Saturday, February 28, 2015
ငါ တို့  ဆ က် ချီ တ က် မှ ဖြ စ် မ ယ်ေ ကျာ် ကို ကို
(မန္တလေးမှ လက်ပံတန်း၊ လက်ပံတန်းမှ ရန်ကုန်)
AN EPIC MARCH FROM MANDALAY TO RANGOON
 မိန်းမလျာဆန်ဆန် တန်ပြန်ဆန္ဒပြနေတဲ့
အောက်တန်းစားအစိုးရနောက်လိုက်ခွေးတွေ
အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
အစိုးရကိုယ်တိုင်က မိန်းမလျာအစိုးရမို့ 
အစိုးရနောက်လိုက်ခွေးတွေလည်း ခွေးမလျာတွေပဲပေါ့ 
အဲဒီ ခွေးမလျာ ခွေးမသာတွေ အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဗမာပြည်မှာ နာဇီတွေကများ
ဗမာပြည် သပိတ်ပွဲစားတွေကမရှား
ဝီတဂူ ကနေ အခုနောက်ဆုံး ခိုင်မောင်ရည် အထိဗျား
ပွဲစားတန်းမှာ ရဲများမဖမ်း ကျွဲရမ်းနွားရမ်း ရမ်းနေသတဲ့
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဗျောက်ကိုင်တွေ မျောက်မှိုင်မှိုင်နေတဲ့ လောက်ကိုင်ကို
သောက်နိုင်စားနိုင် အစိုးရဒေါက်တိုင်တွေ သွားနိုင်သလို
မိတ်ဆုံ သပိတ်စုံ သူပုန်ထမယ့်
တို့ရဲ့ဒဂုံညတွေဆီ စုန်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ်ကျော်ကိုကို။
လှေနံဓားထစ် စစ်ကျွန် တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခများ
လှေနံနှစ်ဖက်နင်း စစ်ကျွန် တက္ကသိုလ်ဆရာ၊ ဆရာမများ
ခြံစည်းရိုးခွထိုင် စစ်ကျွန် တက္ကသိုလ်ဘွဲ့ ရဆိုသူများ
အနာဂတ်နိုင်ငံတော်သစ်မှာ အလစ်ဝင်မလာစေဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
ငါးစိမ်းသည်က ပညာရေးဝန်ကြီးဖြစ်
ဖိုးတွမ်တီးသမားက ပြန်ကြားရေးဝန်ကြီးဖြစ်
ခေတ်သစ်မှာ ဒါမျိုးတွေဖြစ်မလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
နိုင်ငံတော်သူတောင်းစားအကြံပေးအဖွဲ့ တဲ့
တကယ်က သူတောင်းစားပေးတဲ့အကျန် စားတဲ့အဖွဲ့ ပဲ
ခေတ်သစ်မှာ ဒါမျိုးတွေရှိမလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဇွတ်ခေါ်တဲ့ လွှတ်တော်က အမြဲချွတ်ချော်တယ်
အချိုးမကျတဲ့ အစိုးရက သူခိုးမကျ နွားသိုးမကျ
သေနတ်တကားကား ဓားမနောက်ပိတ်ခွေးများကလည်းတစ်မှောင့်
ခေတ်သစ်မှာ သင်းတို့ကြောင့် ပြည်သူတွေမစိုးနှောင့်ရအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
မန္တလေးမှ ရန်ကုန်
ပညာရေးသပိတ်စစ်ကြောင်းချီတော့
တောင်သာနန်းမြင့်တောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ပြည်ယုန်ဖြူတောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ရန်ကုန်ဝင်လာရင်ဘယ်သူတွေတားဦးမလဲ
အဲဒီ အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲပေါ့ 
သင်းတို့ တားမရ၊ ကားခနဲကျသွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကွန်ဒုံ ရက်လေးဆယ် ရုပ်ရှင်နဲ့ အစိုးရအခက်
လောက်ကိုင်အရေးကြောင့် တရုတ်ပြေးအစိုးရဖြစ်တော့မယ့်
အစိုးရအခက်
(၁၉၃၉ တုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်တဲ့)
အခု အစိုးရအခက် ကျောင်းသားအချက်ပေါ့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
လယ်သမားတွေလည်း ငြာသံပေးဟေ့
အလုပ်သမားတွေလည်း ငြာသံပေးဟေ့
ကျောင်းသား၊ လယ်သမား၊ အလုပ်သမား
ဗဟိန်းသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
ဆရာစံသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
သခင်ဖိုးလှကြီးသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
တပ်ပေါင်းဖွဲ့ တိုက်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ဝန်ထုပ်ဝန်ပိုးတွေကိုထားခဲ့
ဥပမာ- ဓားအိမ်ကိုထားခဲ့၊ ဓားပဲယူခဲ့
လေးနဲ့ မြားပဲယူခဲ့၊ မြားကျည်တောက်တွေထားခဲ့
ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ကဒေါင်းရဲ့အလှတရားကို ခဏထားခဲ့
ခွပ်ဒေါင်းရဲ့ ရဲစိတ်ရဲမာန်သာသယ်ခဲ့
အရေးကြုံတဲ့အခါ ကရုံပဲကတတ် မခွပ်ရဲ မခွပ်တတ်ရင်
တို့ ကျောင်းသားအစဉ်အလာရိုင်းတော့မပေါ့ 
တို့ ကျောင်းသားသမိုင်း မကွေးရအောင်
လာ- ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ခြေထောက်တွေကို နိုင်ငံရေးပါတီတွေကစောင့်ကြည့်နေတယ်
သူတို့ မှားတယ်
ငါတို့ က နှလုံးသားနဲ့ ရင်ဘတ်နဲ့ ချီတက်နေတာ
ငါတို့ လက်ပံတန်းမှာရပ်နားသွားမယ်လို့ အစိုးရကတွက်နေတယ်
အစိုးရသွက်သွက်ခါအောင်မှားတယ်
ငါတို့ ရန်ကုန်ကို အစိုးရမတားခင်ကတည်းကရောက်နှင့်နေပြီ
နိုင်ငံရေးပါတီတွေ အရှက်ပြေသွားအောင်
သူခိုးဓားပြ အစိုးရကြီး အကြောက်ပြေသွားအောင်
ငါတို့ အကြမ်းမဖက် (အကြမ်းဖက်တာလည်းလက်မခံ)
ရန်ကုန်မှာ လှမ်းမြေချီ ခြေညီညီချရအောင်
ကျော်ကိုကို ငါတို့ ဆက်ချီတက်မှဖြစ်မယ်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
အဆိပ်ပင်ရေလောင်းမဖြစ်ဖို့ 
စစ်အာဏာရှင်စနစ်ဆိုးအမြစ်ပြတ်အောင်
ငါတို့ အက်စစ်တစ်ခွက် ပိုလောင်းမှဖြစ်မယ် ကျော်ကိုကို။
ရန်သူအားရ ကျွန်ပါးဝမဖြစ်ဖို့ 
စစ်ကျွန်ပညာရေးအမြစ်ပြုတ်သွားအောင်
ငါတို့ ကျူပင်ခုတ်ကျူငုတ်မချန် အပြုတ်နှံမှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ကျောင်းသားတွေလွတ်မြောက်ရုံနဲ့
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်တယ်မဆိုနိုင်ဘူး
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်မှ
ငါတို့ ကျောင်းသားတွေ အမှန်လွတ်မြောက်မယ်
ပြည်သူ့ ဘ၀လွတ်မြောက်ရေး
ငါတို့ ကျောင်းသားသွေး ခွပ်ဒေါင်းသွေးနဲ့ 
ဆေးခြယ်ရမယ်
အဲဒီအခါ
ဗမာတစ်ပြည်လုံးနီ
တောရိုင်းတော့ မြေရိုင်းသတဲ့
တောရိုင်းမြေရိုင်းတော့ ပန်းလည်းရိုင်းသပေါ့
စကားရိုင်းရိုင်း တရားနဲ့ နှိုင်းရရင်
မုဒိမ်းအကျင့်ခံရသူက
မုဒိမ်းကျင့်တဲ့သူကိုစွဲလမ်းတမ်းတနေတာရှိတယ်
စိတ်ပညာမှာ STOCKHOLM SYNDROME
မြန်မာလို မမြ၀င်းရောဂါဆိုတယ်
(နားနဲ့မနာ ဖ၀ါးနဲ့နာ)
အစိုးရမုဒိမ်းမုဆိုးနဲ့ 
မုဒိမ်းသားကောင် ဖောက်ပြန်အချောင်သမား
နိုင်ငံရေးစားဖားတွေ
ထားခဲ့တော့ ကျော်ကိုကိုရေ ထားခဲ့တော့
ရာဇ၀င်ထဲမှာ မမြ၀င်း (တွေ) ကို ထားခဲ့တော့။    ။
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅။
0 comments: