Monday, June 18, 2018

ခ် စ္ လို့ ေ ရ း တဲ့ က ဗ် ာ ( ၁ ဝ )




အကယ်၍ ဇွန်လ(၁၉)ရက်နေ့တွင် … ။
ငါ့ သခင်
ငါ့ ရင်ဝ မှာ
လှိုင်းမ တစ်ငြိမ်။
အိမ်မိုးခေါင် မှာ
လရောင် တစ်ထိုး။
ရိုးခြေနက် မှာ
ရွက်သစ် တစ်ဝေ။
မြစ်ရေကြော မှာ
ပန်းလှေ တစ်မျှော။
လောကကမ်း မှာ
လွမ်းကြိုး တစ်နှောင်။
တောင်တံတိုင်း မှာ
မြင်းရိုင်း တစ်ပြေး။
လေးညှို့ကိုင်း မှာ
မြားကျိုင်း တစ်ဖြောင့်။
ငါ စောင့်ရှောက်မယ်
ငါ စောင့်ရှောက်မယ်
ငါ့ ကြောင့် … ။

သခင့် အိမ်ခေါင်မိုး
လရောင် မညှိုးစေရ။
ရိုးမတောကြီး
မီး မသင့်စေရ။
လောကသစ်ပျိုး၊ မြစ်ဆေးမိုး မှာ
(ခေတ် ဘယ်လောက် ဆိုးဆိုး)
ချစ်ကြိုး မပြေစေရ။
ငါ့ မြင်း ငါစိုင်း၊ ညမုန်တိုင်းထဲ
သမိုင်း မကွေးစေရ။
သက်တံ လှိုင်းခတ်၊ လေးကိုင်းကို ကွေး
လေးညှို့ကို ငင်ပြီးပြီ။
သားရဲရန် စဲ၊ မီးအိမ် ဆွဲ၍
အောင်ပွဲကို ပြင်ပြီးပြီ။

အိုဘယ့် အရှင်
ငါ့ သခင်
ရွာဝင် ခြေလှမ်း စ ပါလော့။ ။

ေ အ ာ င္ ေ ဝ း

Than Htay Maung’s art

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၇၇) ငြိမ်းချမ်းရေး ရဖို့ ဆိုရင် စစ်ရေးအမြင် မလို ချစ်ရေးအမြင် ပဲ လိုတယ် နိုင်ငံတော် နဲ့ ပြည်သူ ကို ချစ်ပါ လူကြီးမင်းတို့။ ။ အောင်ဝေး (နိုဝင်ဘာ ၁ ၊ ၂၀… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၀) ခေတ်ကြောင့် ကြေ၊ စစ်ကြောင့် သေ ကြွေနေတဲ့ ငြိမ်းချမ်းရေး ပန်းကလေးတွေ အချစ်ကြောင့်ပဲ ပြန် ဝေလာရမယ် မဟုတ်လား ကဗျာ့အိုးဝေကြီး ကိုငြိမ်းဝေ။ ။ အောင်ဝေး (… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၇ ၅ ) ဝေဖန် ရုတ်တမ်း၊ အောင်ဆန်းရုပ်ရှင် အောင်ဆန်းတံတား၊ မုန်းထား ဆန့်ကျင် အောင်ဆန်းရုပ်တု၊ မောင်းထု ငြိုငြင် ငါ " ေ အ ာ င် ဆ န် း " ၊ ငါ့လမ်း ငါ ပြန်ချ… Read More
  • OUR BELOVED EXILE ( 7 6 ) Dear protesters, To the barricades, Under the sun, arm in arm Shout "STOP CIVIL WAR!" AUNG WAY (10-29-19) … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၇ ၄ ) ရဲဘော် ကျေးဇူးသိတတ်သသူ အပေါင်းတို့ နိုင်ငံတော်ရဲ့ ဒုတိယအမည်နာမဟာ " ေ အ ာ င် ဆ န် း " ဖြစ်တယ် ရဲဘော်တို့ အမှောင်သန်း နေလို့ မရဘူး။ ။ အောင်ဝေး (အောက်… Read More

0 comments: