Friday, October 16, 2009

O New York!

အို … နယူးယောက်
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၀၉


အို ... နယူးယောက်
သင့်ရဲ့ တောက်ပမှုကို
ငါတို့ အသိအမှတ်ပြုပါရဲ့ ။

အို ... နယူးယောက်
ငါတို့ ရဲ့ တောက်ပမှုကိုလည်း
သင် အသိအမှတ်ပြုပါလော့။

ဖိနပ်နဲ့ ပစ်တာပဲ
သေနတ်နဲ့ ပစ်တာမှ မဟုတ်တာ။

ကော်ဖီခွက်နဲ့ ပေါက်တာပဲ
ဓားနဲ့ ပေါက်တာမှ မဟုတ်တာ။

တံတွေးနဲ့  ပက်တာပဲ
အက်စစ်နဲ့ ပက်တာမှ မဟုတ်တာ။

ပါးစပ်နဲ့  အော်တာပဲ
ခါးပတ်နဲ့ ဆော်တာမှ မဟုတ်တာ။

အို... နယူးယောက်
တတိုင်း တပြည်လုံးကို
သေတွင်းပို့ နေသူတွေ အပေါ်
သင် ဘာ့ကြောင့် ကာကွယ်ပေးနေရတာလဲ။

အို ... နယူးယောက်
သင့်ရှေ့ မှောက်မှာ
စစ်ရာဇ၀တ်ကောင်တွေ ရောက်နေတာ
ဘာအကျိုးရှိပါသလဲ။

ငါတို့ ဧည့်နိုင်ငံသားတွေ
သင့်တရားဥပဒေကို လေးစားပါရဲ့ ။

အို ... နယူးယောက် ငဲ့
သင့် တရားဥပဒေက
ငါတို့ မြန်မာနိုင်ငံသားတွေကို မစော်ကားမိပါစေနဲ့ ။ ။

အောက်တိုဘာ ၁၀၊ ၂၀၀၉

Related Posts:

  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ ) တစ်အချက်- ဆန့်ကျင်တယ်။ နှစ်အချက်- မကြောက်ဘူး။ သူတို့ သူမရဲ့ဓာတ်ပုံတွေ ပြန်ဖြုတ်ချကြ သူတို့ သူမရဲ့ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းကြ သူတို့။ … Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၆ ) ကြက်ဥက ကြက်ကလေး ပေါက်လာသလို ဒီမနက် ဆောင်းဥက ဆောင်းကလေး ပေါက်လာတယ်။* နေရောင် အိပ်ရာ မထသေး မြူနှင်းကလေးတွေ မပွဲသေး။ ဒီလိုအချိန် မောင်သာ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ ) လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။ ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ် ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန် ငါ ထမ်းဆောင်နေတာပေါ့။ ဒါပေမဲ့-… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၇ ) နိုင်ငံတော်ဟာ ဖျားနာ နေတယ် ဒီကောင်တွေ မဟုတ်သေးဘူး။ နိုင်ငံတော်ဟာ ဖျားနာနေတယ် ဖိနပ်နဲ့ မတော်လို့၊ ဖနှောင့်ကို လှီးပစ်တယ် ဒီကောင်တွေ မဟုတ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ ) အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။ ဖြစ်ပုံ ခေတ်က ငြိမ်းချမ်းရေးကို စစ်နဲ့ ရော မျိုနေရ။ လည်ချောင်းထဲ အဝင် ဆိုးလှချည်ရဲ့။ … Read More

0 comments: