နိုင်ငံတော်ဟာ အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့
နိုင်ငံတော်ပေါ့ ။
ဒီနေ့မှာ
အချစ်ငှက်ဟာ မွေးဖွားလာတယ်
ဒီနေ့မှာ
အချစ်ငှက်တစ်ကောင်
လရောင်အောက်
မိုးသောက်တေး
ဆိုတယ်။
တကယ်တော့
သူရောက်နေတာ
အမှောင်ခေတ်ကြီးပဲ
သွေးချောင်းစီးနေတဲ့
ခေတ်ကြီးလေ။
သူ ဘယ်သိပါ
့မလဲ
စစ်ကိုမုန်းလို့
တိုက်ခဲ့တာ
သမ္မတအသစ်ကြီး
တက်လာတာ
သူ ဘယ်သိပါ
့မလဲ။
တစ်နေ့တည်း၊
တစ်နေ့တည်း
နေ့မှာ (ဒုတိယ)သမ္မတရွေး
ညမှာ အကယ်ဒမီပေး
တစ်နေ့တည်း၊
တစ်နေ့တည်း။
သူ ဘယ်သိပါ
့မလဲ
ကလေးတွေက
မသိဘူး ချစ်တယ်
လူကြီးတွေက
မသိဘူး စစ်ဖြစ်နေကြတယ်
သူ ဘယ်သိပါ
့မလဲ။
နိုင်ငံတော်ဟာ
အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့
နိုင်ငံတော်ပေါ့ ။
စစ်ဆိုတာ
မချစ်လို့ဖြစ်တာ
ချစ်ရင် မဖြစ်ပါဘူး။
မြစ်ဆိုတာ
ချစ်တတ်ရင်
ခေတ်ကြီးထဲ
တသွင်သွင်။
အချစ်နဲ့စိုက်ရင်
ကျောက်သားပြင်မှာလည်း
သစ်ပင်ဟာ
ရှင်တယ်။
အချစ်လက်နဲ့
ထိုးတဲ့ခေါင်းလောင်း
စက်သေနတ်
စိန်ပြောင်းသံထက် ချိုသာမယ်။
မချစ်တတ်ရင်
သွေးချင်းချင်းစိုနေတဲ့
နှလုံးသားလည်း
ပပ်ကြားအက်တာပဲ။
မချစ်တတ်ရင်
သေနတ်ပြောင်းက
ပန်းတွေ ဘယ်လိုပွင့်မှာလဲ။
မိုးခေါင်တောမှာ
မောတယ် အသက်ရယ်။
စစ်ကိုမုန်းပါ၊
မတိုက်ပါနဲ့
ငြိမ်းချမ်းရေးကိုချစ်ပါ၊
မဖျက်ပါနဲ့။
ဒီမနက်
ယာခရိုးက
ချိုးလင်းပြာငှက်ကလေး
မိုးခေါ်တေး
ဆိုတယ်။
အမုန်းတွေ
ရပ်
စစ်ပွဲတွေ
ရပ်။ ။
(ထူးအိမ်သင်သို့
…)
ေ အာ င်
ေ ဝ း
ဧၿပီ ၁- ၂ဝ၁၈
0 comments:
Post a Comment