Wednesday, June 17, 2009

Aung Way - Justice

တရား

အောင်ဝေး

ဇွန် ၁၈၊ ၂၀၀၉

မတရား မပြောနဲ့ 
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်
ဘယ်သူမဆို ဘာလုပ်လုပ်
တရားတယ်။

သမတကြီး ဒေါ်အောင်ဆန်းစုကြည်
နာယကကြီး ဒေါ်အောင်ဆန်းစုကြည်
အဓိပတိကြီး ဒေါ်အောင်ဆန်းစုကြည်
သေနာပတိကြီး ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်
ကရုဏာရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်
စာရေးဆရာမကြီး ဒေါ်အောင်ဆန်းစုကြည်
မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်။


မတရား မပြောနဲ့ 
ပြည်သူချစ်တဲ့ သူအပေါ်
ပြည်သူကဘယ်လို ဂုဏ်ပြုဂုဏ်ပြု
တရားတယ်။

နိုင်ငံရေးသစ်
တော်လှန်ရေးသစ်
ဒီမိုကရေစီသစ်
လွတ်လပ်ရေးသစ်
ငြိမ်းချမ်းရေးသစ်
အချုပ်အခြာ အာဏာသစ်
ဖွဲ့ စည်းပုံဥပဒေသစ်
နိုင်ငံတော်သစ်

မတရား မပြောနဲ့ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ
လူထုက ဘယ်လို ရည်မှန်းရည်မှန်း
တရားတယ်။

ကဲ … မတရား မပြောပါနဲ့ 
မတရားမှုကို ခုခံတာမှန်သမျှ
အကုန် တရားတယ် ဆိုတာပါပဲ။ ။

(ဇွန် ၁၇ ၊ ၂၀၀၉)

Related Posts:

  • အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)(၁)အမေ ကျနော့်ကို မတားနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။အမေ … အမေ့ကိ… Read More
  • ကိုဗဟိန်း မှသည် ကျော်ကိုကို အထိ …ဗိုလ်ချုပ်အောင်ဆန်း မှသည် ဒေါ်အောင်ဆန်းစုကြည် အထိ၁၃၀၀ပြည့် အရေးတော်ပုံ မှသည် ၂၀၀၇ (သြဂုတ်- စက်တင်ဘာ) ရွှေဝါရောင် အရေးတေ… Read More
  • ပင်လယ်သေသင်္ဘောတွေ အဲဒီမှာ မဆိုက်ကပ်ခဲ့ကြ၀င်ခွင့်ရလက်မှတ်နဲ့လရောင်က ငုံ့ကြည့်လိုက်တော့ခေါင်မိုးပေါ်ဗုံသံနဲ့ လိင်ပညာပေးအကတွေမြို့ပြ မှော်ရုံအစပ်မှာဖွေးခနဲ ဖရဲသီး … Read More
  • တိမ်လွမ်းစိတ်မဲဆောက်မြို့ ကောင်းကင်ယံမှာတိမ်တွေက လှလိုက်တာ။ဘယ်တော့မှ ပြန်ရောက်မယ်မှန်းမသိတဲ့ကမ်းခြေက လှေကလေးပေါ်ချစ်သူကို အော်ခေါ်နေမိတယ်။ဒီမှာ …စက်တင်ဘ… Read More
  • ပုဂ္ဂလိကပန်းဥယျာဉ်ဘယ်သူပြောလဲတတောလုံးကြွေ …။တဟုန်းဟုန်းနဲ့တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာဖျားနာခဲ့ပြီ တို့နှင်းဆီ။အပူစီးကြောင်းချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲတစက်နှစ်စက… Read More

1 comments:

လေးဆယ့်ရှစ် said...

တရားသဖြင့်ကို နားမလည်သူတွေအတွက် အကောင်းဆုံး ထိုးချက်ပဲဗျ၊ သရုပ်ဖေါ်ပုံရပြီးရင် ယူသုံးမယ်နော..၊