Wednesday, February 24, 2010

Beyond Valentine's Day

ချစ်သူများနေ့  အလွန်
အောင်ဝေး

ကွေ့ရမယ့် မြစ် က မကွေ့ဘဲ
မကွေ့ရမယ့် တောင် က ကွေ့နေတယ်။
ကောက်ရမယ့် မိန်းမတွေက မကောက်ဘဲ
မကောက်ရမယ့် ယောက်ျားတွေက ကောက်နေတယ်။
လောကကြီး ဆန်းကြယ်။

ကမ်းပါးတစ်လျှောက်
သက်တံကို ဖြောင့်နေသူလည်း ရှိ။
တောင်ခြေမှာ
ကြောင်ရေချိုးသူလည်း ရှိ။
ပန်းခင်းကို
မြင်းစီး၍ နင်းသူလည်း ရှိ။
အချက်မသိ
ကြွက်ကို ခြူဆွဲပေးသူလည်း ရှိ။

နော်လီဇာဘင်ဆင်ကတော့
သေတဲ့အချိန်အထိ လှ သွားခဲ့တယ်။
မသေခင် ဘယ်သူတွေပုပ်နေသလဲ
ဧရာဝတီကသိတယ်။

မနေ့က ချစ်သူများနေ့ ။
ဒီကနေ့ မုန်းသူများနေ့လား။

ဖထီး (ပဒိုမန်းရှာ) က
ချစ်သူများနေ့မှာ လုပ်ကြံခံရတယ်။
လောကကြီး မတရား။

ကဗျာဆရာစောဝေက
ချစ်သူများနေ့ကဗျာ ရေးလို့ အကျဉ်းချခံရတယ်။
လောကကြီး မတရား။

ညီမလေး
အားမငယ်နဲ့
အနာဂတ်ကို အမှန်တရား စောင့်တယ်
မြားကိုသာ ဖြောင့်အောင်ပစ်ပါတော့။

တို့ အချစ်က
ဖက်ဆစ်ကို နိုင်မယ်။ ။

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၀

Related Posts:

  • ၂ ၀ ၂ ၀ ( ၂ ၇ )အိမ်ကြီး မီးဝင်ရှို့သွားတယ်ဝိုင်းဝန်း ငြှိမ်းသတ်မှ ဖြစ်မယ်။မြောင်းထဲက ညစ်ပတ်နေတဲ့ရေနဲ့ ပက်ပက်။ကျွဲလူးကန်ထဲက နံစော်နေတဲ့ရေနဲ့ ပက်ပက်။အရေးကြီးတာကအမြန်ငြ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၈ )နွားရိုင်းသွင်းချိန်တိမ်တွေ။ပြေးဟေ့ ဆိုယုန်နဲ့အတူ ပြေးတာပဲ။လိုက်ဟေ့ ဆိုခွေးနဲ့အတူ လိုက်တာပဲ။နောက်ဆုံးတော့မုဆိုး ကခွေးကျိုးကို တိုင်ချည်ယုန်ကင် တစ်ကိုက… Read More
  • ၂ ၀ ၂ ၀ ( ၂ ၉ ) ခွေး တစ်ကောင်နဲ့သူရဲဘောကြောင်သူ တစ်ယောက်။နေ့ အလင်းပျောက်ည အခင်းရောက်။ခွေးက ကင်းထောက်တယ်။ဖျောက်ခနဲထင်းခြောက်ပေါ် နင်းလျှောက်လိုက်တဲ့ အသံ။ရန်သူလား… Read More
  • ၂ ၀ ၂ ၀ ( ၃ ၀ ) စစ်ပွဲ၊ စစ်ပွဲ။ကျားက အနားမှာရစ်ဝဲ၊ ရစ်ဝဲ။လက်ထဲက မြားကိုမပစ်ဘဲ၊ မပစ်ဘဲ။ချိုးပစ်တယ်၊ ချိုးပစ်တယ်။မပစ်တာလည်း ဒီမိုကရေစီဆိုပဲ၊ ဆိုပဲ။ချိုးပစ်တယ်၊ ချ… Read More
  • ၂ ၀ ၂ ၀ ( ၃ ၁ ) "အရုဏ်တက်ခါနီးအချိန်ဟာအမှောင်ဆုံးပဲ""အမှောင်ထဲမှာမှကြယ်တွေရဲ့အလှကိုမြင်ခွင့်ရတာလေ"ရှေ့တန်းမှာ ကင်းစောင့်ရင်းစဉ်းစားမိခဲ့သတဲ့တို့အဖေ စစ်သားကြီး ပ… Read More

1 comments:

ဇောင်းလူ said...

ကဗျာလေးကိုကြိုက်နှစ်သက်ပါတယ်ခင်ဗျာ..။