Tuesday, September 29, 2009

on the way back

အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။

လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက်
ထွက်တယ်။

မနက်ဖြန်
ဖြစ်ချင်လည်းဖြစ်မယ်။

အခု
သီချင်းသံကြားနေတယ်မဟုတ်လား။

အလားတူပါပဲ
ဝံပုလွေတွေ အူကြပါစေ။

ရှေ့ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြှားတစ်ဆုပ်ရလိမ့်မယ်။

ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကို ပြန်မပစ်လေနဲ့။



[ မူရင်း - ၂၀၀၉၊ သြဂုတ်လထုတ် မန္တလေးဂေဇက် - ကဗျာကဏ္ဍ ]

Related Posts:

  • မေတ္တာပို့ နာဂစ်ကပ်ဘေးတုန်းက တစ်ခါတိုင်းပြည်ကို သတ်တယ်။အခု ကိုဗစ်ကပ်ဘေးမှာ တိုင်းပြည်ကိုတစ်ခါ သတ်ပြန်ပြီ။အဓမ္မဝါဒီတွေ ကျရှုံးပါစေ။အောင်ဝေး(ဖေဖော်ဝါရီ ၁၊ ၂၀၂၁)##ေ… Read More
  • တောပြဇာတ်  ညဦးကျောင်းကဝတ်တက်မောင်း ခေါက်ပြီ။တာခွမှာသာဝကြီးကြောက်ပြီး အူနေတုန်း။     ။အောင်ဝေး(၁၊ ၂၆၊ ၂၁)##ေ တ ာ ပြ ဇာ တ် ညဦးကျော… Read More
  • ပြည်သူ့လွတ်မြောက်ရေး  ငါတို့ဟာ ကြောက်တတ်လားဟေ့။ငါတို့ဟာ ကြောက်တတ်လားလို့စစ်သားတွေကို မေးကြည့်ပါလားငါတို့ဟာ ကြောက်တတ်လားလို့။စစ်သားတွေကငါတို့က သူတို့ကို မကြောက်မှာကို … Read More
  • အိပ်မက်အနံ့(Zawgyi-One below) ဒွန်အိပ်မက်ထဲမှာ အနံ့တစ်ခုရတယ်ဒွန်။မြစ်တွေမှာ အနံ့ရှိသတဲ့မြစ်တွေမှာ အနံ့ရှိတယ်လို့မြန်မာကဗျာဆရာတစ်ယောက်ကပြောတယ်။မောင်သာချိုပေါ… Read More
  • တပ်မတော်သားအပေါင်းသို့ မင်းအောင်လှိုင် ညလ မသာဘူး။အမှောင်အောက်မှာပဲကြယ်တွေက တောက်ပရတာ။ကျည်ဆန်ခွံပေါစစ်နွံတော။နွံထဲမှာပဲကြာပန်းတွေ ပွင့်ရတာ။မတရားမှုထဲမှာတရားမှု ရှာရ။အမု… Read More

0 comments: