Tuesday, January 31, 2012

ချိုးကူသံ လမ်းကလေး (၄)

“ခမ်းကို ချစ်ရင်ပဲပုပ်ကိုလည်း ချစ်ရမယ်”လွမ်းစရာ့ ရုပ်ရှင်လွမ်းစရာ့ ပုံပြင်ငယ်ငယ်တုန်းကချစ်ရေစင်။ချယ်ရီတွေလည်းယမ်းနံ့ စွဲသလိုပိတောက်တွေလည်းယမ်းနံ့ စွဲခဲ့တာပါပဲ နန်းရယ်။လမ်းတိုင်းမှာပန်းတိုင်ရှိတယ်။ဒီလမ်းကလေးမှာသွေးနဲ့ ရေးတဲ့ဇာတ်ဝင်ခန်းရှိတယ်။ဗိုလ်ချုပ်ကသေဆိုရင်ကျနော်တို့က သေတယ်။ဗိုလ်ချုပ်က ရှင်ဆိုရင်ကျနော်တို့က...

Monday, January 23, 2012

ချိုးကူသံ လမ်းကလေး (၃)

ကလေးရေတွေးနေခဲ့သလား။လမင်းကြီးဟာအဝေးကြီး ... လို့ ။ကလေးရေဆွေးနေခဲ့သလား။သက်တံကြီးဟာအဝေးကြီး ... လို့ ။တွေးမနေနဲ့ တော့ကလေးရယ်။ကလေးရဲ့ အနားမှာငှက်ကလေးတွေတေးဆိုနေရင်အဲဒါ ... မဝေးလို့ ပေါ့ ။ဆွေးမနေနဲ့ တော့ကလေးရယ်။ကလေးရဲ့ အနားမှာလေညင်းကလေးတွေပြေးဆော့နေရင်အဲဒါ ... မဝေးလို့ ပေါ့ ။ကဲ ... မျက်လုံးဖွင့်ကြည့်လိုက်စမ်းကလေးရဲ...

Saturday, January 21, 2012

ချိုးကူသံ လမ်းကလေး (၂)

ဒီလမ်းမှာကံ့ကော်ပွင့်တယ်ငုဝါပွင့်တယ်စိန်ပန်းပွင့်တယ်။ဒီလမ်းမှာသေပန်းလည်း ပွင့်ခဲ့တယ်။ဒီလမ်းကို ခွာကြည့်ရင်သွေးစီးသံကြားမယ်။သင်တို့ သစ္စာကြီးရင်မြေကြီးအောက်က ကြယ်တွေတောက်ပ ရှင်ပြန်မယ်။ဒီနေ့ “ငါနဲ့ မတူ၊ ငါ့ရန်သူ” ခေတ်ကုန်ပြီ။သို့သော်လေစုန်တော့ မစီးနဲ့ ။အမြဲဆန်တက်နေမှတို့ အလံ။ ။(ကျော်ကိုကိုနှင့် ၂၀၀၇...

Tuesday, January 17, 2012

ချိုးကူသံလမ်းကလေး

ဒီလမ်းကနရသိန်ကိုသွားတဲ့လမ်း မဟုတ်နရသိန်က ပြန်တဲ့လမ်း။ဒီလမ်းကိုသရက်ဆိပ်ကမ်းကနေပင်လုံစခန်းရောက်အောင်ဆက်လှမ်းရမယ်။ဒီလမ်းအခမ်းနားဆုံး။ပန်းခင်းတွေမြင်းစီးရင်းမနင်းမိစေနဲ့ ။ ။(မင်းကိုနိုင်နှင့် ၈၈ ရဲဘော်များသို့)အောင်ဝေးဇန်န၀ါရီ ၁၇၊ ၂...

Sunday, January 1, 2012

မျက်ရည်တေး

ကျွန်တော့်သားကပြောတယ်။"ဖေဖေ ...ခွေးကလေး သေသွားပြီ ..." တဲ့။ခါတိုင်းညနေခင်းနဲ့ မတူကျွန်တော့်သားရဲ့ မျက်ဝန်းမှာတိမ်တွေနိမ့်ဆင်းသွားပြီ။ကျွန်တော် ...အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကိုအတောင်ပံ တပ်ပေးမိတယ်။ပန်းတွေ လှပနေခဲ့သလားပြောပါ ...။လေညင်းတွေ ဝင်းပနေခဲ့သလားပြောပါ ...။နှလုံးအိမ်အတွင်းမှာငှက်တစ်ကောင် စီးဆင်းနေပုံမမြင်ရ...