Sunday, November 1, 2009

Aung Way - Kyaw Thu

ကျော်သူ
အောင်ဝေး
နိုဝင်ဘာ ၁၊ ၂၀၀၉


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က နုနု
မုန်တိုင်းကထန်ထန် မဟုတ်တော့ဘူး။


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က ရင့်ရင့်
မုန်တိုင်း ရော်ရော်။

ကျော်သူ …
မင်း ကြေကွဲနေသလား။

ကျော်သူ …
မင်းနာကြည်းနေသလား။

ကျော်သူ …
မင်းကို ပြည်သူက ချစ်နေတာ
ဂုဏ်ယူပါ။

ကျော်သူ …
မင်း ဘယ်တော့မှ မပျောက်ကွယ်ဘူး
အားတင်းပါ။

ကျော်သူ …
မင်းဟာ ပြည်သူ့ရင်ထဲမှာ
ထာဝရရုပ်ရှင်မင်းသား။

ကျော်သူ …
မင်းကို ဘယ်အာဏာရှင်ကမှ ပိတ်ပင်လို့မရ
တားဆီးလို့မရ။

ကျော်သူ …
မင်းဟာ ငါတို့ ရဲ့ အမြဲတမ်းရဲဘော်။


ကျော်သူ …
မင်းဟာ ဦးထွန်းဝေ ပြီးရင်
ရွှေဝါရောင်သူရဲကောင်း။

ကျော်သူ …
ရန်သူ ဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။

ကျော်သူ …
ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်။

ကျော်သူ …
မင်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်း
ချစ်တယ်။

ကျော်သူ
မင်းရဲ့ အမှန်တရားဟာ
မင်းရဲ့မျက်ရည်ကို သုတ်ပေးပါလိမ့်မယ်။

ကျော်သူ …
မင်း ကတုတ်ကျင်း နက်နက်တူးပါ
ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံပါ။

တနေ့ 
ပြည်သူတွေ အောင်ပွဲခံပါလိမ့်မယ် ကျော်သူ။

ပြည်သူထဲမှာ
မင်းလည်းပါတယ် ကျော်သူ။

ကျော်သူ …
ခု အခြေအနေက
--- --- ---- ။ ။

အောက်တိုဘာ ၃၀၊ ၂၀၀၉

Related Posts:

  • Escaped from State TerrorismAfter the violence,I make my way into non-violence.After the crack-down,I am on my way to liberated area now.In the recent old darkness,I hid my soul … Read More
  • ကလေးတစ်ဒါဇင်နဲ့တစ်ယောက်ဒီကဗျာကို အောင်ဝေးက ရေးစပ်ခဲ့ပြီးတော့ အောင်ဝေးနဲ့ ရွန်းစိမ့်စိမ့် လမင်းဝေး တို့က ရွတ်ဆိုခဲ့တာပါ။HIV မိဘမဲ့ ဝေဒနာသည် ၁၃ ယောက်ကို စောင့်ရှောက်ထားတဲ့ ဒဂံ… Read More
  • နောက်ဆုံးပေါ် ရောဂါဒီရောဂါဟာကုရာနတ္ထိ ဆေးမရှိ။ဒီရောဂါဟာမြန်မာပြည်ကလွဲလို့ကမ္ဘာမှာ မရှိသေးဘူး။ဒီရောဂါဟာလွှတ်ထားရင်ကမ်းကုန်အောင် ရက်စက်တယ်။ဒါပေမယ့်ဒီရောဂါမှာလူတွေကို ကြောက်တဲ… Read More
  • ဒုတိယ လွတ်လပ်ရေးတိုက်ပွဲသားရေလွတ်လပ်မှုဆိုတာလိုအပ်မှုကို သဘောပေါက် နားလည်ခြင်းပဲ။ဒီနေ့ဖေဖေတို့ ဘာလိုအပ်နေသလဲ။၁၉၄၈ပထမ စစီးခဲ့တဲ့မြစ်၁၉၆၂ မှာ ရေတိမ်နစ်ခဲ့ရတယ် …။၁၉၈၈သားတို့ခေတ်ရဲ… Read More
  • ညီမောင် စစ်သည်သို့။ညီမောင် စစ်သည်ရေတကယ်လို့ မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် ―မင်း စိတ်ထဲမှာမင်း ရင်ထဲမှာမင်း နှလုံးသားထဲမှာစစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ… Read More

0 comments: