Tuesday, February 8, 2011

Undo the music

ကြောင်င်င်င်င်င်
 
ကိုရစ်
ဒီ ဂစ်တာက
ကြီုးညှိလို့ မရဘူးဖြစ်နေတယ်။

ဘယ်လိုမှ ညှိလို့ မရတဲ့
ဒီ အသံကြောင်နေတဲ့ ဂစ်တာက
အသံကြောင်နေတဲ့အတွက်
အသံကြောင်နေတဲ့ ဂစ်တာဖြစ်နေတာ။

အဲဒါကို
ကြောင်တကောင်
ဘယ်ကကြောင်မှန်းမသိ
ကြောင်နေတဲ့ ဂစ်တာပေါ်
ခုန်ချလိုက်တာ
ကြောင်င်င်င်င်င်င်င် ခနဲ
အဲဒီ အသံကြောင်နေတဲ့ ဂစ်တာ
ပိုပြီး ပိုပြီး ကြောင်သွားတော့တာပဲ ကိုရစ်။        ။

အောင်ဝေး
ဖေဖော်ဝါရီ ၈-၂၀၁၁

Related Posts:

  • က မ္ဘ ာ ( ၂ ) သဗ္ဗေ သတ္တာ ကမ္မ သကာ။ သတ္တဝါတစ်ခု၊ ကံတစ်ခု။ မေတ္တာ ပို့သံ သာဓုသံ။ အမျှ ဝေသံ ကြေးစည်သံ။ သံသရာမှာ လင်းနေမလာ မှောင်နေမလား။ ကမ္ဘာ တစ်ခု ကံ တစ်ခု။ ။… Read More
  • က မ္ဘ ာ ကမ္ဘာလား အနာလား။ အနာ မသေရင် ကမ္ဘာ သေမယ်။ ကမ္ဘာ ဖျားနာ သမား ရှာ။ သမား ရှာ ကိုယ်မှာ တွေ့သတဲ့။ "Brace yourself!" * အောင်ဝေး (၄၊ ၄၊ ၂၀) * သင့်ကိုယ်… Read More
  • က ပ် ( ၅ ) ကပ်ကြီးက ကပ်လာပြီ။ တပ်ကြီးက ပျက်လာပြီ။ သေမင်းက သရဖူ * ဆောင်းလို့။ ကောင်းဘွိုင်ရုပ်ရှင်ထဲမှာလို သရဖူဆောင်းထားတဲ့ သေမင်းက မြင်းကြီး စီးလို့။ ဒိုင… Read More
  • က ပ် ( ၄ ) သံပရာသီး ၅ လုံး ဆီးသီး ၅ လုံး ဘုရားကပ်တယ်။ လက် မပြတ် ဆေးတယ် နှာခေါင်းစည်း တပ်တယ်။ အိမ်မှာ နေတယ် ရတနသုတ် ရွတ်တယ်။ သံသယနဲ့ ၆ ပေ အကွာမှာထိုင်တယ် သ… Read More
  • က မ္ဘ ာ ( ၃ ) ရုရှားအကျော်၊ စာဆိုတော် ပုသျှကင် ဟာ (အချစ်အတွက်) သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။ အခု ငါတို့ကမ္ဘာကြီး သေနတ်ချင်း ယှဉ်ပစ်ဖို့ စိန်ခေါ်ခံနေရပြီ။ သေ မလ… Read More

0 comments: