Wednesday, May 20, 2009

Insein Prison - Our Next Boycott Headquarter



အင်းစိန်အကျဉ်းထောင် သပိတ်စခန်း

အောင်ဝေး အထူးကဗျာ - ၂

မေ ၂၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

NLD ကို ၀န်းရံကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


ညောင်ပင်မှာ နား

ညောင်သီးလည်း စား

လေးသံကြားလည်း နားထောင်။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဒီမိုကရေစီကို တိုက်ယူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


အတိတ်ကို ပြန်လွမ်း

လက်ငင်းမှာ ရဲရဲဖြတ်သန်း

အနာဂတ်အတွက် မျှော်မှန်း။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဘုံရန်သူကို ဆန့်ကျင်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို

တကြိမ်ပဲ လုပ်ကြံတယ်

ဂဠုန်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို

အကြိမ်ကြိမ် လုပ်ကြံခဲ့ပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

မတရားတဲ့ ဥပဒေကို ရိုက်ချိုးကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


နအဖ = မိစ္ဆာ အစိုးရ

သန်းရွှေ ဂေါက်နေပြီ

နအဖ ကြောက်ကန်ကန် နေပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

သာသနအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



ကြက်တော ရေကူး

သန်းရွှေ သေတွင်းတူး

ပြည်သူ့အောင်ပွဲ အရုဏ်ဦး။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ခွပ်ဒေါင်းအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


သန်းရွှေ ဖက်ဆစ်

ဖက်ဆစ် သန်းရွှေ

ဖက်ဆစ်တစ္ဆေ နအဖ။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ဖက်ဆစ်တော်လှန်ရေးအလံတွေ လွှင့်ထူကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



၉၀ ရွေးကောက်ပွဲ

စစ်သားနဲ့ ရဲ၊ ၀န်ထမ်းတွေပဲရှိတဲ့ ကိုကိုးကျွန်းမှာ

NLD (ဦးလှသန်း) အနိုင်ရခဲ့တယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ပြည်သူ့ဘက်က တပ်မတော်သားတွေကို ကြိုဆိုကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


နေပြည်တော် ကျဆုံးခန်း

သန်းရွှေ ဘုရားရိုက်

မသာရထား ဆိုက်ပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

ပြည်သူ့ဘက်က ရဲနဲ့ဝန်ထမ်းတွေကိုကြိုဆိုကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။



မကြောက်တတ်ရင် တခါပဲ သေရတယ်

ကြောက်နေရင် အခါခါ သေရမယ်

သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ

ကဲ ...


ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

သား သုံး သား ပေါင်းစည်းညီညွတ်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။


အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ

နအဖကို ပုန်ကန်ကြ

အမိမြန်မာပြည်ကို ကယ်တင်ကြ

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။ ။


(မေ ၂၀ ၊ ၂၀၀၉)



Related Posts:

  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ ) လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။ ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ် ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန် ငါ ထမ်းဆောင်နေတာပေါ့။ ဒါပေမဲ့-… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ဝ )   "အလွမ်းပင်တော" တဲ့။ အလွမ်းပင်တွေ တောထနေလို့ အလွမ်းပင်တောလို့ ခေါ်တယ်။ အလွမ်းပင်တောလို့ လွမ်းသူတွေက ပြောကြတဲ့ လွမ်းသူတွေရဲ့အလွမ်းပ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၂ )     ၂ဝ ရာစုကနေ ချစ်လာတဲ့ အချစ် ၂၁ ရာစုအထိ ချစ်နေရတဲ့ အချစ်။ ၂ဝ ရာစုကနေ လွမ်းလာတဲ့ အလွမ်း ၂၁ ရာစုအထိ လွမ်းနေရတဲ့ အလွမ်း။ ၂ဝ … Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၁ ) ပြည်သူ့နီတိ။ အမုန်း၏ အစကား … သေခြင်း အချစ်၏ အစကား … နေခြင်း။ အမုန်းနဲ့စရင် စစ်ဖြစ်တယ် အချစ်နဲ့စရင် ငြိမ်းချမ်းရေးဖြစ်တယ်။ အမုန်းနဲ့ စမလား အချစ်… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ ) အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။ ဖြစ်ပုံ ခေတ်က ငြိမ်းချမ်းရေးကို စစ်နဲ့ ရော မျိုနေရ။ လည်ချောင်းထဲ အဝင် ဆိုးလှချည်ရဲ့။ … Read More

0 comments: