Friday, February 7, 2014
ရ ာ သီ ေ ပြာ င်း ချိ န် သ တိေ ပး ချ က်
အဲဒီကစပြီး
လမ်းက ကျဉ်းသွားတော့တာပဲ။
နို့ … တဲ့
သောက်ဖို့ လိုရင်တော့
နို့ သောက်ပါ
နောက်သို့ တော့ပြန်မဆုတ်ပါနဲ့ ။
ရောမမြို့ ကြီးတော့မသိ
နေပူတော်ကတော့
နေ့ ချင်းညချင်းဆောက်ခဲ့တာပဲ။
ရွှေဂုံတိုင်မှာတော့
ရုံးဆောက်ဖို့ ရာ အလှူခံနေရ။
အမည်မဖော်လိုသူ ကဗျာဆရာအောင်ဝေး
အမေရိကန်ဒေါ်လာ တစ်ရာ
နတ်လူသာဓုခေါ်ခြင်းသီးခံပါ။
သားသမီးမကောင်း
မိဘခေါင်း
တပည့်မကောင်း
ဆရာ့ ခေါင်း
မျိုးစောင့်မကောင်းတော့
ဗိုလ်စိန်မှန်ခေါင်း။
“၀” သုံးလုံးမကောင်းတော့
ဘိုးဘိုးအောင်ခေါင်း။
ခြေဥပြင်မယ့် လူထုတွေ
ကျန်းမာရေးကို ဂရုစိုက်ကြ။
ခြေဥပြင်မယ့် ရဲဘော်တွေ
ကျန်းမာရေးကို ဂရုစိုက်ကြ။
ဒေါ်ခင်စောဌေး(ရေနံချောင်း)
ကွယ်လွန်ရှာပြီ။
ဒေါ်ခင်ဝိုင်း(ဇီးကုန်း)
ကွယ်လွန်ရှာပြီ။
ဒီချုပ်အဖွဲ့ ဝင်တွေ
အသက်ရှည်ဖို့ လိုသည်။
ဒီချုပ်ကိုဝန်းရံသူတွေ
အသက်ရှည်ဖို့ လိုသည်။
ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ဖို့ လိုသည်။
စစ်အာဏာရှင်စနစ်
မြေမြှုပ်ပစ်ဖို့ လိုသည်။
ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ရမည်။
မြေသိမ်းလယ်သိမ်းအစိုးရ
ကျဆုံးရမည်။
နယ်လှည့်ပါးရိုက်အစိုးရ
ကျဆုံးရမည်။
ထမင်းတစ်နပ်လျှော့ စားအစိုးရ
ကျဆုံးရမည်။
အလုပ်သမားသပိတ်
လယ်သမားသပိတ်
သပိတ်စုံရင်
သူပုန်ထမည်။
သူပုန်ထရင်
ဂဠုန်ကြွမည်။
မြစ်ဆုံထိ
ဓားကြည့် ဟေ့။
ဧရာဝတီထိ
ဓားကြည့် ဟေ့။
နာဂစ်ဥပဒေ
အလိုမရှိ။
မျိုးစောင့်ဥပဒေ
အလိုမရှိ။
ဆောင်းနှောင်း နွေဦး
ရာသီ ကူးချိန်
မရောင်ရာဆီလူး
တောင် တီတူးတွေ
သာကူး နှာဘူး
နေရာရူးမယ်။ (သတိ)
စပ်ကူး မပ်ကူး
အဖျားအနာ ထူးမယ်။ (သတိ)
လေစိမ်း တိုက်ခတ်
အအေး ပတ်မယ်။ (သတိ)
အခန့် မသင့်ရင်
တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော် (နှင့်)
မသွဲ့ သွဲ့ ဝင်း (ပါ) မြန်မာပြည်သူ သန်း(၆၀)အမှု
အနည်းနဲ့ အများ
သောက ရောက်မယ်။ (သတိ)
မိတ်ဆွေ-
သောက နဲ့  အအေးမိခြင်းအတွက်
အရက် နှင့် ရေ
ဆတူရော၍ သောက်ပါလေ။     ။
ေ အ ာ င္ ေ ၀ း
(ဖေဖော်ဝါရီ ၆ – ၂၀၁၄)
Related Posts:
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၂ ) သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့ တစ်ခါတစ်ရံမှာ နည်းပရိယာယ်ရေး အရှုံးပေးရကောင်း ပေးရတတ်တယ်။ နိုင်ငံရေးမှာ ဒီလိုဆိုတယ် မမခင်ဦးစံပယ်။ စစ်ရေးခြောက်စောင်တွ… Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၆ ) " ဗ " ငါးလုံး သိလား မမခင်ဦးစံပယ်။ မမခင်ဦးစံပယ် " ဗ " ငါးလုံး ဗထက်ခြိုက် ငါးလုံး သိလား။ ကျနော်တို့ဘဝတစ်ခုလုံး " ဗ " ငါးလုံးနဲ့ တည်ဆောက်ခဲ့တာပါ မမခင်… Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၈ ) အပြာရောင်ဗော်လ်ရှီဗစ် တဲ့လား မမခင်ဦးစံပယ်ရယ်။ ကျနော့်ကိုယ်ကျနော်လေ အပြာရောင်ဗော်လ်ရှီဗစ် တဲ့ ကျနော့်ကိုယ်ကျနော်လေ။ ဗော်လ်ရှီဗစ်တော့ ဗောလ်ရှီဗစ်ပါပဲ … Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း (၇) ဗန်းမော်တင်အောင်က ဒဂုန်တာရာကို ပြောတယ် မမခင်ဦးစံပယ်။ မမခင်ဦးစံပယ် ဗန်းမော်တင်အောင်က ဒဂုန်တာရာကို "ကိုဌေးမြိုင်" တဲ့ "ရန်သူက သေစေချင်တဲ့အခါ မသေအောင်… Read More
  • သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၁ ) ဒီမှာ လွမ်းလို့ သေတော့မယ် မမခင်ဦးစံပယ် ရေ။ မယုံဘူးလား တစ်ညလုံး မအိပ်တဲ့ နယူးယောက်မြို့ကြီးကတောင် သိတယ်။ ဘယ်အထိတောင် လွမ်းသလဲဆို သေလောက်အောင်ပါပဲ မမ… Read More
0 comments: