Friday, June 8, 2018

ေ တ ာ င် စ မု တ် က ၊ေ ထာ င် ထု ပ် မ ရ ရ င် ၊ေ ကြာ င် ကု တ် မှာ လားေ ဘ ဘီ



 
ဒဂုန်တာရာ ကစ
မောင်လေးအောင် အဆုံး
ပန်းတစ်ကုံးပဲ ဖြစ်ပါတယ်။ (သခွပ်နီ)
အသိက ဘဝကို
မပြဋ္ဌာန်းနိုင်ပါဘူး
ဘဝကသာ အသိကို ပြဋ္ဌာန်းတာဖြစ်တယ်။

ကျနော်တို့က ခေတ်ကို
မပြဋ္ဌာန်းနိုင်ပါဘူး
ခေတ်ကသာ ကျနော်တို့ကို ပြဋ္ဌာန်းတာပါ။

အခုနေ
မြန်မာကဗျာအကြောင်းပြောရင်
အလောင်းထမ်းပြီး ပြောရတော့မှာလား။

ကျနော် မောင်လေးအောင်အလောင်းကို
မထမ်းခဲ့ရဘူး
ကျနော် ဒဂုန်တာရာအလောင်းကို
မထမ်းလိုက်ရဘူး
အရမ်း ဝမ်းနည်းတယ်။

သမိုင်းကိုထမ်း၊ ကဗျာလမ်းမှာ
အလွမ်းအားအင် သစ်တော့ကွယ်။

ဖက်ဆစ်သံဖနောင့်
ကြိုးတိုက်ထောင့်မှာ
အချစ်ကြောင့်ပဲ ကဗျာဆရာဖြစ်ခဲ့တယ်။

စစ်အာဏာရှင်စနစ်
နေဝင်းခေတ်ကနေ
မြစ်ထဲမှာပေါလော
သူရဲဘောကြောင်တဲ့
ကဗျာကောင်သစ္စာဖောက်တွေလည်းရှိခဲ့။

ပေါ်တီယာ ရင်ခုန်သံ
နိုင်ငံတကာ
မြန်မာကဗျာ သူရဲကောင်းတွေလည်းရှိခဲ့။

ဘယ်သူ ဘာလဲ
ရာဇဝင်ဖြတ်သန်း
ဇာတ်ဝင်ခန်းမှာ
မင်း ဇာပန်းကွက်ထဲ ပန်းထိုးသူလား
နှင်းတောထဲ ကျောက်မီးသွေးပို့သူလား
ဖြေ။

မြန်မာကဗျာသစ်မှာ
ခေတ်ကြီး ဘယ်နှခေတ်ရှိသလဲ
ဖြေ။

တစ်ခေတ်ပဲ
၁၉၆၂ ကနေ
ကနေ့(၂ဝ၁၈)အထိ
တစ်ခေတ်တည်း။

အဲဒီခေတ်ရဲ့ ပင်မရေစီး
တောမီးရစ်သမ်၊ ဘာကာရန်လဲ။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
နှလုံးသွေးနဲ့
တွေးခေါ်တဲ့တရား
ဖြောင့်သောမြား
လူထုအမြင်၊ လူထုခံစားမှု
ငါတို့ ပင်မရေစီးအမှုလေ။

ဒဂုန်တာရာကလည်း
ပင်မရေစီး၊ ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။

မောင်လေးအောင်ကလည်း
ပင်မရေစီး၊ ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။

ထလော့
အဖိနှိပ်ခံနေရတဲ့ပြည်သူတွေ
ထလော့။

ထလော့
အဖိနှိပ်ခံကဗျာဆရာတွေ
ထလော့။

ဒီနေ့ မြန်မာကဗျာတိုက်ပွဲဟာ
အဟောင်းနဲ့အသစ်တိုက်ပွဲ ဖြစ်တယ်။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
ကဗျာဓားသွေးတဲ့ အသစ်က တစ်ဖက်
စစ်အာဏာရှင်အလောင်း၊ ရေပုပ်မြောင်းထဲ
သူကောင်းပြုခံချင်တဲ့ အဟောင်းက တစ်ဖက်
ဘက် နှစ်ဘက်
မိတ်ဆွေ သင်ဘယ်ဘက်ကလဲ။

ဂန် သော၊ ဒန် သော
နောဇာ နာမိ၊ ငါမသိ
ငါသိတာ
အဟောင်း အသစ်။ ယဉ်းကျေးမှုစစ်မျက်နှာ
ခေတ်ကဗျာပဲ။

မ ဆ လ ခေတ်မှာ
မြန်မာကဗျာ ဘယ်နှမျိုးရှိခဲ့လဲ။

န ဝ တ
န အ ဖ
မနေ့တစ်နေ့က
မအိမ်လုံးဖွတ်တွေခေတ်
မြန်မာကဗျာ ဘယ်နှမျိုးရှိခဲ့လဲ။

ဟော- ဒီကနေ့
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာရော
မြန်မာကဗျာ ဘယ်နှမျိုးရှိနေသလဲ။

ရဲရဲ ဖြေပါ၊ သင်မညာနဲ့
ရာဇဝင်မှာ၊ သင်ဟာ တရားခံဖြစ်တော့မယ်။

သင်သိပါတယ်၊ ကဗျာ နှစ်မျိုး

(၁) ဖိနှိပ်သူအာဏာရှင်ဘက်ကရပ်တည်တဲ့ကဗျာ

(၂) အဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်တဲ့ကဗျာ

သင်ဟာ ဖောက်ပြန်သူလား။

မြစ်တစ်မြစ်ဟာ
ခဏခဏ ဓားထစ်ခံရတဲ့ သစ်ပင်လိုပဲ
ကြာတော့
ရေငတ်ပြီး သေတယ်။

ခေတ်တစ်ခေတ်ဟာ
စစ်ဖိနပ်အောက်မှာ
ခြောက်သွေ့နေတဲ့ပန်းခင်းလိုပဲ
အရင်းမရှိ၊ အဖျားမရှိ သေတယ်။

မြစ်ထဲမှာ
မသေဘဲ ကျန်ရစ်တာ
စစ်မှန်တဲ့ တော်လှန်ရေးပဲ။

ခေတ်ထဲမှာ
မသေဘဲ ကျန်ခဲ့တာ
တော်လှန်တဲ့ကဗျာဆရာတွေပဲ။

ဒဂုန်တာရာက
ငါတို့ကို အဘိဓမ္မာပေးတယ်။

မောင်လေးအောင်က
ငါတို့ကို အနုပညာပေးတယ်လေ။

ငါတို့ဟာ
ဒဂုန်တာရာရဲ့
အင်အားတက်ကြွ၊ တိုးတက်လှတဲ့
ပင်မရေစီး မြစ်တွေပဲလေ။

ငါတို့ဟာ
မောင်လေးအောင်ရဲ့
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူတွေပဲပေါ့ ။

ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။
ခက်တာက
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ
အလစ်ချောင်းနေတဲ့ အချောင်သမားတွေပေါတာပဲ။

ကဗျာဆရာတွေက
ဒီမိုခရီးကို ဆုံးခန်းတိုင်နှင်ချင်တယ်။
ခက်တာက
ဒီမိုခုတုံးလုပ်၊ လမ်းခုလတ်မှာ
မိုင်းဗုံးခလုတ်ဖြုတ်ချင်သူတွေပေါတာပဲ။

ဘာပဲဖြစ်ဖြစ်ပေါ့ 
မောင်ခိုင်မာပြောသလိုပေါ့ 
လောကအမှောင့်၊ ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး၊ ဝှီးခနဲ ဝင်လာတတ်သတဲ့။

တော်လှန်သတိ၊ ကဗျာသတိ
အမြဲရှိကြ။

ဒဂုန်တာရာရဲ့မျက်နှာကိုလည်းထောက်ပါ
မောင်လေးအောင်ရဲ့မျက်နှာကိုလည်းထောက်ပါ။

ဒဲ့ ပြောမယ်
ထပ်ပြောမယ်
အမျိုးသားစာပေဆု
ဘာလုပ်ရမှာလဲ။
တောင်စမုတ်က
ထောင်ထုပ်မှ မရရင်
ကြောင်ကုတ်မှာလား ဘေဘီ။

ဘေဘီမှတ်ထား
မြားဖြောင့်တဲ့လက်
ပြည်သူ့ဘက်ကတွေး
ခွေးလည်း မဟောင်
ကြောင်လည်း မကုတ်။

ကဗျာဆိုတာ
ဒီမိုညအမှောင်
တောသုံးတောင်မှာ
လရောင်မရှိလည်း
အဘိဓမ္မာနံ့သင်း
လင်းယုန်ဆင်းတဲ့
နှင်းဆီတောအုပ်။ ။

ေ အ ာ င္ ေ ဝ း
(ဇွန် ၇- ၂ဝ၁၈)
  

Related Posts:

  • တိမ်လွမ်းစိတ်မဲဆောက်မြို့ ကောင်းကင်ယံမှာတိမ်တွေက လှလိုက်တာ။ဘယ်တော့မှ ပြန်ရောက်မယ်မှန်းမသိတဲ့ကမ်းခြေက လှေကလေးပေါ်ချစ်သူကို အော်ခေါ်နေမိတယ်။ဒီမှာ …စက်တင်ဘ… Read More
  • End GameMar 23, 2008We have nothing to loseBut our chains...We have nothing to doBut Sham Referendum Campaign...Lansing, MI, USA, March 23, 2008(မူရင်… Read More
  • ကိုဗဟိန်း မှသည် ကျော်ကိုကို အထိ …ဗိုလ်ချုပ်အောင်ဆန်း မှသည် ဒေါ်အောင်ဆန်းစုကြည် အထိ၁၃၀၀ပြည့် အရေးတော်ပုံ မှသည် ၂၀၀၇ (သြဂုတ်- စက်တင်ဘာ) ရွှေဝါရောင် အရေးတေ… Read More
  • ပင်လယ်သေသင်္ဘောတွေ အဲဒီမှာ မဆိုက်ကပ်ခဲ့ကြ၀င်ခွင့်ရလက်မှတ်နဲ့လရောင်က ငုံ့ကြည့်လိုက်တော့ခေါင်မိုးပေါ်ဗုံသံနဲ့ လိင်ပညာပေးအကတွေမြို့ပြ မှော်ရုံအစပ်မှာဖွေးခနဲ ဖရဲသီး … Read More
  • အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)(၁)အမေ ကျနော့်ကို မတားနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။အမေ … အမေ့ကိ… Read More

0 comments: