Saturday, December 13, 2008

Belu island


ဘီလူးကျွန်း
အောင်ဝေး

ပင်လယ်ကိုငေးနေတာ မဟုတ်ဘူး
ပင်လယ်က ဆွေးနေတာလည်း မဟုတ်ဘူး။

သံလွင်ကို ခွဲသွားတာမဟုတ်ဘူး
သံလွင်က ပစ်သွားတာလည်း မဟုတ်ဘူး။

မော်လမြိုင်ကို မျှားနေတာမဟုတ်ဘူး
မော်လမြိုင်က ဟပ်နေတာလည်း မဟုတ်ဘူး။

တောင်တန်းကို လွှဲသိပ်နေတာမဟုတ်ဘူး
တောင်တန်းက လှဲအိပ်နေတာလည်း မဟုတ်ဘူး။

ဘ၀ကို ရေဆန်ထဲ နှစ်မြှုပ်ခိုင်းတာမဟုတ်ဘူး
ဘ၀က လေစုန်နဲ့ မျှောလိုက်သွားတာလည်း မဟုတ်ဘူး။

ဒီကျွန်းပေါ်မှာ
လူဟာ လင်းယုန်ငှက်က ဆင်းသက်လာသတဲ့
ဒီကျွန်းကို 'လင်းယုန်ကျွန်း'လို့ ခေါ်ရမယ်။

အို - ဟိုမှာ 'လ'ထွက်လာပြီပဲ
တို့ ညနဲ့အတူ ပျံသန်းကြဦးစို့လေ။ ။

[ မူရင်း - မဟေသီမဂ္ဂဇင်း၊ ၂၀၀၇ မတ်လ ]



Related Posts:

  • ၂ ၀ ၂ ၀ ( ၂ ၈ )နွားရိုင်းသွင်းချိန်တိမ်တွေ။ပြေးဟေ့ ဆိုယုန်နဲ့အတူ ပြေးတာပဲ။လိုက်ဟေ့ ဆိုခွေးနဲ့အတူ လိုက်တာပဲ။နောက်ဆုံးတော့မုဆိုး ကခွေးကျိုးကို တိုင်ချည်ယုန်ကင် တစ်ကိုက… Read More
  • ၂ ၀ ၂ ၀ ( ၃ ၀ ) စစ်ပွဲ၊ စစ်ပွဲ။ကျားက အနားမှာရစ်ဝဲ၊ ရစ်ဝဲ။လက်ထဲက မြားကိုမပစ်ဘဲ၊ မပစ်ဘဲ။ချိုးပစ်တယ်၊ ချိုးပစ်တယ်။မပစ်တာလည်း ဒီမိုကရေစီဆိုပဲ၊ ဆိုပဲ။ချိုးပစ်တယ်၊ ချ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၆ )ပေါင်း ၆၆၄ မှာ၁၆၆ နေရာအကျောပေး တိုက်ရတဲ့ တိုက်ပွဲ။တိုက်ရင် အနိုင်တိုက်ရမယ်ငါတို့ဘက်က၃၃၃ နေရာ ရမှဖြစ်မယ်။ဒီခေတ်မှာပညာတတ်တယ်ဆိုရင်ဒီ သင်္ချာလောက်တော့ တွ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၇ )အိမ်ကြီး မီးဝင်ရှို့သွားတယ်ဝိုင်းဝန်း ငြှိမ်းသတ်မှ ဖြစ်မယ်။မြောင်းထဲက ညစ်ပတ်နေတဲ့ရေနဲ့ ပက်ပက်။ကျွဲလူးကန်ထဲက နံစော်နေတဲ့ရေနဲ့ ပက်ပက်။အရေးကြီးတာကအမြန်ငြ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၉ ) ခွေး တစ်ကောင်နဲ့သူရဲဘောကြောင်သူ တစ်ယောက်။နေ့ အလင်းပျောက်ည အခင်းရောက်။ခွေးက ကင်းထောက်တယ်။ဖျောက်ခနဲထင်းခြောက်ပေါ် နင်းလျှောက်လိုက်တဲ့ အသံ။ရန်သူလား… Read More

2 comments:

rhyme said...

you wrote about the place I love.

Unknown said...

Sayar
I really did not know that you wrote my birth place
Now I can go back my past with the flow of your poem
Thank you so much