(art work - than
htay maung)
ခေတ်ကြီးက
ဟာသပဲ။
ခေတ်ကြီးက
ဟာသကိုဖြစ်လို့
ခေတ်က
ဟဿရသကိုပေးတယ်။
စစ်က
ဘယာနကရသကိုပေးတယ်။
ခေတ်
သင်္ခါရ
စစ်
သင်္ခါရ
အချစ်သာ
အစဉ်ထာဝရပါခင်။
ခေတ်ကြောင့်
ကြေ၊ စစ်ကြောင့် သေ
စစ်ဘေးရှောင်
ဒုက္ခသည်စခန်းတွေမှာ
စစ်ခွေးက
ဟောင်တယ်။
အချစ်က
သေ၊ စစ်က ရှည်
သေကွဲတွေ၊
ရှင်ကွဲတွေ
စစ်ဒဏ်သင့်ပန်းကလေးတွေ
နွမ်းနယ်နေတဲ့နှလုံးသားတွေ
ဗုံးသံ၊
အမြောက်သံ၊ စက်သေနတ်သံတွေ
ဟောဟို
ဝေးလံလံ
တိုင်းရင်းသားတွေရဲ့
တောယံ
တောင်ယံထဲမှာပဲ ရှိတာလား။
ခေတ်ကြီးက
ဟာသပဲ ခင်။
စစ်ဘေးဒဏ်က
ရန်ကုန်၊
မန္တလေး မြို့ကြီးတွေလယ်ကောင်မှာလည်း သင့်တာပဲ။
စစ်ဘေးဒဏ်က
ပန်းခြံထဲ
ကဗျာရွတ်ပွဲကိုလည်း သင့်တာပဲ။
အဲဒီ
စစ်ဘေးဒဏ်က
ရန်ကုန်တက္ကသိုလ်ထဲကိုလည်း
ရောက်လာတယ်လေ။
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်က
စစ်ပွဲတွေရပ်ဖို့
များများပြောပေးကြပါတဲ့။
ဟော
အခု ပြောတဲ့ကျောင်းသားတွေ
ကဗျာဆရာတွေကို
စုရဲ့
ရဲတွေကဖမ်းတယ်။
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်က
ကျောင်းသားတွေနိုင်ငံရေးလုပ်ရမယ်လို့ပြောတယ်။
ဟော
အခု စုရဲ့လူတွေက
ကျောင်းထဲမှာနိုင်ငံရေးမလုပ်ရ
အမိန့်ထုတ်သတဲ့။
ဟ
ဟ ပဲ ရမယ်
ဒေါက်တာသိန်းဝင်းရယ်။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ
သမ္မတဖြစ်ကုန်မှာပေါ့ ။
ဟ
ဟ ပဲ ရမယ်
အစိုးရမင်းများရယ်။
ခေတ်ကြီးက
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်ကိုတော့
အားလည်းနာတယ်၊
သနားလည်း သနားတယ်။
စစ်ပွဲတွေ
မရပ်ရင်
စီးနေတဲ့မြစ်တွေ
ရပ်တံ့သွားလိမ့်မယ်။
စစ်ပွဲတွေ
မရပ်ရင်
ပျံသန်းနေတဲ့ငှက်တွေလည်း
အတောင်ပံညောင်းတော့မယ်။
စစ်ပွဲတွေ
မရပ်ရင်
အနာဂတ်တေးသံတွေလည်း
ဆွံ့အ သွားတော့မယ်။
စစ်ပွဲတွေ
မရပ်ရင်
(ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့)
လူထုရဲ့ရုန်းကန်သံတွေလည်း
သေဆုံးသွားလိမ့်မယ်လေ။
စစ်ပွဲတွေ
ရပ်။
သေနတ်ကိုင်ထားတဲ့လက်တွေနဲ့
စာရွက်ပေါ်
လက်မှတ်ထိုးတယ်။
ဟ
ဟ ပဲ ရမယ်
ဂီးဇောင်ဂျောင်းတို့ရယ်။
သေနတ်မပါတဲ့
ကျောင်းသားတွေရဲ့လက်က
စစ်ပွဲတွေကို
ရပ်နိုင်တယ်။
သေနတ်မပါတဲ့
ကဗျာဆရာတွေရဲ့လက်က
စစ်ဒဏ်သင့်ပြည်သူတွေကို
ကယ်တင်နိုင်တယ်။
စစ်ပွဲတွေ
ရပ်။
တို့ချစ်ခြင်း
ကွင်းအောင်တစေ
နေ့တိုင်းမွှေတဲ့
သက်ကြီးဝန်တို
မြင်တိုင်းမုန်းစရာ့
“စစ်ချုပ်ဗိုလ်”
ရေလိုခန်းခြောက်ပါစေသား။
။
ေ
အ ာ င္ ေ ဝ း
(ေမ
၃၁- ၂ဝ၁၈)