Sunday, August 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )



  
စစ်တစ်ခါရှုံး၊ အနှစ်သုံးဆယ်။စစ်တစ်ခါရှုံးရင်
အနှစ်သုံးဆယ် ကြာတယ်
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ပြည်တွင်းစစ်က
အနှစ် ၇ဝ
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ထပ်မေးမယ်
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ရေ တစ်ခါလောင်း
ပေါင်း တစ်ခါသင်
နာကျင် အနှစ်သုံးဆယ်။

အနှစ်သုံးဆယ် နာကျင်
ပန်းပင်က
အလွမ်းပဲ ရှင်တယ်
အမြစ်က သေနေပြီ။

တစ်ပင်လုံး ပိုးကျ
ညှိုးညှိုး ယောင်းယောင်း
ပြောင်းလဲမှ ရတော့မယ်။

စွန့်လွှတ်သူတို့ အနှစ်သုံးဆယ်
အရိုးတောင်လိုပုံ အနှစ်သုံးဆယ်
ပန်းမပွင့်တဲ့ နွေဦးသုံးဆယ်
နွေဦးသုံးဆယ်။

မတတ်နိုင်ဘူး
လွမ်းရုံနဲ့၊ ပန်း မငုံဘူး
လွမ်းသဖြင့်လည်း၊ ပန်းမပွင့်ဘူး
တူးဆွ နုတ်ပစ်
အသစ် စိုက်ပျိုး
နောက်တစ်မိုး မကုန်ခင်။

အချစ်ရေ …
တို့ တစ်က ပြန်စကြပါစို့
နောက်တစ်မိုး မကုန်ခင်။ ။

ေ အ ာ င္ ေ ဝ း
(သြဂုတ် ၅- ၂ဝ၁၈)

Related Posts:

  • မ တ် လ ( ၂ ၃ ) ရ က်   အဖိုးရဲ့မွေးနေ့မှာ အဖိုးအတွက် စိုးရိမ်မိတယ်။ အခု အဖရဲ့လက်ကို ပြန်ကိုက်နေကြပြီ။ အဖိုးရဲ့မွေးနေ့မှာ ငြိမ်းချမ်းရေးကို တမိတော့။ “ဆားနဲ့ပ… Read More
  • သံ လွ င်ေ န ဝ င် ချိ န် ။ တိမ်မည်းကြီးကြောင့်။ တိမ်မည်းကြီးကြောင့်။ .................... မဟုတ်ပါဘူး။ ...................... ဒီနေဝင်တာ အငုံ့ စိတ်ကြောင့်ပါ။ ။ .................… Read More
  • လွ မ်း တ င်း   အောင်ဆန်းဟာ တံတားဖြစ်တယ်။ အမှောင်ဘက်ကမ်းကနေ အလင်းဘက်ကမ်းဦး ခေတ်ကိုကူးဖို့ ကျောခင်းပေးသူ။ သူ့ ကျောပေါ်မှာ မွန်ပြည်နယ်မွေး ကလေးတစ်ယောက် လမ်းလှေ… Read More
  • ယ က် ဗ် တူ ရှ င် ကို အ တွ က် က ဗျာ တ စ် ပု ဒ် ( ၁ ) ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးက ထမင်း မကျွေးတဲ့လက်ကို လျက်တယ်။ "လူငယ်တွေကို မုသားပြောတာ မှားတယ် မုသားတွေကို မှန်တယ်လို့သက်သေပြတာလည်း… Read More
  • အေ မ့ ယာ ရွာပြင် မိုးချုပ်၊ ခွေးသားအုပ်။ ခွေးအုပ် ထိုးဟောင်၊ မိုး လရောင်။ မိုး လရောင်၊ ရိုး တောင်ခြေရင်း။ အဘိုး မာပါစေ၊ အဘွား သာပါစေ၊ ယာအခြေ၊ ေ… Read More

0 comments: