Friday, April 8, 2011

မြွေပွေးကိုက်လို့မသေ၊ မြက်ရှောပတ်မှသေမယ့် မသာ


ဧရာဝတီက
ရေငတ်နေပြီ။

လွတ်လပ်ရေးကျောက်တိုင်ကြီးက
ထောင်ကျနေတယ်။

တပေါင်းလ ခမျာ
အကြောင်းမလှရှာဘူး။

ရန်ကုန် … တဲ့
ပြန်မဆုံတာကြာပြီ။

နောက်ထပ် ရှစ် လေးလုံးဖြစ်ဖို့ 
အနှစ်(၁၀၀)ကြာမယ်။ (၈-၈-၂၀၈၈)

ရန်သူက
အချိန်နဲ့ ဒီရေကိုမစောင့်ဘူး။

ခင်ဗျားတို့
ကိုယ့်တပ်ကိုယ် ပြန်နင်းမှာလား
ကိုယ့်ဇာတ်ကိုယ် ပြန်သိမ်းမှာလား

အမြန်စဉ်းစား
ပြန်စဉ်းစား
ရထားထွက်တော့မယ် မိတ်ဆွေ။ ။

(ဧပြီ ၆-၂၀၁၁)

Related Posts:

  • Aung Way - To Aung San Oo with Loveအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာဗိုလ်ချုပ်၏ သားဦးဦးအောင်ဆန်းဦးခင်ဗျာကျနော် ကဗျာဆရာ အောင်ဝေးရိုသေစွာ စာရေးလိုက်ပါတယ်။++++++++သားဦး အရူး တဲ့မြန်မာစကာ… Read More
  • မမခင်ဦးစံပယ်သို့ တမ်းချင်း - ၇ချီကာဂိုရောက်မှနေရောင်က ပိုတောက်ပ။မစ်ရှီဂန်မဲဇာမှာတော့ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့။မမခင်ဦးစံပယ်ရယ် …ရေကန်ကြီးတွေဝိုင်… Read More
  • poem from Moemakaပွဲရွေး ... ရွေး ... ပြီး ကောက်ပါကွယ်ဆွမ်းဆန်ထဲကြွက်ချေး ရောနေတယ်။ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်စားတော်ပဲဗန်းထဲစုန်းပြူး ပါနေတယ်။ရွေး ... ရွေး ...… Read More
  • poem on Pai Thaယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံယုန် တောင်ပြေး၊ ခွေး မြောက်လိုက် တဲ့ယုန် မြောက်ပြေးရင်၊ ခွေး တောင်လိုက်မလား။ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။မုန်လ… Read More
  • new year wishနှစ်သစ်ကူးဆုတောင်း၂၀၁၀ သည်မြစ်တစ်မြစ်ဖြစ်မယ်ဆိုရင်လည်းရေစီးသန်သောမြစ် ဖြစ်ပါစေ။၂၀၁၀ သည်မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင်လည်းဒုန်းစိုင်းနေသောမြင်း ဖြစ်ပါစေ။၂၀… Read More

0 comments: