Sunday, March 15, 2009

gift

လက်ဆောင်

သဲမုန်တိုင်းထဲ
ဘဂ္ဂဒက်က
ဖရိုဖရဲ ဆေးရုံတစ်ရုံကို
အင်္ကျီနီနီတစ်ထည် ရောက်လာတယ်။

ဗြိတိန်ကပါ
ဒဏ်ရာရ အီရတ်ကလေးငယ်အတွက်
'မန်ယူ'ရဲ့ လက်ဆောင်လေ။

ဘောလုံးကန်အင်္ကျီကလေး တစ်ထည်ပါပဲ
ဒါပေမဲ့
အိုးထရက်ဖို့ဒ် တစ်မြို့လုံးစာ
လက်မှတ်တွေ ပါသတဲ့။

အင်း - -
ဒုတိယကမ္ဘာစစ်ကြီးကို ဆန့်ကျင်မလား
အဒေါ့ဖ်ဟစ်တလာကို ဆန့်ကျင်မလား
ဆေးရုံတခါးပေါက်မှာ
ရိုက်တာသတင်းထောက်ဟောင်းကြီး
စဉ်းစားခန်းဝင်နေရဲ့။ ။

[ မူရင်း - ရွက်နုဝေမဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၆ ]

Related Posts:

  • ချစ်လှစွာသောပြည်ပြေး ( ၆ ၅ ) ဖထီး ရေ "ကရင် တစ်ကျပ်၊ ဗမာ တစ်ကျပ်" မဟုတ် အခုခေတ်က ကရင် တစ်ဒုက္ခ၊ ဗမာ တစ်ဒုက္ခ။ အောင်ဝေး (အောက်တိုဘာ ၂၊ ၂၀၁၉) ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၆… Read More
  • OUR BELOVED EXILE (62) Dear Kim, Legend never dies History made of pains and tears Aung San loves Aung Sans. AUNG WAY (Sept 25, 2019) … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၆ ၃ ) လေပြေသုန် ကိုခင်ဝမ်းက "ရေစုန်မှာ ဆန်ကာ ပြန်ခဲ့ပြီ" တဲ့ မင်းကတော့ လေစုန်မှာ ဆန်ကာ ပျံသွားတာပဲ ညီလေး။ ။ အောင်ဝေး (စက်တာင်ဘာ ၂၇၊ ၂၀၁၉) ခ် စ္ လွ စြ ာ … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၆ ၆ ) "ဗမာစစ်တပ်၊ ဗမာစစ်တပ်" နဲ့ ကိုရင် ခိုင်သုခ ရယ် ဗမာမှာ စစ်တပ် မရှိပါဘူး စစ်တပ်မှာပဲ စစ်တပ် ရှိတာပါ။ ။ အောင်ဝေး (အောက်တိုဘာ ၄၊ ၂၀၁၉) ခ် စ္ လွ စြ ာ ေ … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၆ ၄ ) မဝိုင်း ရေ တို့ တိုင်းပြည်မှာ ကျေးဇူး အရှိဆုံးကလည်း သူ ဒီ တိုင်းပြည်မှာ ကျေးဇူး အကန်းခံရဆုံးကလည်း သူ "အောင်ဆန်း" အောင်ဝေး (၉-၃၀-၁၉) ခ် စ္ လွ စြ ာ… Read More

0 comments: