Saturday, October 4, 2008
U Win Tin's poem from Yaw Han Aung's blog
ကျားရဲ
နေပြင်းလျှင် ပြင်း နှင်းမှုန်လည်း မှုန်
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် ….. လေမ၀င်
နေမမြင် ….. လမမြင်
လူမမြင် ….. သူမမြင်မှာ
ထိုင်လျှင်ထိုင် ….. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် ….. မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော ….. သီချင်းလေးမှ မဆိုရ
စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော ….. စကားလေးမှ မပြောရ
အဟောသိက ….. သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ….. ပတ်လျှောက်လိုက်
သံတခါးဝ ….. ရပ်လိုက်
တမတ်တပ်တပ် ….. တနေကုန်။
မနေ့ ကလည်း ….. တနေကုန်
ဒီနေ့ လည်း…..တနေကုန်
မနက်ဖြန်လည်း ….. ကုန်အုံးမယ်
ကုန်….. ကုန်….. ကုန်….
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား ….. တသက်ကုန်မလား
တလကုန်မလား ….. တဘ၀ကုန် မလား
တနှစ်ကုန်မလား ….. တခေတ်ကုန်မလား
အားမလျှော့ဘူး ….. မပျော့ဘူး
ပေဖြစ်တော့ခံမယ် ..… တူုဖြစ်တော့ နှံမယ်
အမှန်တရား ….. တို့ဖက်မှာရှိတယ်
ပြည်သူအများ ….. တို့ဖက်မှာရှိတယ်
ကာလယန္တား ….. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား ….. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရိစ္ဆာန်ရုံ က ကျားလို ..… လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့်တုံးမယ် ထင်နေသလား …
မှားလိုက်တဲ့အမြင် ..… ဟားတိုက်လို့ ရီချင်စရာ။
မှတ်ထားဟေ့….
အ၀ါပေါ်မှာ … အနက်စင်း…
မပျက်မယွင်း …. ကွက်ကွက်ကွင်း …
အရှင်းသား မလွဲသရွေ့
အထင်းသားစွဲ သရွေ့
ကျားရဲဟာ ကျားရဲ
ငါလည်း….
အဲဒီလိုပဲကွ….. ဟေ။
[ ဦးဝင်းတင် (ဟံသာဝတီ) ၏ ထောင်တွင်းမှကဗျာ ]
Related Posts:
  • ကျေ နာ် တို့  အ တိ တ် ကို ပဲ အ တူ ပြ န် သွား ကြ ပါ စို့  အေ မ အမေကား ကွယ်လွန်ခဲ့ပေပြီ အမေသည် သက်တော်ရာကျော်ရှည်ပါစေသတည်း။ ( ၁ ) အမေ - ဒီနှစ် (၂၀၁၅၊ နိုဝင်ဘာ- ၂၉) အမေ အသက်(၁၀၀)ပြည့်ပြီ မွေးနေ့ ရာပြည့်မှာ ပျော… Read More
  • ေ စ် း ကြ က် ယန်းကီးတွေလွတ်လပ်ရေးရတဲ့နေ့ မှာ ၃၃ လမ်းထဲ ၀ံပုလွေတစ်ကောင်ဝင်လာတယ် ပရေရီဆိုတဲ့မြက်ခင်းကပေါ့ ။ စိတ်ကူးစိတ်သန်းတွေ ဟနွိုင်းမြို့ ကြီးအြ… Read More
  • မ ဟာ ဇူ လို င် ( ၂ ၃ )  ( ၆ ၁ ) နှ စ် ပြ ည့်  ေ မြ း ေ န ့ မွ ာ ေ ရ း ဖြ စ် တဲ့ က ဗျာ ။   (အုန်း) ခြောက်ဆယ့်တစ်ကို အမြောက်နဲ့ ပစ်သဗျ။ (ဒုန်း) အာဏာရှင်အလိုကျ ဘ၀ေ… Read More
  • ခိုင်မာငြိမ်း ခိုင်မာငြိမ်း(ဘ)ဦးဝင်းမြင့်(မြေနု)မြောင်းမြ။ပုဒ်မ- ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ)သာယာဝတီအကျဉ်းထောင်။ထီးရိုးကို မိုးကြိုးပစ်ခဲ့နဂါးကို ဂဠုန်သုတ်ခဲ့။ခိုင်… Read More
0 comments: