ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ့ကိုဂုဏ်ပြုမြှုပ်နှံပရစေ။
ညောင်လေးပင်မြို
့က သုသန်ကလေးရေ
ငါ့ အဖေကို
ငါမြှုပ်နှံပရစေ။
အခုတော့
အဖေက တပ်ကြပ်ကြီးအေးမောင်(ငြိမ်း)
(ကွယ်လွန်)
အဖေ့သားကျနော်က
ကဗျာဆရာအောင်ဝေး (ပြည်ပြေး)။
သားနဲ့ အဖေ
တစ်မြေစီ တစ်ရေစီ
အဖေနဲ့ သား
ဘဝခြားခဲ့ပြီ။
ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ
့အမေကိုထားခဲ့တယ်။
နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်တယ်။
အခု အဖေက
အားလုံးကိုထားသွားပြီ။
ကျနော်ပြန်လာတဲ့အထိ
စောင့်ပါဦးတော့လားအဖေရယ်
တစ်နေ့ ကျနော်ပြန်လာမှာပေါ
့။
အဖေ ကျနော့်ကိုမျှော်နေမယ်
အဖေ ကျနော့်အကြောင်းတွေးနေမယ်
ကျနော်သိတယ်။
ကျနော်အချိန်မီပြန်မလာနိုင်တာ
ခွင့်လွှတ်ပါအဖေ။
အခုတော့ ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။
ညောင်လေးပင်မြို
့က သုသန်ကလေးရေ
ငါ့ အဖေကို
ငါမြှုပ်နှံပရစေ။
အမေရေ
အဖေ့ကို ဆီးကြိုပါတော့။
အဖေရေ
ကျနော့်ကိုခွင့်လွှတ်ပါတော့။
သားဟာ အဖေ့ကိုဆန်
့ကျင်ခဲ့တယ်
သားကိုခွင့်လွှတ်ပါအဖေ။
စစ်တပ်ဟာ
စစ်အာဏာရှင်စနစ်ကိုကာကွယ်ပေးထား
ကျနော် စစ်တပ်ကိုဆန်
့ကျင်တယ်။
စစ်တပ်ကိုဆန်
့ကျင်တဲ့ကျနော်
အဖေ့ကိုဆန်
့ကျင်သလိုဖြစ်ခဲ့တယ်။
အခုတော့ အဖေ့ကိုကျနော်အားနာတယ်
အဖေက သားကို
ဘယ်တုန်းကမှ
မဆန့် ကျင်ပါဘူး။
အမေရေ
အဖေ့ကို ဆီးကြိုပါတော့။
အဖေရေ
သားကိုခွင့်လွှတ်ပါတော့။
တရုတ်ဖြူတွေကိုတိုက်ခဲ့လို
့
အဖေ့ရင်ဘတ်မှာ
ပြည်ပရန်နှိမ်တံဆိပ်ကလေး
တိုင်းပြည်ကချိတ်ပေးဖူးတယ်။
ပြည်တွင်းစစ်ကြီးထဲက
ညောင်လေးပင်မြို
့လေးရဲ့ စစ်တန်းလျားတစ်ခုမှာ
ကျနော်မွေးခဲ့တယ်။
တော်လှန်ရေးကောင်စီခေတ်မှာ
အဖေက ဗ က
ပ တွေကိုတိုက်တဲ့
အစိုးရစစ်သား။
မ ဆ လ ခေတ်ကိုရောက်တော့
ကျနော်က အစိုးရကိုတိုက်တဲ့
ဗ က ပ (မြေအောက်)ကျောင်းသား။
အဖေက တပ်မတော်ပါတီကော်မတီ
ကျနော်က ကျောင်းသားခေါင်းဆောင်ဘာမထီ။
ကျနော်ဝန်ခံပါတယ်
ကျနော့်နိုင်ငံရေးဟာ
မ ဆ လ စစ်အစိုးရကိုအလဲမထိုးနိုင်ခဲ့ဘူး။
ကျနော် ပထမဆုံးအကြိမ်
အကျဉ်းထောင်ထဲရောက်သွား
ဆိတ်ဖလူးရနံ
့ (၁၉၇၆)။
သံတိုင်ကြားက
ကျောင်းသားခေါင်းဆောင်
သားဖြစ်သူကို
သူ့ အဖေ တပ်မတော်ပါတီကေဒါက
ထောင်ဝင်စာ
လာတွေ့ ရှာတယ်လေ။
ကျေးဇူးတင်ပါတယ်အဖေ
နရသိန်ထဲမှာ
သားဟာပျော်ပါတယ်။
ကျနော့်ကြောင့်
အဖေ့ကို
စစ်တပ်က အငြိမ်းစားပေးလိုက်ပေါ
့
ကျနော်စိတ်မကောင်းပါဘူးအဖေ။
ရာဇဝင်တွေဖြတ်သန်းသွားတယ်
ကံကြမ္မာရထားကြီးပေါ်မှာ
အဖေ အငြိမ်းစားစစ်မှုထမ်းဟောင်းကြီးဖြစ်လာတယ်။
ကျနော် ထောင်ကလွတ်လာတယ်
ကျနော် မြစ်ဝကျွန်းပေါ်ကိုပြန်တည်ဆောက်တယ်
ကျနော်အိမ်ထာင်ကျတယ်။
ဟိုတုန်းက
ကျောင်းသားသူပုန်တစ်ယောက်ရဲ
့အဖေ
နောက်တော့
အဖေဟာ ကဗျာဆရာရဲ
့အဖေ ဖြစ်လာခဲ့ပေါ့ ။
ကဗျာဆရာကမွေးတဲ့
ကလေးတွေရဲ့ 
ဘိုးအေဖြစ်လာခဲ့ပေါ
့။
ရှစ်လေးလုံးအရေးတော်ပုံမှာ
တိုက်ပွဲဝင်နေတဲ့သူ
့သားကဗျာဆရာရဲ့ ဓာတ်ပုံ
သတင်းစာထဲကဖြတ်ပြီး
