ဘီလူးကျွန်း
အောင်ဝေး
ပင်လယ်ကိုငေးနေတာ မဟုတ်ဘူး
ပင်လယ်က ဆွေးနေတာလည်း မဟုတ်ဘူး။
သံလွင်ကို ခွဲသွားတာမဟုတ်ဘူး
သံလွင်က ပစ်သွားတာလည်း မဟုတ်ဘူး။
မော်လမြိုင်ကို မျှားနေတာမဟုတ်ဘူး
မော်လမြိုင်က ဟပ်နေတာလည်း မဟုတ်ဘူး။
တောင်တန်းကို လွှဲသိပ်နေတာမဟုတ်ဘူး
တောင်တန်းက လှဲအိပ်နေတာလည်း မဟုတ်ဘူး။
ဘ၀ကို ရေဆန်ထဲ နှစ်မြှုပ်ခိုင်းတာမဟုတ်ဘူး
ဘ၀က လေစုန်နဲ့ မျှောလိုက်သွားတာလည်း မဟုတ်ဘူး။
ဒီကျွန်းပေါ်မှာ
လူဟာ လင်းယုန်ငှက်က ဆင်းသက်လာသတဲ့
ဒီကျွန်းကို 'လင်းယုန်ကျွန်း'လို့ ခေါ်ရမယ်။
အို - ဟိုမှာ 'လ'ထွက်လာပြီပဲ
တို့ ညနဲ့အတူ ပျံသန်းကြဦးစို့လေ။ ။
[ မူရင်း - မဟေသီမဂ္ဂဇင်း၊ ၂၀၀၇ မတ်လ ]
Related Posts:
မ စ် ရှီ ဂ န် မဲ ဇ ာ - ၅ သေနတ်ဆန့်ကျင်ရေးကဗျာ။THE DAY I DIED AT MANDALAY BAY WAS SUNDAYAung WayThe day I died at Mandalay Bay was SundayToday is MondayI died a day… Read More
မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၁ ကပ်ကြီးအတွင်းမှာလူချင်း ခွာလို့ရတယ်စိတ်ချင်း ခွာလို့ မရဘူး။ယနေ့ August 28, 2020 Covid-19 Live UpdateWorld: Cases 24,299,923 Deaths&n… Read More
မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၂ အမေရိကမှာ "I can't breathe!" ပြီးတော့၊ "I can't teach... !"(၁)အဖြူနဲ့အစိမ်း လိမ်းခြယ်ထားတဲ့ မနက်ခင်း။ မိုးတွေ ရွာနေမယ်။ စာသင်ကျောင်းကလေးကိုသွားတ… Read More
၅ ၄အလွမ်းကအဲဒီကစတာပဲ။ဖြတ်သန်းခဲ့တဲ့လမ်းပြန် လွမ်းကြည့်တဲ့အခါသမိုင်းတစ်ခုလုံးတိုက်ပွဲတွေချည်းပဲ။တောင်ကုန်း ၃၂-လုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးအနီရောင်ရဲတိုက်… Read More
မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာဘာလဲ။EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြ… Read More
2 comments:
you wrote about the place I love.
Sayar
I really did not know that you wrote my birth place
Now I can go back my past with the flow of your poem
Thank you so much
Post a Comment