Sunday, April 29, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၇ )




တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ သေရင်
ငရဲ မလားဘူး။

တိုင်းပြည်နဲ့
လူမျိုးကို ချစ်တဲ့စိတ်ဆိုတာ
အတိတ်ကို "ရှင်" စေတဲ့ စိတ်ပေါ့ ။

ပစ္စုပ္ပန်တွေ မသေဖို့
အတိတ်တွေ ရှင်နေရမယ်။

ဆဲဗင်းဂျူလိုင်ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။

၇၄-၇၅-၇၆ ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။

တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အတိတ်ကို ရှင်သန်စေတယ်။

အတိတ်တွေ ရှင်သန်မှ
ပစ္စုပ္ပန်ဟာ ရှင်သန်မယ်။

ရှစ်လေးလုံးဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။

ရွှေဝါရောင်ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။

စစ်သံဖနောင့်အောက်က လွတ်မြောက်ရေး
ဒီအရေးဟာ
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတံ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ခြင်းမှာ
အရင်းခံတယ်။

တိုင်းပြည်ကို တကယ်ချစ်ရင်
သစ်ပင်ကလေး တစ်ပင်မှာလည်း
တစ်တောလုံးရဲ့ဝိညာဉ် ရှိတာပဲ။

လူမျိုးကို တကယ်ချစ်ရင်
စစ်မဖြစ်တဲ့ ညတွေမှာ
လမင်း သာမယ်။

တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင်
မီးပျက်တာ၊ ဘတ်စကားကျပ်တာလောက်ကို
အပြစ် မမြင်ပါဘူး။

တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အေးမြတဲ့ မိုးကြီးပေါ့ ။

အဲဒီ ချစ်မိုးကြီးရွာရင်
စစ်ဆိုးမီးတကာ ငြိမ်းမယ်။

အဲဒီ ချစ်မိုးကြီးရွာရင်
အမုန်းမီးတောက်တွေ
အဆုံးပြီးပျောက်မယ်။

တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အဓိပ္ပာယ်ရှိလာမယ် ခင်။ ။

ေ အ ာ င္ ေ ဝ း
ဧၿပီ ၂၉- ၂ဝ၁၈။

0 comments: