Saturday, January 30, 2010

poem on Zarganar


ကတုံးကြီး


သူဟာ
ဧရာဝတီပေါ်က ကြယ်နီ။

သူဟာ
မြန်မာပြည်ရဲ့ ချာလီချက်ပလင်။

သူ အခု
မြစ်ကြီးနားထောင်မှာ
ဗိုလ်ဝင်ခံနေပါတယ်။
မကြာခင်
သူ စင်ပေါ် ပြန်ရောက်လာလိမ့်မယ် ဆိုတာ

ကျနော်တို့ ယုံကြည်နေပါ၏။
နရသိန်သာ အမိ
နရသိန်သာ အဖ
သူ့ဆီက ဟာသ
ကမ္ဘာက ကြားစေသော်ဝ်။ ။

ဇန်န၀ါရီ ၂၇၊ ၂၀၁၀ - မစ်ရှီဂန်

(ဓာတ်ပုံ - ကိုဇာဂနာနဲ့ မိသားစု ငယ်စဉ်ကဓာတ်ပုံ)
(မိသားစုနဲ့ အချိန်တွေထက် အကျဉ်းထောင်နံရံတွေနောက်မှာ၊ တိုင်းပြည်ရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ နေတဲ့သူ အတွက် အမှတ်တရဓာတ်ပုံပါ )

1 comments:

toforward said...

ဆရာအောင်ဝေးရဲ့ ကဗျာကို လာဖတ်သွားပါတယ်။ တကယ်တော့ နိုင်ငံတကာမှာ ရှိတဲ့ထောင်တွေက လူဆိုးတွေကို ထိန်းသိမ်းတာပါ။ မြန်မာပြည်က ထောင်သားတွေက တကယ့်ကို ပညာရှင်တွေ၊ အတွေးအခေါ်ရှင်တွေပါ။ ခေတ်မီသူတိုင်း၊ ပညာတတ်သူတိုင်း၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်တဲ့ သူတိုင်းကတော့ နရသိန်မှာ အကျဉ်းစံနေရပါတယ်။ မိမစစ် ဖမစစ်တဲ့ ကောင်တွေကတော့ တိုင်းပြည်နဲ့ လူမျိုးတိုးတက်အောင်လုပ်တယ်ဆိုပြီးတော့ လူထုကိုညာနေတာ အနှစ်နှစ်ဆယ်ကျော်နေပြီ။ တိုင်းပြည်ကို ပါးစပ်နဲ့ချစ်နေလိုက်ကြတာ . . .