Monday, March 21, 2011

cold spring

စပရင်းရာသီ ချမ်းစိမ့်စိမ့်
ဆောင်းကတော့
ကဒါဖီရဲ့ တင့်ကားပျက်ထဲ ပါသွားပြီ။

ခရုဇ်ဒုံးပျံတွေနဲ့ အတူ
နွေဦး ပေါက်ချလာတယ်။

စစ်ဆန့် ကျင်ရေးဆန္ဒပြဖို့ 
ပိုစတာကိုင် ထွက်လာတဲ့
အပျံစားကလေး။

လမ်းပေါ်မှာ …
လမ်းပေါ်မှာ …
လမ်းပေါ်မှာ …။

ဗြုန်းဆို
လက်ကျန် ရေခဲမိုးတစ်မ
သဲကြီးမဲကြီး ရွာအချ။

ငါ့ စိတ်ပေါ်
နှင်းမိုးတွေလား …
ဗုံးမိုးတွေလား …။ ။

အောင်ဝေး
မတ် ၂၁-၂၀၁၁ (ကမ္ဘာ့ကဗျာနေ့ )

Related Posts:

  • Aung Way - Special Poem 3ပျားအုံခံစားမှု အထူးကဗျာ - ၃ အောင်ဝေး မေ ၂၆၊ ၂၀၀၉ ဟေ့ကောင်သွေးကြောင်နေတဲ့ ကောင်ဘေးရှောင်။အခုအချိန်လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ ထမင်းမြိန်… Read More
  • Aung Way - 31st July31st JULYBlack FridayOrBloody Friday.Let's strike.It must be" Fightday".Aung Way (July 30th 2009)… Read More
  • Insein Prison - Our Next Boycott Headquarter Normal 0 false false false MicrosoftInternetExplorer4 !-- /* Font Definitions */ @font-face… Read More
  • Aung Way - Justiceတရား အောင်ဝေး ဇွန် ၁၈၊ ၂၀၀၉ မတရား မပြောနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်ဘယ်သူမဆို ဘာလုပ်လုပ်တရားတယ်။သမတကြီး ဒေါ်အောင်ဆန်းစုကြည်နာယကကြီး ဒေါ်အောင်ဆန်းစြု… Read More
  • National Offensivenessအမျိုးသားပြန်လည်တိုက်ခိုက်ရေးအောင်ဝေးစက်တင်ဘာ ၁၅၊ ၂၀၀၉လော့စ်အိန်ဂျယ်လိစ်မှာတောမီးတွေ လောင်နေတယ်။ကမ္ဘာအနှံ့မှာဘောလုံးပွဲတွေ ကျင်းပနေတယ်။(တောမီးကို တောမီ… Read More

3 comments:

dahbo said...

တို့အထဲက တစ်ချို့အကောင်တွေဟာ
အပျိုရည်အမှေးပါးလို စုတ်လွယ်ပြဲလွယ်နဲ့ ဆိုတဲ့
ကဗျာနဲ့ ခေတ်ပေါ်ကဗျာလောကကို ဂယက်တွေရိုက်ခတ်စေတဲ့ ဆရာအောင်ဝေးရဲ့
ဂရုဏာ ကဗျာကို အမှတ်ရနေဆဲပါပဲ။
ကြာခဲ့ပြီဆိုပေမဲ့ ဒီကဗျာကို အလွတ်ရနေဆဲပါ။

ဂရုဏာ

လူးလွန့်လရောင် နာကျင်တွားသွား မြက်ခင်းစိမ်း
တစ်ချောင်းတစ်ရွတ်ဆွဲ မြေပြင်ပွတ်တိုက် မီးလျှံ
တစ်စက်တစ်စက်အံချ ၀ိညာဉ်အဖတ်အဖတ်
ကောင်းကင်လန့်အော်
လေညှင်းနားရွက်မခတ်ရဲ
ကြက်သေသေပုံ
ပင်လယ်ကို လက်နဲ့ဖိထားသလို
ရင်ဘတ်ကြီးတောင်ပြိုသံ တစ်ဝုန်းဝုန်းပေါ့
မြွေတစ်ကောင်အရေခွံလဲတဲ့ညမှာ
မိန်းမတစ်ယောက်ရဲ့ မျက်လုံးကို
ခတ်ခတ်ပြီး ယူနေတော့တယ်။ ။

dahbo said...

အသစ်...အသစ်တွေ ဆာလောင်ငတ်မွတ်နေကြတဲ့
ပရိသတ်တွေကို အသစ်တွေ ပေးလှည့်ပါဦး။
ကဗျာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေဖတ်ချင်ပါတယ်။

အသံအကြောင်း၊ နိမိတ်ပုံအကြောင်း၊ ခေတ်ပေါ်အာရုံ
ခံစားမှု အကြောင်းတွေ ဝေငှပေးပါဦးဆရာရယ်။

အထူးသဖြင့် ခေတ်ပေါ်ကဗျာရဲ့ ဒသန ဟာ ကဗျာတစ်ပုဒ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ရှာဖွေတွေ့ရှိ
နိုင်မလဲ စတာတွေပေါ့။

dahbo said...

ဆောင်းက ကဒါဖီရဲ့ တင့်ကားပျက်ထဲပါသွားရင်
ပါကိစ္စတန်ရဲ့သိက္ခာက
အိုစမာဘင်လာဒင်ရဲ့အလောင်းနဲ့အတူ
ပင်လယ်ထဲ မျောချခံရပြီပေါ့.....