သူ့ အဖေစစ်သားဟောင်းကြီးသိမ်းပြန်သတဲ့။
ဟိုတုန်းက
တပ်မတော်နေ့ အခမ်းအနားတွေ
သူ့ စစ်ဝတ်စုံအဟောင်းကြီး
ထုတ်ထုတ်ဝတ်တတ်တဲ့မင်းတို့ အဖေ
ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာထုတ်ဝတ်တာမတွေ
့တော့ဘူး
အမေ ပြောပြဖူးတယ်။
ကျနော်ကလည်းကျနော်
လူထုတော်လှန်ရေးထဲမှာပျော်တယ်။
ကျနော် ဒုတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် ဒုတိယအကြိမ်ထောင်ကပြန်ထွက်။
ကျနော် တတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် တတိယအကြိမ်ထောင်ကပြန်ထွက်။
ယဉ်ကျေးမှုရှေ
့တန်းစစ်မျက်နှာမှာ
ကျနော်က အရေးတော်ပုံတပ်သားတစ်ယောက်။
ကျနော့်ကဗျာတွေ
အဖေဖတ်မှာပဲ
(အမေက အမြဲဖတ်တယ်လေ)
ကျနော့်အနာဂတ်ကို
အဖေကျေနပ်မှာပဲ
ကျနော့်အိမ်ထောင်ရေးလည်း
အဖေစိတ်ချမှာပါ။
ကျနော့်သား
အဖေ့မြေးတွေ
အင်ဂျင်နီယာ၊
ကွန်ပျူတာ ဘွဲ့ အသီးသီးရပြီ။
ကျနော့်ဇနီး
အဖေ့ချွေးမ
“ပါရမီဖက်ခင်မွန်” ဘွဲ့ ရပြီ။
မြေးတစ်ယောက်ရဲ
့ဘွဲ့ နှင်းသဘင်
စည်တော်ယွန်းတဲ့အခါ
မျက်ရည်ကျတာ
အဲဒီစစ်သားဟောင်းဘိုးအေကြီးပေါ
့။
ညောင်လေးပင်မှာနေတဲ့အဖေဟာ
လွမ်းတဲ့အခါ
ရန်ကုန်မှာနေတဲ့သားဆီကိုလာတယ်။
ဖအေနဲ့ သား
ရေဒီယိုကလေးတစ်လုံးအလယ်ကောင်ချ
တစ်ညလုံး
ခေါင်းချင်းဆိုင်နားထောင်ကြ။
သားနဲ့ အဖေ
ဒေါ်အောင်ဆန်းစုကြည်ရဲ
့ရဲစွမ်းသတ္တိ
ဓနုဖြူကနေ
ဒီပဲယင်းအထိ
ထင်မြင်ချက်ချင်းညှိကြ။
“ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့ သည်
ပရွက်ဆိတ်တမျှ
သေးငယ်သွားကြကုန်၏” တဲ့
ဆရာမောင်သာရ
ရေးခဲ့ဖူးတယ်။
“တချို့ တွေ နေနိုင်လွန်းတယ်”
ခိုင်ထူးသီချင်းလိုပဲ။
ဒီနေ့ ခေတ်မှာ
သူရဲကောင်းလည်းများသလို
သစ္စာဖောက်လည်းပေါတယ်။
ဒီနေ့ ခေတ်မှာ
ကိုယ်ကျိုးစွန်
့အနစ်နာခံသူလည်းရှိ
အချောင်သမားစားဖားလည်းရှိ။
ကျနော် ဘာကောင်လဲ
ကိုယ့်ကိုယ်ကိုယ်
ပြန်ပြန်မေးနေရတယ်။
ကျနော် ဘာလဲ
ဘယ်လဲ
အဖေမမေးခင်
ကျနော့်ကိုယ်ကျနော်
အရင်မေးရတယ်။
အဖေနဲ့ နောက်ဆုံးတွေ့လိုက်ရ
ရွှေဝါရောင်အထွေထွေသပိတ်ကြီးအစ။
အဖေက ကျနော့်ကို
ကျော်သူအကြောင်းမေးတယ်။
အဖေက ကျနော့်ကို
ဇာဂနာအကြောင်းမေးတယ်။
အဖေက ကျနော့်ကို
ကျနော့်အကြောင်းမမေးဘူး။
ဒီလိုနဲ့ 
ရွှေတိဂုံသပိတ်စခန်းဖြိုခွဲခံရ။
ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ
့အမေကိုထားခဲ့ရ။
နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်ပြန်ခဲ့။
အခု အဖေက
အားလုံးကိုထားသွားခဲ့ပြီ။
သားပြန်လာတဲ့အထိတော့
စောင့်ပါဦးလားအဖေရယ်
သား တစ်နေ
့ပြန်လာမှာပေါ့ ။
တစ်နေ့ 
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်းရောက်မှာပေါ
့။
အခုတော့
ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။
“ဤနေရာတွင်
ကဗျာဆရာအောင်ဝေး၏ဖခင်
စစ်သားဟောင်းကြီးလဲလျောင်းသည်”
ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ ကောင်းရာသုဂတိရောက်ပါစေ။
။
(၂ဝ၁၁၊ ဇူလိုင်
၂ဝ အဖေကွယ်လွန်သည်)