Wednesday, May 27, 2009

Aung Way - Special Poem 3

ပျားအုံခံစားမှု

အထူးကဗျာ - ၃

အောင်ဝေး

မေ ၂၆၊ ၂၀၀၉

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ

ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။


လူတိုင်းအင်းစိန်ထောင်ရှေ့ 

သွားဆုံစုရုံးနေတာ

ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။


ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။



ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။


ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။


ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။


ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။


သေရေး ရှင်ရေး

အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 

ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့

မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ

အင်းစိန်ထောင်ရှေ့ ချီတက်တာကို

ဘာကြောင့် သဘောမတူရဲတာလဲ။


ငါတို့ ဟာ

စိတ်ထဲကသေနတ်တွေနဲ့ 

ရန်သူကိုဆက်ပစ်နေရမယ်။


ငါတို့ အပစ်ရပ်လိုက်ရင်

ရန်သူရဲ့ 

အပြတ်ရစ်ခြင်း ကိုခံရမယ်။


ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(မေ ၂၅ ၊ ၂၀၀၉)

Related Posts:

  • ဖု န်း ဆိုးေ တး   ရှစ်လေးလုံး ဆိုတာ အဖြစ် အနှေးဆုံး သစ်တစ်ပင်လား။ .................... အခုထိ အသီး မဆွတ်နိုင်သေး။ ။ ေ အ ာ င္ ေ ၀ း ေ (၈- ၈- ၁၆)Photo - Law Eh … Read More
  • အ ေ ရ း ေ တာ် ပုံ … ပြ ည်ေ ပြး အမေက မွေး ထောင်က ကျွေး အရေးတော်ပုံ ….ပြည်ပြေး မွေး တစ်နေ့ သေ တစ်နေ့ လာမယ့် ဘေး ပြေး တွေ့  မသေခင် ပြေ(ပြည်)၀င်သွားချင်တယ်။ ။  … Read More
  • ပြ ည်ေ ပြးေ မ တ္တာ စာ   LETTER FROM MICHIGAN ။ အနောက်ဗာဂျီးနီးယားပြည်နယ်၊ မြန်မာမိသားစုများ၏ NLD အစိုးရသစ် ကြိုဆိုပွဲသို့ ပေးပို့ သောကဗျာ မစ်ရှီဂန်မဲဇာမှာပေါ … Read More
  • သြ ဂု တ် လ ( ၁ ၄ ) ရ က်ေ န့  မ န က် ခ င်း သြ ၀ါ ဒ "ငှက်သို့လျှင် ပေါ့ ပါးသော အသက်မွေးမှုကို ပြုရာ၏" (ေ မ တ္တ သု တ် ) --------------- ငှက်သို့လျှင် ချစ်ခြင်းမေတ္တာနှင့်ဥာဏ်ပညာကို တန်ဖိုးထားရာ၏။ ----… Read More
  • သ က် တံ ဆွဲ သူ များ ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။ ဟိံ - တံငါသည် ဇာလေ - ပိုက်ကွန်ကို ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။ ငါတို့ သည် သက်တံကို ကွေးကြကုန်၏။ သို့ တည်းမဟုတ် … ။ င… Read More

0 comments: