Sunday, September 23, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၆ )



ကြက်ဥက ကြက်ကလေး ပေါက်လာသလို
ဒီမနက်
ဆောင်းဥက ဆောင်းကလေး ပေါက်လာတယ်။*

နေရောင် အိပ်ရာ မထသေး
မြူနှင်းကလေးတွေ မပွဲသေး။

ဒီလိုအချိန်
မောင်သာချို ပြောပြဖူးတဲ့
"လွမ်းငွေ့တဝေဝေ" ဆိုတဲ့
စက်ဘီးပြင်ဆိုင်ကလေး အမှတ်ရတယ်။

ဘာထူးသေးလဲ
ကိုယ်လည်း
ဟောဒီ မစ်ရှီဂန်ဆိုတဲ့ မဲဇာမှာ
ဓားသွေးတဲ့ဆိုင်ကလေး ဖွင့်လို့
နာမည်က
"လွမ်းငွေ့တဝေဝေ" ပဲပေါ့။

နှင်း မဖုံးခင်
အိမ်လွမ်းစိတ်ကလေး တုံးမသွားအောင်
တစ်ချိန်လုံး သွေးပေးနေရတယ်လေ။ ။

* First day of fall

ေ အ ာ င္ ေ ဝ း
(စက္တင္ဘာ ၂၃၊ ၂ဝ၁၈)

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၇၉) မင်းညွန့်လှိုင် ဟိုတုန်းက တို့ကဗျာတွေ ခေတ်ထဲမှာ တသွင်သွင် အခုတော့ ဘယ်ကမ်း ဘယ်အမှောင်မှာ သောင်တင် နိုင်ငံတော်ကပဲ ခန်းခြောက်သွားလို့လားဟင်။ ။ အောင်ဝ… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၃) ပန်းနဲ့ ပေါက်တော့ အချစ် နားနီး အချစ် ဗုံးနဲ့ ပစ်တော့ စစ် နားနီး စစ်။ ။ အောင်ဝေး (၁၁-၁၄-၁၉) ဇော်မျိုးသက် နှင့် ပိုင်သ သို့ ... ။ ##ခ် စ္ လွ စြ ာ ေ သ… Read More
  • ချစ်လှစွာသောပြည်ပြေး (၇၇) ငြိမ်းချမ်းရေး ရဖို့ ဆိုရင် စစ်ရေးအမြင် မလို ချစ်ရေးအမြင် ပဲ လိုတယ် နိုင်ငံတော် နဲ့ ပြည်သူ ကို ချစ်ပါ လူကြီးမင်းတို့။ ။ အောင်ဝေး (နိုဝင်ဘာ ၁ ၊ ၂၀… Read More
  • ချစ်လှစွာသောပြည်ပြေး (၇၈) သမီး လုံမငြိမ်းချမ်း အချစ် ပန်း တွေနဲ့ ခေတ် လမ်းမှာ စစ် စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်။ ။ အောင်ဝေး (နိုဝင်ဘာ ၃၊ ၂၀၁၉) ## ခ် စ္ လွ စြ ာ ေ သ ာ ျပ ည… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၀) ခေတ်ကြောင့် ကြေ၊ စစ်ကြောင့် သေ ကြွေနေတဲ့ ငြိမ်းချမ်းရေး ပန်းကလေးတွေ အချစ်ကြောင့်ပဲ ပြန် ဝေလာရမယ် မဟုတ်လား ကဗျာ့အိုးဝေကြီး ကိုငြိမ်းဝေ။ ။ အောင်ဝေး (… Read More

0 comments: