Sunday, May 20, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၈ )



"ပြည်တွင်းစစ် အနှစ် ခုနစ်ဆယ်၊ တော်ပြီ"
"ပြည်တွင်းစစ် အနှစ် ခုနစ်ဆယ်၊ တော်ပြီ"
"ပြည်တွင်းစစ် အနှစ် ခုနစ်ဆယ်၊ တော်ပြီ"

မရပ်နဲ့၊ အဲဒီ အော်သံတွေ မရပ်နဲ့။

လက်နက်ကိုင်နိုင်ငံရေးခေတ်
ကုန်ပြီ။
လက်နက်ကိုင်နိုင်ငံရေးဆိုတာ
အဆိပ်တွေစီးဆင်းနေတဲ့မြစ်
ခေတ်ကုန်ပြီ။
ပြည်တွင်းစစ်ဆိုတာ
သစ်ပင်ပြောင်းပြန်စိုက်တာ။

ဟိုတုန်းက ဦးနေဝင်း သူပုန်မွေးပြီး
အစိုးရလုပ်ခဲ့တယ်။
အခု ဘယ်သူတွေ အစိုးရမွေးပြီး
သူပုန်လုပ်နေသလဲ။

မရပ်နဲ့။
ပြည်တွင်းစစ်ကိုမုန်းတီးတဲ့နှလုံးသားတွေ၊ မရပ်နဲ့။
မရပ်နဲ့။
ပြည်တွင်းစစ်ကိုဆန့်ကျင်တဲ့အမှန်တရားတွေ၊ မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးတောင်းဆိုတဲ့လူထုဆန္ဒတွေ၊ မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးကိုတန်ဖိုးထားတဲ့အချစ်စိတ်တွေ၊ မရပ်နဲ့။

မရပ်နဲ့။
စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်အကူအညီတွေ၊ မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲတွေ၊ မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးဂီတတေးသံတွေ၊ မရပ်နဲ့။

မရပ်နဲ့။
စစ်သားမိန်းမ မုဆိုးမတွေအပေါ် စာနာမှုတွေ၊ မရပ်နဲ့။
မရပ်နဲ့။
သူပုန်မယား မုဆိုးမများအပေါ် ထောက်ထားမှုတွေ၊ မရပ်နဲ့။

မရပ်နဲ့။
မရပ်နဲ့။
အာဏာရှင်စစ်ဗိုလ်ချုပ်တွေ တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ မရပ်နဲ့။

မရပ်နဲ့။
မရပ်နဲ့။
အာဏာရှင်သူပုန်ခေါင်းဆောင်တွေ တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ မရပ်နဲ့။

မရပ်နဲ့။
စစ်ပွဲတွေရပ်ဖို့ပြောတဲ့သူတွေကိုဖမ်းတဲ့အစိုးရကိုလည်းအပြစ်ပြောဖို့
မရပ်နဲ့။

ပြည်တွင်းစစ် အနှစ်ခုနစ်ဆယ်
တော်သင့်ပြီ ခင်ရယ်။ ။


ေ အ ာ င္ ေ ဝ း
(ေမ ၂ဝ- ၂ဝ၁၈)

Related Posts:

0 comments: