Thursday, December 27, 2018
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၂ )
၂ဝ ရာစုကနေ ချစ်လာတဲ့ အချစ်
၂၁ ရာစုအထိ ချစ်နေရတဲ့ အချစ်။
၂ဝ ရာစုကနေ လွမ်းလာတဲ့ အလွမ်း
၂၁ ရာစုအထိ လွမ်းနေရတဲ့ အလွမ်း။
၂ဝ ရာစုကနေ စွန့်စားလာတဲ့ စွန့်စားခန်း
၂၁ ရာစုအထိ စွန့်စားနေရတဲ့ စွန့်စားခန်း။
အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ
ရှိတယ် ညီလေး။
ဥပမာ-
မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်
ရာဇဝင်ကို ဖြတ်သန်းခြင်း။
ဥပမာ-
တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်
ကိုလေး(အင်းဝဂုဏ်ရည်)
အစဉ်အလာကို လေးစားခြင်း။
ဥပမာ-
မင်းကြီးရွှေလရောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းစုကြည်
မျိုးဆက်ကို ဆက်ခံခြင်း။
ရာဇဝင်၊ အစဉ်အလာ၊ မျိုးဆက် ဆိုတာ
ရှိတယ် ညီလေး။
ဥပမာ-
မင်းကိုနိုင် ဖြစ်ဖြစ်
ကိုလေး(အင်းဝဂုဏ်ရည်) ဖြစ်ဖြစ်
ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖြစ်
တို့မှ မချစ်ရင် ... ။
ဥပမာ-
ဆဲဗင်းဂျူလိုင် ဖြစ်ဖြစ်
၇၄-၇၅-၇၆-၈၈ ဖြစ်ဖြစ်
ရွှေဝါရောင် ဖြစ်ဖြစ်
တို့မှ မလွမ်းရင် ... ။
ဥပမာ-
စစ်အာဏာရှင်စနစ်ကျဆုံးရေး
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ရေး
ပြည်ထောင်စုငြိမ်းချမ်းရေး
တို့မှ မစွန့်စားရင် ... ။
ထပ်ပြောမယ်
အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ
ရှိတယ်။
အတိတ်ကို လွမ်းဖို့
ပစ္စုပ္ပန်မှာ စွန့်စားရတာလည်း
အနာဂတ်ကို ချစ်ရာကျတာပါပဲ ညီလေးရေ။
"အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ" (တင်မိုး)
ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၂၇၊ ၂ဝ၁၈)
Related Posts:
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀)## စ စ္ ( ၄ ) ဟိုကအတ… Read More
  • စ စ် ( ၅ )ကပ်ကြီးဖြစ်၍အချစ် တစ်လမ်း၊ စစ် တစ်လမ်း။စစ်လမ်းကျ၍ ... ။ရုရှားက နှင်းဆီပန်းတွေလည်းကြေရ နွမ်းရ။ဟော်လန်က လီလီပန်းတွေလည်းကြေရ နွမ်းရ။ဝါရှင်တန်၊ ဒီ၊ စီ က ခ… Read More
  • စ စ် ( ၆ )မခင်ပန်းကလေးစစ်က ကြမ်းတော့အလင်းနှစ်တစ်သန်း အကွာကလွမ်းဆိုလည်း လွမ်းပါ့မယ်။အရေးကြီးတာကထပ်ပြီး မဝေးအောင်ကပ်ဘေးရှောင်ဂါထာ ရွတ်ကြမယ်။"Stay Home. Stay Safe.… Read More
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀) ## စ စ္ ( ၄ )ဟိုကအတြ… Read More
0 comments: