံပယ်ရေ
ဒီအချိန်ဟာဆမ္မားပေါ့။
ဒီမှာ
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မည်းမည်း
ရှော့ပင်တိုတွေ
လမ်းသလားတဲ့ ရာသီ
လာပြီ။

ခေတ်ကြီးက ရှေ့ကိုတဟုန်ထိုး တို(တို)တက်နေတာပါ
စကတ်တွေလည်း ပေါင်ရင်းကပ်ကုန်ပြီ။
ဒါ ဆမ္မားလေ
အမေရိကားမှာတော့
ဒွန်နာဆမ္မားလည်း ခေတ်မကုန်သေးဘူး။
ကျွန်တော်တို့ ရဲ့ဒေါ်မာမာအေး
ခေတ်မကုန်သလိုပေါ့။
ကျွန်တော် ဒွန်နာဆမ္မားကြိုက်တယ်
ဆိုဖိယာလောရင့်ကြိုက်တယ်
ခင်သန်းနုကြိုက်တယ်
စိုင်းထီးဆိုင်နဲ့ ခိုင်ထူးကြိုက်တယ်။

အနုပဋိလောမ ကြိုက်တယ်
ယင်အန်းမိန့်ခွန်း ကြိုက်တယ်။
ကျွန်တော်က အဟောင်းကြိုက်သူ
ဂန္ထဝင်တွေကို ကြိုက်တယ်လေ။
ဒါပေမဲ့ မမခင်ဦးစံပယ်ရယ်
ကျွန်တော် ခေတ်နောက်ပြန်ဆွဲသူမဟုတ်ပါဘူး။
အစိုးရဟောင်းကို ကျွန်တော်မကြိုက်ဘူး
အစိုးရသစ် လိုချင်တယ်။
စစ်အာဏာရှင်စနစ်ကို ကျွန်တော်မကြိုက်ဘူး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုချင်တယ်။
စစ်အာဏာရှင်စနစ်က
ဟောင်းနေတာကြာပြီ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက
အသစ်ပေါ့။
ကျွန်တော် အဟောင်းကြိုက်ပေမဲ့
အသစ်တွေကို ကြိုဆိုပါတယ်။
ကျော်ကိုကိုတို့ မျိုးဆက်သစ်ကို
ကျွန်တော် ကြိုဆိုတယ်။
ခြွင်းချက်တော့ရှိမယ် မမခင်ဦးစံပယ်
အသစ်ဆိုပေမဲ့
အာဏာရှင်အသစ်ကို မကြိုက်ဘူး။
နအဖဖွဲ့စည်းပုံအသစ်ကို မကြိုက်သလို
ခွန်ဥက္ကာဖက်ဒရယ်ဖွဲ့စည်းပုံအသစ်ကိုလည်း မကြိုက်ဘူး။
မမခင်ဦးစံပယ်ရယ်
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးဆိုတာ
၄၆နှစ်တိုင်ခဲ့ပေမဲ့
မဟောင်းသေးတဲ့ ဂန္ထဝင်တိုက်ပွဲ
တိုးတက်နေဆဲ သစ်လွင်နေဆဲ။
ကျွန်တော် ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်း
ကျွန်တော် ကဗျာဆရာဟောင်း။
ဒါပေမဲ့ ကျွန်တော်
ပြည်သူ့ အာဏာသစ်ကို မျှော်နေတယ်။
အသစ်ကိုမျှော်ရတာ
ရင်တော့ပူလှပါတယ်။
ဒီခေတ်မှာ
ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသား။
အို မမခင်ဦးစံပယ်ရဲ့
မစ်ရှီဂန်နွေက ပူလို့ မဟုတ်
ကျွန်တော့်ရင်ထဲ
နာဂစ်အလွန် ပေါက်ကွဲမယ့်
မီးတောင်အသစ်တစ်လုံး
မြုံနေတုန်းပဲလေ။ ။

(၁ ဇူလိုင် ၂၀၀၈)

Related Posts:

  • အောင်ဝေး သရဏဂုံတင်ခြင်း(ခရမ်းပြာမြင်းရိုင်းရဲ့သမိုင်းတွင်မဲ့ကဗျာ)ရှရီ နမော ဗုဒ္ဓါယအပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိလွတ်လပ်မှုကို လိုပါ၏ဓမ္မ… Read More
  • မဂ္ဂင်ကျောင်းကို သက်သေတည်ဒီဇင်ဘာ ၁၂၊ ၂၀၀၇(၁)မြန်မာစစ်အစိုးရက မဂ္ဂကျောင်းကို ချိတ်ပိတ်လိုက်သတဲ့။ဓမ္မ န္တရာယ် ‘နအဖ’ သေနတ်ပြောင်းထိပ်မှာ ‘ဖဲပြားနီ’တွေ ချိတ်ြ… Read More
  • ဗျာဒိတ်တနေ့သော်ဤမြေပေါ်မှာပင်လယ်အော်သံတို့လည်းတိတ်ဆိတ်သွားလိမ့်မည်။တနေ့သော်ဤမြေပေါ်မှာတိုက်ပွဲခေါ်သံတို့လည်းပျောက်ကွယ်သွားလိမ့်မည်။တနေ့သော်ဤမြေပေါ်မှာတော်… Read More
  • မဲဆောက် ကွန်မြွန်းကြောက်တတ်ရင်မဲဆောက်ဟာဖြဲခြောက်တယ်။မကြောက်တတ်ရင်မဲဆောက်မှာနောက်ထပ် ကွန်မြွန်းတခုပေါ်လာမယ်။မဲဆောက် … တဲ့အမြဲသောက်ရင်အသည်းခြောက်မယ်ဆိုတဲ… Read More
  • ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်းကချင်မလေးမင်းဟာ ငါ့အဖို့တော့ဒီလွတ်မြောက်နယ်မြေမှာပထမဆုံး ပွင့်တဲ့ ပန်းကလေးပါပဲ။ကျေးဇူးတင်တယ်ကချင်မလေး။ဒီလွတ်မြေ… Read More

0 comments: